အသည်းရောင်အသားဝါ A နဲ့ B ကာကွယ်ဆေးဖြင့် တားဆီးမည်

အသည်းရောင်အသားဝါ A နဲ့ B ကာကွယ်ဆေးဖြင့် တားဆီးမည်
  • အသည်းရောင်အသားဝါရောဂါ ဆိုတာ အသည်းရဲ့လုပ်ငန်းဆောင်တာတွေအပေါ်မှာသာ သက်ရောက်တာ တင်မက မကုဘဲထားလိုက်ရင် အသည်းကို နာတာရှည် အသည်းရောင်ရမ်းမှုကနေတစ်ဆင့် အသည်းကင်ဆာအထိ ဖြစ်သွားနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။
  • အသည်းရောင်အသားဝါ A အမျိုးအစားကတော့ မသန့်ရှင်းတဲ့အစားအသောက်တွေ၊ ပစ္စည်းတွေကနေ တစ်ဆင့် ကူးစက်ခံရတတ်ပြီး သေသေချာချာမကုသပါက အသည်း ပျက်စီးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။
  • အသည်းရောင်အသားဝါ A အတွက်ကာကွယ်ဆေးကတော့ ထိုးထားတဲ့သူရဲ့ သက်တမ်းတစ်လျှောက် ဒီရောဂါကို ရာနှုန်းပြည့်နီးနီး ကာကွယ်ပေးထားနိုင်ပါတယ်။

အသည်းရောင်ရောဂါဗိုင်းရပ်စ်ပိုးဟာ အသည်းကို ရောင်ရမ်းလာစေပါတယ်။

A, B, C, D, E စသည်ဖြင့် သူတို့ ဘယ်လိုးကူးစက်တတ်သလဲ ဆိုတာနဲ့ ခန္ဓာကိုယ် အပေါ်မှာ ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာပေါ် မူတည်ပြီး အမျိုးအစား အမျိုးမျိုး အုပ်စုခွဲထားပါတယ်။   အသည်းဟာ ရောင်ရမ်းလာရုံသာမက သူ့ရဲ့ လုပ်ငန်းဆောင်တာ တွေကိုလည်း ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ပျက်စီးသွားတာဖြစ်ပါတယ်။ သေသေချာချာ ကုသပေးမှု မလုပ်ဘူးဆိုရင် အသည်းရောင်တာကတစ်ဆင့် အသည်းခြောက်လာကာ အသည်းကင်ဆာ ဖြစ်မယ့်လမ်းကို ဦးတည်ပါလိမ့်မယ်။

အသည်းရောင် A ပိုး

အသည်းရောင် A ကာကွယ်ဆေး

အသည်းရောင် A ကာကွယ်ဆေး ထိုးနှံထားသင့်သူများ

အသည်းရောင် B ပိုး

B ပိုး ဆိုတာကတော့ အသည်းရောင်ရောဂါ အမျိုးအစား B ဗိုင်းရပ်စ်ပို (HBV) ကူးစက်ခံရတာကို ဆိုလိုပါတယ်။ သူ့ရဲ့ စိုးရိမ်စရာကောင်းတာကတော့ သေသေချာချာ ကုသမှု မခံယူဘူးဆိုရင် အသည်းရောင်ရမ်းတာ၊ အသည်းပျက်စီး သွားတာ၊ အဲဒီနောက် အသည်းခြောက်သွားပြီး အသည်းကင်ဆာဖြစ်တာမှာ အဆုံးသတ်တာပါပဲ။  မွေးဖွားခြင်း၊ ရောဂါပိုး ကူးစက်ခံထားရတဲ့ သွေးနဲ့ ထိတွေ့ခြင်း၊ ရောဂါရှိသူရဲ့ ဒဏ်ရာနဲ့ ထိတွေ့ခြင်း စတာတွေကနေတစ်ဆင့် ကူးစက်ခံရတာ ဖြစ်ပါတယ်။ လိင်မှုကိစ္စ၊ ထိရှတတ်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေဖြစ်တဲ့  ဆေးထိုးအပ်၊ မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံ စတာတွေကို မျှဝေသုံးစွဲတာ စတာတွေကနေတစ်ဆင့်လည်း B ပိုး ဆိုတာကို ကူးစက် ခံရနိုင်ပါတယ်။

B ပိုး ကာကွယ်ဆေး

B ပိုး ကာကွယ်ဆေးဟာ အသည်းကင်ဆာ မဖြစ်ပွားအောင် ကာကွယ်ပေးတာမို့ B ပိုး ကာကွယ်ဆေးကို ပထမဆုံး ကင်ဆာကာကွယ်ဆေးလို့တောင် ဆိုကြပါတယ်။  အသည်းရောဂါများရဲ့ ၈၀% ကို ကာကွယ်ပေးနိုင်ပါတယ်။ တကယ်တော့ အသည်းကင်ဆာဆိုတာ သေဆုံးမှု အများဆုံး ကင်ဆာနယ်ပယ်မှာ ဒုတိယ လိုက်ပါတယ်။

B ပိုးကာကွယ်ဆေးကို အသည်းရောင် B အမျိုးအစားရောဂါကို ဖြစ်ပွားစေတဲ့  HbsAg ဗိုင်းရပ်စ် ဆဲလ်တွေရဲ့ ပရိုတိန်းကနေ တစ်ဆင့် ထုတ်လုပ်ပါတယ်။ ဒီဆေးကို ပမာဏတစ်ခု ထိုးသွင်းပေးလိုက်ခြင်းဖြင့် B အမျိုးအစားရောဂါ ကို ခံနိုင်ရည် ရှိစေတဲ့ ပဋိပစ္စည်းတွေကို ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပေးပါတယ်။ မွေးမွေးချင်း ထိုးပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူများနည်းတူ ၃ ကြိမ် ပြည့်အောင် ထိုးရမှာ ဖြစ်ပါတယ်။ ပထမတစ်လုံးထိုးပြီး ၁ လ အကြာမှာ ဒုတိယတစ်လုံးကို ထိုးရမှာ ဖြစ်ပါတယ်။ ဒုတိယ တစ်လုံးထိုးပြီး ၅ လအကြာမှာ တတိယအကြိမ် ထိုးရပါမယ်။

B ပိုး ကာကွယ်ဆေး ၃ ကြိမ်လုံးပြည့်စုံအောင် ထိုးနှံပြီးတဲ့ လူတစ်ယောက်ဟာ  တစ်သက်တာအတွက် ဒီရောဂါကို ၉၇% အထိ အကာအကွယ် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ၃ ကြိမ် ပြည့်အောင်ထိုးပြီး ၁ လမှ ၂ လအတွင်း မှာ ထိုးထားတဲ့ ကာကွယ်ဆေး အောင် မအောင် သိရအောင် သွေးဖောက်စစ်ဆေးကြည့်ရမှာ ဖြစ်ပါတယ်။ မအောင်ဘူးဆိုရင် ထပ်တိုး ကာကွယ်ဆေးတွေ ထိုးဖို့ လို မလို စဉ်းစားရမှာ ဖြစ်ပါတယ်။

B ပိုး ကာကွယ်ဆေး ထိုးနှံထားသင့်သူများ

  • မွေးကင်းစကလေးလေးတွေ၊ မွေးမွေးချင်းတုန်းက မထိုးဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်ကလေးတွေ၊
  • ဆရာဝန်တွေအပါအဝင် ဆေးရုံမှာ အလုပ်လုပ်နေပြီး B ပိုး ကူးစက်နေသူများနဲ့ ထိတွေ့ ဆက်ဆံနေရတဲ့ ဝန်ထမ်းတွေ၊
  • အသည်းဆိုင်ရာ နာတာရှည်ရောဂါ ခံစားနေရသူတွေ၊
  • ကျောက်ကပ်ဆေးနေရတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေ၊
  • ပုံမှန်သွေးသွင်းကုသမှု ခံယူနေရသူတွေ၊
  • အကြောထဲကို တရားမဝင်တားမြစ်ဆေးဝါးတွေ ထိုးသွင်းနေသူတွေ၊
  • B ပိုး ကူးစက်ပျံ့နှံ့တတ်တဲ့ ဒေသတွေကို ခရီးထွက်မယ့်သူတွေ၊
  • လိင်မှုကိစ္စမှာ ဆက်ဆံဖက် များတဲ့သူတွေနဲ့ မကြာခဏ လိင်မှုဆိုင်ရာအဖော်အပြောင်းအလဲလုပ်တတ်တဲ့သူတွေ စတဲ့ အန္တရာယ်ရှိတဲ့ အုပ်စုမှာ ပါဝင်တဲ့သူတွေ အစရှိတဲ့သူတွေဟာ B ပိုး ကာကွယ်ဆေးကို ကြိုတင် ထိုးနှံထားသင့်ပါတယ်။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် အသည်းရောင်ရောဂါပိုးအမျိုးမျိုးဟာ တစ်ခုနဲ့ တစ်ခု သိသိသာသာ ကွဲပြားခြားနား ကြပြီးတော့ ကာကွယ်ဆေးတွေဆိုတာကလည်း သက်ဆိုင်ရာ ပိုးတစ်မျိုးစီကိုသာ ကာကွယ်ပေးနိုင်တဲ့အတွက် လူတစ်ယောက်ဟာ သူ့ရဲ့ အခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ ကာကွယ်ဆေးကို ရွေးချယ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ကံကောင်းတာတစ်ခုက အခုဆိုရင် အသည်းရောင် A ရော B ကို ပါ ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေ ရရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် မိမိ သက်ဆိုင်ရာ ဆရာဝန် ဒါမှမဟုတ် ဆေးရုံနဲ့ တိုင်ပင်ပြီး ဒီလို ကာကွယ်ဆေးမျိုးကို ရှာဖွေ ထိုးနှံထားကြပါလို့ အကြံပြုတိုက်တွန်း ရေးသားလိုက်ရပါတယ်။

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။