အူမကြီးကင်ဆာကိုအချိန်မီ ကာကွယ်ကုသလိုက်ပါ။

အူမကြီးကင်ဆာကိုအချိန်မီ ကာကွယ်ကုသလိုက်ပါ။

အနှစ်ချုပ်

  • ကင်ဆာစစ်ဆေးဖို့ ကင်မရာကို အူမကြီးထဲထည့်သွင်းခြင်းအပြင် မျိုးရိုးဗီဇဆိုင်ရာစစ်ဆေးခြင်း နည်းလမ်း ဟာလည်း လူနာများရဲ့ ကင်ဆာဖြစ်ပွားနိုင်ခြေကိုသိရှိဖို့ တစ်ကမ္ဘာလုံးမှာသုံးလာကြတဲ့ အဓိကနည်းလမ်း ဖြစ်ပါတယ်။
  • မိသားစုမျိုးရိုးကိုလိုက်ပြီး နောက်မျိုးဆက်တစ်ခုမှာ အူမကြီးကင်ဆာဖြစ်နိုင်ခြေ (၁၀) ရာခိုင်နှုန်းရှိပါတယ်။
  • လက်ရှိကာလမှာ ကင်ဆာရောဂါအမျိုး(၃၀) ကိုဖြစ်စေဖို့ အဓိကအရေးပါ တဲ့ ဗီဇ(Genes) အမျိုး (၅၀) ကို စစ်ဆေးပေးနိုင်တဲ့နည်းလမ်းတွေရှိနေပြီဖြစ်ပါတယ်။

ဘယ်သူတွေမှာအူမကြီးကင်ဆာဖြစ်နိုင်ခြေအန္တရာယ်ရှိလဲ?

မိသားစုထဲမှာ အူမကြီးကင်ဆာ သို့မဟုတ် တခြားကင်ဆာရောဂါရာဇဝင်ရှိခြင်း ဟာ အူမကြီးကင်ဆာဖြစ်ပွားဖို့ အန္တရာယ်ရှိတဲ့ မျိုးရိုးဗီဇဆိုင်ရာအကြောင်းအရင်းတွေဖြစ်ပါတယ်။ အထူးသဖြင့် မိသားစုဝင်ထဲမှာ ရင်သားကင်ဆာ ၊ သားအိမ်ကင်ဆာ ၊ မမျိုးဥကင်ဆာ ၊ ဆီးလမ်းကြောင်းကင်ဆာ ၊ ပန်ကရိယက်စ်ကင်ဆာ ၊ သည်းခြေရည်ပြွန်ကင်ဆာ ဖြစ်ဘူးရင် ပိုပြီး ဖြစ်နိုင်ခြေရှိပါတယ်။ အမျှင်ဓာတ်စားသုံးမှုနည်းခြင်း(သို့မဟုတ်) အနီရောင်အသားစားသုံးမှုများခြင်း နဲ့ တခြား အူမကြီးရောဂါ ( ဥပမာ - အူရောင်ရောဂါ) များဟာလည်း အူမကြီးကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။ တခြားအခြေအနေတွေဖြစ်တဲ့ ဇီဝဓါတုပြောင်းလဲမှုဆ်ိုင်ရောရောဂါ(Metabolic Sydromes) ရှိသူများ (ဥပမာ- ဆီးချိုရောဂါ ၊ အဝလွန်ရောဂါ ၊ အသည်းအဆီဖုံးခြင်း ၊ ကိုလက်စ်ထရောမြင့်မားခြင်း ) ဟာလည်း အူမကြီးကင်ဆာဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

“ ဘဝနေထိုင်မှုပုံစံအပြောင်းအလဲတွေကြောင့် လူအများစုမှာ ဖိအားတွေများလာပြီး အနောက်နိုင်ငံတွေမှာလိုပဲ ရောဂါဘယတွေ ပိုဖြစ်လာကြပါတယ်။ ” လို့ ဆစ်မီတဝေ့ဆေးရုံရဲ့ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းအထူးကုဆရာဝန်ကြီး Dr.Pitulak Aswakul က အနောက်နိုင်ငံတွေရဲ့ အူမကြီးကင်ဆာဖြစ်ပွားနှုန်းကို ညွှန်းဆိုပြောကြားခဲ့ပါတယ်။ 

အူမကြီးကင်ဆာစစ်ဆေးမှုကိုဘယ်သူတွေပြုလုပ်သင့်သလဲ?

အသက်(၅၀)နှစ်အထက် ရှိသူများအားလုံး အူမကြီးကင်ဆာရောဂါ ရှိ မရှိ စစ်ဆေးသင့်ပါတယ်။ ဒါ့အပြင် အောက်ဖော်ပြပါအခြေအနေများ ရှိတဲ့ အသက် (၅၀)နှစ်အောက် အမျိုးသား အမျိုးသမီး အားလုံး အူမကြီးကင်ဆာ စစ်ဆေးသင့်ပါတယ်။

  • မိသားစုဝင်များထဲတွင်အူမကြီးကင်ဆာရောဂါရာဇဝင်ရှိသူများ
  • နာတာရှည်အူမကြီးရောင်ရမ်းခြင်းရောဂါရာဇဝင်ရှိသူများ
  • မိသားစုဝင်ထဲတွင်ကင်ဆာရောဂါရာဇဝင်တစ်ခုခုရှိသူများ

အူမကြီးကင်ဆာကိုကာကွယ်နိုင်တဲ့ကြိုတင်စစ်ဆေးမှုများ

ကျွန်တော်တို့ဟာ အူမကြီးအတွင်းရှိနေတဲ့ Polyps(ပုံမှန်မဟုတ်ဘဲကြီးထွားလာသောတစ်သျှူးများ) များနဲ့ သူတို့ရဲ့ ဖွံ့ဖြိုးကြီးထွားလာမှု ကို စစ်ဆေးခြင်းဟာ ကင်ဆာရောဂါ ကာကွယ်ရာမှာ အရေးကြီးတယ်ဆိုတဲ့အချက်ကို လုံလုံလောက်လောက် အလေးမထားကြပါဘူး။ “ အူမကြီးကင်ဆာ ကြီးထွားလာမှု ကို သတိထားရပါမယ် ။ (၇၀) ကနေ (၈၀) ရာခိုင်နှုန်းသော အူမကြီးကင်ဆာရောဂါ များက သေးငယ်တဲ့ Polyps လေးတွေကနေ စဖြစ်တာပါ။ ” လို့ Dr.Pitaluk က ပြောပါတယ်။

အူမကြီးထဲမှာ ကြီးထွားလာတဲ့ Polyp လေးတွေဟာ တဖြည်းဖြည်းချင်း အရွယ်အစား ကြီးလာပြီး (၃) နှစ်က နေ (၅)နှစ်အတွင်း ကင်ဆာအဖြစ် အသွင်းပြောင်းသွားပါတယ်။ ဒါပေမယ့် Polyp အားလုံး ကင်ဆာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒါကြောင့် Polyp တွေ ကင်ဆာအဖြစ်မပြောင်းလဲခင် သိရှိပြီး ဖယ်ရှားနိုင်မယ်ဆိုရင် အူမကြီးကင်ဆာကို ကာကွယ်နိုင်ပါတယ်။

အူမကြီးကင်ဆာအဆင့် ရင့် နေတဲ့ လူနာအရေအတွက်ကို လျှော့ချနိုင်ခဲ့ပြီးဖြစ်လို့ အူမကြီးကင်ဆာ စစ်ဆေးမှုတွေကို ကျေးဇူးတင်ရမှာပါပဲ။ အူမကြီးကင်ဆာဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအရမ်းများတဲ့သူတွေ အနေနဲ့ အသက်(၅၀) မတိုင်ခင်တည်းက စစ်ဆေးထားသင့်ပါတယ်။

အူမကြီးအတွင်းမှန်ပြောင်းဖြင့်ကြည့်ရှုခြင်း(Colonoscopy) ဟာ အူမကြီးကို စစ်ဆေးတဲ့ လုပ်ဆောင်မှု တစ်ခုဖြစ်ပါတယ်။ လုပ်ဆောင်မှုအတွင်း ဆရာဝန်တွေက အူမကြီးအတွင်းကြည့်မှန်ပြောင်း (Colonscope) ကို စအိုဝမှတစ်ဆင့် အူမကြီးတစ်ခုလုံးရဲ့အလျားအတိုင်း တောက်လျှောက် ထည့်သွင်း ကြည့်ရှုတာ ဖြစ်ပြီး ပျမ်းမျှအားဖြင့် မိနစ် (၂၀) မှ (၃၅) မိနစ်အထိ ကြာမြင့်ပါတယ်။ တကယ်လို့ ကြည့်ရှုချိန်မှာ Polyps တွေ့ခဲ့မယ်ဆိုရင် ပိုပြီးကြာမြင့်နိုင်ပါတယ်။ အဲဒီလုပ်ဆောင်မှုအတွင်းမှာပဲ Polyps တွေကို ဖယ်ရှားရတာကြောင့် ကြာမြင့်ရတာဖြစ်ပါတယ်။

 

ကင်ဆာစစ်ဆေးမှု(Oncogenetic Screening)ဖြင့် ကာကွယ်ကုသခြင်း

ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ Genes(ဗီဇ) ပေါင်း ၂၀၀၀၀ အနက် ၅၀၀ လောက်ဟာ ကင်ဆာဖြစ်ပွားမှုနဲ့ ဆက်စပ်နေပါတယ်။ အဆိုပါ ဆက်စပ်လျက်ရှိတဲ့ Genes ၅၀၀ ကို အဓိကအားဖြင့် အုပ်စု (၂) ခု ခွဲခြားနိုင်ပါတယ်။

  1. Oncogenes    : အဆိုပါ Genes တွေဟာ ဆဲလ်ဖွံ့ဖြိုးမှုနဲ့ ထိန်းချုပ်မရနိုင်တဲ့နေရာ(point) တစ်ခု ပြန်လည်ဖြစ်ပေါ်ခြင်းကို နှိုးဆွပေးတဲ့ Genes တွေဖြစ်ပါတယ်။ 
  2. Tumor Suppressor Genes : အဆိုပါ Genes တွေကတော့ ပျက်ဆီးသွားတဲ့ DNA တွေကို ပြန်လည်ပြင်ဆင်ပေးခြင်း ကိုအဓိကလုပ်ဆောင်ပြီး တစ်ဖက်မှာလည်း ဆဲလ် တစ်ဖန်ပြန်လည်ဖြစ်ပေါ် ခြင်း ကို နှေးကွေးသွားစေပါတယ်။

ကင်ဆာစစ်ဆေးခြင်း (Oncogenetic Screening) ဟာ ခေတ်မီတဲ့ ဆေးဘက်ဆိုင်ရာနည်းပညာ တစ်ခုဖြစ်ပြီး Precision Medicine ( လူနာတစ်ဦးချင်းစီအတွက်မျိုးရိုးဗီဇ ပြောင်းလဲမှု ၊ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံ စသဖြင့် တစ်ခုချင်းစီကို တိတိကျကျလေ့လာစစ်ဆေးမှု) ရဲ့ သတ်မှတ်ချက်များအတိုင်း လည်ပတ်လုပ်ဆောင်ပြီး ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ Precision Medicine ဟာ ယခင်ကထက်ပိုမိုအကျိုးရှိထိရောက်တဲ့ ကုသမှုများကို ရရှိနိုင်ဖို့အတွက် အသိပညာများကို လမ်းညွှန်ပေးပါတယ်။ အခြေခံအားဖြင့် ဒီနည်းလမ်းဟာ မျိုးရိုးဆိုင်ရာစစ်ဆေးမှုများမှ ရယူထားတဲ့ အချက်အလက်တွေကို အကျိုးရှိရှိအသုံးချတာဖြစ်ပါတယ်။ ဆရာဝန်တွေဟာ လူနာတစ်ယောက်ချင်း စီရဲ့ ကင်ဆာ ဖြစ်ပွားနိုင်ခြေကို ပိုပြီး ရှင်းရှင်းလင်းလင်းသိရဖို့ ဒီလိုစစ်ဆေးမှုတွေပြုလုပ်တာဖြစ်ပါ တယ်။ အကျိုးရလဒ်အဖြစ် လူနာအတွက် အထိရောက်ဆုံးဖြစ်မယ့် ကုသမှုအစီအစဉ်တွေကို  ကြိုတင်ပြင်ဆင်နိုင်ပါတယ်။

တခြားရောဂါအခြေအနေများအတွက်အသုံးပြုနိုင်တဲ့ Targeted Therapy(ပစ်မှတ်ထားကုထုံး)

Targeted Therapy(ပစ်မှတ်ထားကုထုံး) ဟာ အခြေအနေအကြောင်းအရင်း တစ်ချက်အတွက် မဟုတ်သလို ကုသမှုတွေကိုလည်း ကန့်သတ်မထားပါဘူး။ တကယ်တမ်းမှာ  ဒီကုထုံးကို ရောဂါကာကွယ်ဖို့သာမက ပြန်လည်ဖြစ်ပွားနိုင်မှု အခွင့်အရေးကိုလျှော့ချဖို့လည်း အသုံးပြုနိုင်ပါ တယ်။ ကင်ဆာဖြစ်ပွားမှုဟာ မျိုးရိုးလိုက်တတ်တာကြောင့် ၎င်းရဲ့အခြေခံအဆင့်မှာပဲ အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုက်ခြင်းက အကောင်းဆုံးပါပဲ။ ကင်ဆာဖြစ်ပွားနိုင်ခြေအန္တရာယ်ရှိသူများအတွက် ဒါဟာ အရေးအကြီးဆုံးလုပ်ဆောင်မှုဖြစ်ပါတယ်။ လက်ရှချိန်မှာ  Targeted Therapy (ပစ်မှတ်ထားကုထုံး) ဟာ အထိရောက်ဆုံး ကာကွယ်နိုင်တဲ့ လုပ်ဆောင်မှုဆိုတာ သံသယဖြစ်စရာမရှိ ပါဘူး။

 

Targeted Therapyဖြင့်ကုသမှုဟာဘေးထွက်ဆိုးကျိုးနည်းပါတယ်…

ဆရာဝန်တွေဟာ ကြီးထွားလာတဲ့ အူမကြီးကင်ဆာရောဂါကိုကုသဖို့ Targeted Therapy ကို အသုံးပြုနိုင်ပါတယ်။ ဒီကုထုံးမှာ ဆေးဝါးများမှတစ်ဆင့် ကင်ဆာဆဲလ်တွေကိုသာ သီးသန့်ပစ်မှတ်ထား တဲ့နည်းလမ်းဖြစ်လို့ လက်ခံနိုင်စရာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒီကုထုံးဟာ ခန္ဓာကိုယ်အတွက်တကယ်အသုံးဝင်တဲ့ ဆဲလ်တွေကို မပျက်စီးစေဘဲ ကင်ဆာဆဲလ်တွေ ကိုသာ တိုက်ရိုက် တိုက်ထုတ်တာဖြစ်ပါတယ်။ တစ်ခါတစ်လေ ကင်ဆာဆဲလ်တွေ ပျံ့နှံ့ သွားတဲ့ အခြေအနေများ အတွက် ဒီကုထုံးအသုံးပြုခြင်းဟာ အသင့်လျော်ဆုံးဖြစ်ပါတယ်။ ဘေးထွက်ဆိုးကျိုးသိသိသာသာနည်းပါးတာကြောင့် ကင်ဆာအထူးကုဆရာဝန်များက  ခီမိုဆေးသွင်း ခြင်းအစား Targeted Therapy ကို အသုံးပြုကြပါတယ်။

 

ယခုဆိုရင် Targeted Therapy(ပစ်မှတ်ထားကုထုံး)ကို ထိုင်းနိုင်ငံမှာရရှိနိုင်ပါပြီ။

ထိုင်းနိုင်ငံရဲ့ဆေးပညာနယ်ပယ်မှာ မကြာသေးခင်ကပဲ သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ခုအဖြစ် ကင်ဆာစစ်ဆေးခြင်း(Oncogenetic Screeninng) ကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုဆို ဒီစစ်ဆေးမှုအတွက် လူနာတွေဟာ နိုင်ငံခြားကို သွားစရာမလိုတော့ပါဘူး။ အနည်းဆုံး ကင်ဆာအမျိုးအစား (၃၀) ဖြစ်စေနိုင်တဲ့ အရေးအကြီးဆုံးဆဲလ် (၅၀) လောက်ကို စစ်ဆေးနိုင်ပါပြီ။ စစ်ဆေးမှုတွေကို အခြေခံပြီး ဆရာဝန်တွေအနေနဲ့ ကင်ဆာဖြစ်ဖို့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို သိနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် ဆရာဝန်တွေအနေနဲ့ နေထိုင်မှုပုံစံပြောင်းလဲမှုတွေကို လိုအပ်သလို အကြံပေးလမ်းညွှန်ပေးနိုင်ပြီဖြစ်တဲ့အပြင် နောင်လာမယ့် ကုသမှုတွေကိုလည်း တွေဝေမှုမရှိဘဲ ယုံကြည်စိတ်ချစွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။

ဆရာဝန်တွေဟာ အူမကြီးကင်ဆာကို ကနဦးအဆင့်မှာ သိနိုင်မှသာ ကုသပေးနိုင်မယ်ဆိုတာကို သိထားရပါမယ်။ ဒါကြောင့် ကင်ဆာဖြစ်န်ိုင်မှု အဆင့်ကို သိရဖို့ ကင်ဆာစစ်ဆေးခြင်းဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။  ဒီလိုစစ်ဆေးခြင်းဟာ အထိရောက်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါတယ်။

 

တိုးတက်လာတဲ့အူမကြီးကင်ဆာကုသမှုနည်းလမ်းအရအချိန်တိုအတွင်းပြန်လည်သက်သာလာခြင်း

အူမကြီးကင်ဆာအတွက် ဖြစ်နိုင်ခြေရှိတဲ့ကုသမှုတွေဟာ Minimall Invasive Surgery (ခက်ခဲမှုနည်းပြီးလွယ်ကူရိုးရှင်းသောခွဲစိတ်မှု) ပေါ်ပေါက်ချိန်ကတည်း က ရှိနေခဲ့တာပါ (ဥပမာ - Laparoscopy ခေါ် မှန်ပြောင်းဖြင့်ဝမ်းဗိုက်အတွင်းကြည့်ရှုခြင်း ) ။ မှန်ပြောင်းဖြင့်ဝမ်းဗိုက်အတွင်း ကြည့်ရှုရာမှာ Laparoscope လို့ ခေါ်တဲ့ ကိရိယာတစ်မျိုး (Salender Tube) ကိုသုံးပြီး ဝမ်းဗိုက်အတွင်းပိုင်းနဲ့ တင်ပါးဆုံရိုးအတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးတာဖြစ်ပါတယ်။ ဆရာဝန်တွေဟာ အတွင်းပိုင်း အခြေအနေတွေကို ပိုမိုရှင်းရှင်းလင်းလင်းသိရှိနိုင်ဖို့ ဝမ်းဗိုက်သားကို အနည်းငယ်ခွဲကြောင်းပေးပြီး အပေါက်ထဲမှထည့်ကာ ရောဂါရှာဖွေမှုနဲ့ တခြားမတူညီတဲ့ရောဂါပြဿနာ တွေကို ကုသမှုများကို လုပ်ဆောင်တာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင် လူနာတစ်ယောက် ခွဲစိတ်ကုသမှု(Open Surgery) လုပ်မယ်ဆိုင် အနည်းဆုံးနှစ်ပတ်လောက် ဆေးရုံတက်ရပါတယ်။ MIS ကုသမှုမှာတော့ လူနာဟာ ၃-၄ ညလောက်ပဲ ဆေးရုံမှာနေဖို့လိုပါတယ်။ မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသအပြီး ရက်သတ္တပတ်အနည်းငယ်လောက်ဆိုရင် လူနာဟာပုံမှန် လှုပ်ရှားလုပ်ဆောင်မှုတွေ လုပ်လို့ရပါပြီ။

 

ပြန်လည်သက်သာလာခြင်းနဲ့ရောဂါပြန်မဖြစ်အောင်ကာကွယ်ခြင်း

အူမကြီးခွဲစိတ်မှုပြုလုပ်ပြီး ရက်အနည်းငယ်အတွင်းမှာ လူနာတွေအနေနဲ့ အစာ မစားဖို့ အကြံပေးချင် ပါတယ်။ အဲဒီနောက် အရည် နဲ့ ပျော့တဲ့အစာများကို ဖြည်းဖြည်းချင်းစားနိုင်ပါပြီ။ အူမကြီးကင်ဆာ ကုသမှုခံယူပြီးသူများအနေနဲ့ အမျှင်ဓာတ်များစွာပါတဲ့အစားအစာများကို ချိန်ဆပြီးစား သုံးဖို့လည်း တိုက်တွန်းချင်ပါတယ်။ အစာအာဟာရ ဟာ ပြန်လည်သက်သာလာဖို့ အရေးပါတာ ကြောင့် စားသောက်မှုပုံစံကို ကန့်သတ်မထားပါဘူး။

အရင်က အူမကြီးကင်ဆာ စစ်ဆေးတွေ့ရှိဖူးသူတွေအနေနဲ့ အောက်ပါအချက်တွေဟာ ပြန်လည် ဖြစ်ပွားနိုင်မှုနှုန်းကိုလျှော့ချပေးပါတယ်။

  • Polypများရှိနေကြောင်းစောစောသိရတဲ့အတွက်စစ်ဆေးမှုများဆက်လက်ပြုလုပ်ခြင်း
  • ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
  • အရည်နှင့်အမျှင်ဓာတ်လွန်ကဲစွာစားသုံးမှုကိုထိန်းသိမ်းခြင်း ၊ အဆီနှင့်အသားစားသုံးမှု လျှော့ချခြင်း
  • ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခြင်း

အူမကြီးကင်ဆာအတွက်ထိရောက်သောကုသမှုများ

ကင်ဆာရောဂါအမျိုးမျိုးကိုကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကင်ဆာအမျိုးအစား နဲ့ သူ့ရဲ့ ကြီးထွားမှုအဆင့်ကိုလိုက်ပြီး ကုသမှုပုံစံလည်းပြောင်းလဲသွားပါတယ်။ ယေဘုယျကုသမှုနည်းလမ်းတွေကတော့ ခီမိုဆေးသွင်းခြင်း ၊ ဓာတ်ရောင်ခြည်ကုသမှု ၊ ကိုယ်ခံစွမ်း အားမြှင့်ကုထုံး ၊ ဟော်မုန်းကုထုံး နဲ့ ခွဲစိတ်ကုသခြင်းတို့ဖြစ်ပါတယ်။ အဲဒီကုထုံးတွေထဲက တချို့ကို ပေါင်းစပ်ပြီးကုသရတာလည်း ဖြစ်နိုင်ပါတယ်။

ခေတ်မီဆေးပညာနယ်ပယ်ထဲကစဉ်ဆက်မပြတ်တိုးတက်မှုများနဲ့အတူ ဆေးရုံအများအပြားဟာ ပစ်မှတ်ထားကုထုံး(Targeted Therapy) နဲ့ ကုသပေးနိုင်ပြီဖြစ်ပါတယ်။ ဒီကုသမှုဟာ အထူးသဖြင့် တစ်ဦးချင်းစီရဲ့ကင်ဆာဆဲလ်များအတွင်းမှ ငုပ်လျှိုးနေတဲ့ပြောင်းလဲမှုများကို ဦးတည်ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက် ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ ခန္ဓာကိုယ်အတွင်းပျံ့နှံ့နိုင်စွမ်းကို တုန့်ပြန်တိုက်ခိုက်ဖို့ ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အစစအရာရာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေ ဖြစ်ထွန်းစေတာကြောင့် Targeted Therapy ဟာ ခီမိုဆေးသွင်းခြင်းလို သမရိုးကျကုသမှုထက် စာရင် ဘေးထွက်ဆိုးကျိုးနည်းကြောင်း ဆရာဝန်တွေ သိရှိခဲ့ပြီးဖြစ်ပါတယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် Targeted Therapy ဟာ ကင်ဆာရောဂါအမျိုးမျိုးကို ကုသပေးနိုင်တဲ့အပြင် အသက်အရွယ်မရွေးဘဲ လူနာတွေအတွက် သင့်လျော်တဲ့ကုသမှုနည်းလမ်းပင်ဖြစ်ကြောင်း ဆိုချင်ပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။