အစာလျှော့စားနည်း ၁၀မျိုး

အစာလျှော့စားနည်း ၁၀မျိုး

သင့်ရှေ့မှာ မိသားစုတစ်စုလမ်းဖြတ်လျှောက်သွားတယ် ဆိုကြပါစို့။ အဲ့ဒီအချိန်မှာ သင်သတိထားမိတာတစ်ခုရှိပါသလား? ဘာကြောင့် မိသားစုဝင်အာလုံးနီးပါးက ဝနေပြီး ဘာကြောင့်မိသားစုဝင်အားလုံးနီးပါးကပိန်နေရတာလဲ? ဒီလိုဖြစ်ရတဲ့အကြောင်း အရင်းများစွာရှိပါတယ်။ အဲ့ဒီအရေးကြီးတဲ့အချက်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့အချက်အလက်များပဲဖြစ်ပါတယ်။ အကယ်၍သင့်မိသားစုက အစားစားရန်အလွန်တိုက်တွန်းတတ်တယ် ဆိုရင်သင်ဝလာရန် အလွန်လွယ်ကူပါတယ်။တစ်ဆက်တည်းမှာပဲ အကယ်၍သင့်မိသားစုက အစားနည်းတယ်ဆိုရင် အစာစားဖိုသိပ်မတိုက်တွန်းဘူးဆိုရင် သင်ဝိတ်ကျဖို့အလွန်လွယ်ကူပါလိမ့်မယ်။

၁) တီဗွီကိုထမင်းစားခန်း အရှေ့မှာမထားပါနဲ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့ပြဿနာများထဲမှတစ်ခုဖြစ်ပါတယ်။ အဝလွန်သူများဟာ မိမိအစာစားသုံးနေခြင်းကို သတိမထားမိလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒါကို Mindless Eating လို့ခေါ်ပါတယ်။ ဆိုလိုရင်းမှာ ကိုယ်သတိမထားမိပဲ အစာစားသုံးနေခြင်းဖြစ်ပါတယ်။ တီဗွီကြည့် ရင်းအစာစားခြင်း ဟာ အဝလွန်ခြင်းကို အားပေးသော အမူအကျင့်တစ်ခုဖြစ်တဲ့အတွက် အထူးသတိပြုရှောင်ရှားသင့်ပါတယ်။ ဒါကြောင့်အစာစားတော့ မည်ဆိုရင် တီဗွီပိတ်ပြီး အစားကိုဖြည်းဖြည်းဝါးကာ စားသုံးသင့်ပါတယ်။ ဒါဟာ သင့်ကို အစာအနည်းငယ်သာစားဖို့ကူညီပါလိမ့်မယ်။

၂) ပန်းကန်ခွက်အသေးကိုအသုံးပြုပါ။ သုတေသနပြုချက်အရ မိမိအသုံးပြုသောပန်းကန်ခွက်ပမာဏဟာ မိမိစားသုံးမည့် အစာ၏ပမာဏအနည်းအများကိုများစွာအကျိုးသက်ရမှုရှိပါတယ်။

၃) တူအသုံးပြုပါ။ တူဖြင့်အစာစားသုံးခြင်းဟာ အစာစားခြင်းကိုကြန့်ကြာစေကြောင်းတွေ့ရှိရတယ်။ ထို့ အပြင်ဇွန်း၊ ခက်ရင်းဖြင့်စားသုံးခြင်းဟာလည်း မိမိစားသုံးမည့်အစာ၏ပမာဏကိုနည်းစေပါတယ်။

၄) ရေခဲသေတ္တာထဲတွင်အချိုရည်များမထားရှိခြင်း။ သင်ဝိတ်ကျလိုပါက အချိုရည်သောက်သုံးခြင်း၊ သကြားရည်များ သော သစ်သီးဖျော်ရည်များနှင့်လက်ဖက်ရည်များ ရေခဲသေတ္တာထဲတွင်ထား ရှိခြင်းကို ကန့်သတ်ထားပါ။ ဤကဲ့သို့အချိုရည်အမျိုးအစားများဟာ သကြားဓါတ်များစွာပါရှိခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

၅) မီးဖိုချောင်တွင် အသင့်စားသုံးနိုင်သောခေါက်ဆွဲခြောက်များမထားရှိခြင်း။ လူတော်တော်များများက ရေကြီးတဲ့အချိန်တွေမှာ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များ ရှိသင့်တယ်လို့ ထင်ကြတယ်။ ထို့အပြင် လူတော်တော်များက ညဘက်ဗိုက်စာတဲ့အချိန်မှာ အသင့်စားသုံးသော ခေါက်ဆွဲခြောက်များကို စားသုံးကြလေ့ ရှိပါတယ်။ အသင့်စားသုံးရန်ခေါက်ဆွဲခြောက်များကို မဝယ်တာ အကောင်းဆုံးပဲဖြစ်ပါတယ်။

၆) ရေခဲသေတ္တာထဲတွင်သစ်သီးဝလံများထားရှိခြင်း။ သစ်သီးဝလံ သို့မဟုတ် ဟင်းသီးဟင်းရွက်များ ဥပမာ မုန်လာဥနီ နှင့် ခရမ်းချဉ်သီး။ သစ်သီးဝလံများစားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင်လိုအပ်သော ဗီတာမင်နှင့် အမျှင်ဓါတ်များရရှိသောကြောင့်ကျန်းမာရေးနှင့်လဲညီညွှတ်စေပါတယ်။

၇) အိမ်တွင်း အားကစားအသုံးပြုလုပ်ရန် လွယ်ကူသောအားကစားပစ္စည်းများထားခြင်း။ Hula hoop (ခါးလှည့်တဲ့အကွင်း)၊ ကြိုးခုန်ကြိုး၊ အပြေးဖိနပ်များအိမ်တွင်ထားရှိသင့်ပါတယ်။ ဤကဲ့သို့ လွယ်ကူသောအားကစားပစ္စည်းများ ဟာ စျေးသက်သာ ပြီးလွယ်ကူရိုးရှင်း သောကြောင့် အိမ်တွင်ထားရှိသင့် ပါတယ်။ ရာသီဥတုကောင်းသောအချိန်တွင် အပြေးဖိနပ် ကိုစီးကာ လမ်းလျှောက်ခြင်း သို့မဟုတ် ပြေးခြင်းကိုပြုခြင်းသော်လည်းကောင်းအိမ်အနီးအနားတွင် ဆောင်ရွက်နိုင်ပါတယ်။ ချွေးထွက်စေရန်နှင့် စွမ်းအင်လောက်ကျွမ်းစေရန် ကြိုးခုန်ကြိုးဖြင့် အိမ်တွင်လည်းကြိုး ခုန်ခြင်း ပြုလုပ်နိုင်ပါတယ်။ သို့မဟုတ် တီဗွီကြည့်ရင်း Hula Hoop ကို အသုံးပြုကာ ကယ်လိုရီများလောင်ကျွမ်း စေရန်ပြုလုပ်နိုင်ပါတယ်။

၈) အိမ်ကိုသန့်ရှင်းအောင်ထားပါ။ အိမ်တိုက်ခြင်း၊ တံမျက်စီးလှည်းခြင်း၊ ကြမ်းပြင်အားဖုန်စုပ်စက်ဖြင့် စုပ်ခြင်း၊ အမှိုက်များကိုအိမ်ပြင်တွင်ထားရှိခြင်းကို အိမ်သန့်ရှင်းစေရန် ပုံမှန်ဆောင်ရွက်သင့်ပါတယ်။ ထို့အပြင် ဤကဲ့သို့ဆောင်ရွက် ခြင်းဟာလည်း အိမ်ကိုသန့်ရှင်းသပ်ရပ်စေသည့်အပြင် သင့်ရဲ့ကယ်လိုရီကိုလည်းလောင်း ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့်သင့်ရုံးပိတ်ရက်သို့မဟုတ်အားလပ်ရက်များတွင် အိမ်သန့်ရှင်းခြင်းဆောင်ရွက် သင့်ပါတယ်။

၉)  တီဗွီကြည့်ကိုစည်းကမ်းဖြင့်ကြည့်ခြင်း။ သုတေတနများအရ နာရီပေါင်းများစွာတီဗွီကြည့်ခြင်း သို့မဟုတ် ကွန်ပြူတာရှေ့တွင်ထိုင်ခြင်းဟာ အဝလွန်ခြင်းဖြစ်စေနိုင်ပါတယ်။ တီဗွီကြည့်ခြင်းကိုစွဲလမ်းနှစ်ခြိုက်ခြင်းနှင့် အိမ်ယာသို့နောက်ကျဝင်ခြင်းဟာ အဝလွန်ခြင်းကို အလွန်အားပေးပါတယ်။ဒါကြောင့်တီဗွီကြည့်ခြင်းကိုစည်း ကမ်းထားသင့်ပါတယ်။ ဥပမာအားဖြင့် တစ်နေ့နှစ်နာရီခန့်

၁၀) မိမိစိတ်ကို နိုးဆော်သော ဆောင်ပုဒ်များ အိမ်တွင်ကပ်ထားခြင်း။ အမေရိကန်သမ္မတဟောင်း၏ဇနီး မီရှယ်အိုပါးမာက "ဝိတ်ချဖို့ သူမစိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့အခါမှာ သူမစိတ်ကိုအားတတ်စေမည့် ဆောင်ပုဒ်များကို သူမရဲ့ရေခဲသေတ္တာ၊မီးဖိုချောင် နှင့် ကွန်ပြူတာ တွင်ကပ်ထားခြင်းက သူမရဲ့  ကျန်းမာရေးကိုများစွာအထောက်အကူပြုကြောင်း" ပြောခဲ့ဖူးပါတယ်။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။