သားသားမီးမီး သနားစရာ ကျောပိုးအိတ်က ပေးတဲ့ ဝေဒနာ

သားသားမီးမီး သနားစရာ ကျောပိုးအိတ်က ပေးတဲ့ ဝေဒနာ
  • လေးလံတဲ့ ကျောပိုးအိတ်ကြီးကို နှစ်ရှည်လများ လွယ်ပိုးထားရခြင်းကြောင့် ကိုယ်နေဟန်ထား ပျက်ယွင်းရမှု တွေထဲမှာ  ကျောရိုးကြီး ဒီဂရီအတိုင်းအတာတစ်ခုအထိ ဘေးတိုက်စောင်းကွေးသွာတာ၊ ခါးကုန်းဖြစ်သွားတာ အပြင် အခြား ကျောရိုးဆိုင်ရာ ဖွဲ့စည်းပုံပျက်ယွင်းသွားတာတွေဟာ တစ်သက်လုံးမဟုတ်တောင် အချိန်အတော် ကြာကြာ ခံစားနေရမှာပါ။
  • တာရှည်ခါးနာခြင်းဟာလည်း ဒီ အလွန်လေးလံတဲ့ ကျောပိုးအိတ်ကြီးတွေကို အမြဲလွယ်ခဲ့ကြရလို့ပဲ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားတွေ ကျောပိုးအိတ်အကြီးကြီး အလေးကြီးတွေ ကျောမှာပိုးပြီး သွားလာနေကြတာ မြင်နေကျ မြင်ကွင်းတစ်ခုပါ။ ကျောင်းစာအုပ်တွေအကုန်လုံး လိုအပ်လို့ သယ်နေကြရတာဆိုတော့လည်း ဘာမှ မတတ်နိုင်ပေမယ့် ဒီအလေးကြီးကို နေ့တိုင်းသယ်ပိုးနေရခြင်းအားဖြင့် ခါးနာတာတင်မကဘဲ ကျောရိုး စောင်းသွားတာတို့ ဘာတို့ စတဲ့ ကျောရိုးဆိုင်ရာ ပုံသဏ္ဌာန်ပျက်ယွင်းမှုတွေ ဖြစ်လာပါတယ်။

ကလေးတွေဟာ တစ်ရက်ကို စာသင်ချိန် ၈ ချိန် ရှိပါတယ်။ ဆိုလိုတာက သူတို့ဟာ အနည်းဆုံးဘာသာရပ် ၈မျိုး အတွက် စာအုပ်တွေကို သယ်နေကြရပါတယ်။ ပုံနှိပ်စာအုပ်တွေ၊ မှတ်စုတွေ၊ ကျူတိုရီယယ်စာအုပ်တွေနဲ့ အခြား လိုအပ်တဲ့ စာအုပ်တွေ ပါဝင်ပါတယ်။ အကျိုးဆက်ကတော့ ကြာလာရင် ခါးနာတတ်တဲ့ အကျင့်ကလေး ဖြစ်လာတာပါပဲ။ ယောက်ျားလေးတွေထက်စာရင် မိန်းကလေးတွေက ပိုဖြစ်ကြတယ်။ ကျောပိုးအိတ်အလေးကြီးကိုလွယ်လိုက်တော့ ဝိတ်က နောက်ကို လန်နေရော၊ အဲဒီတော့ နောက်ပြန်လန် မလဲစေဖို့ ခေါင်းကို ရှေ့စိုက်ပြီး ကိုယ်ကို ကိုင်းထားရတယ်။ အဲဒါက သဘာဝမကျတဲ့ ကိုယ်နေဟန်ထားကို ဖြစ်သွားစေပါတယ်။

အဲဒီကျောပိုးအိတ်ကြီးတွေကို တစ်နေ့လုံး လွယ်မထားရတာပဲ ကျေးဇူးတင်ရအုန်းမယ်။ သူတို့ရဲ့ ဖွံ့ဖြိုးမှုကို အနည်းနဲ့အများ ထိခိုက်ပါတယ်။ အရမ်းလေးတဲ့ ဝိတ်ကြီးတွေကြောင့် ခါးကုန်းတာတို့ ခါးကောက်ကောက်ကြီး ဖြစ်သွားတာတို့ စတာတွေဟာ အစကတည်းက ဒီလိုချွတ်ယွင်းမှုမျိုးမရှိတဲ့ ကလေးဆိုရင်တောင် အချိန်အတိုင်းအတာ တစ်ခုအထိ ဒီဝေဒနာကို ခံစားနေရမှာပါပဲ။ ဆိုလိုတာက ကလေးမှာ ဒီ ချွတ်ယွင်းချက်ကလေး အစကတည်းက ရှိနေမယ်၊ မိဘကလည်း သတိမထားမိဘဲ အိတ်အလေးကြီးကို နေ့စဉ်ပေးလွယ်မယ်ဆိုရင် အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ခါးရိုးကောက်တာတို့၊ ခါးကုန်းဖြစ်သွားတာတို့၊ ကွေးကွေးကြီးဖြစ်နေတာတို့ စတာတွေဟာ ဒီအိတ်အလေးကြီးကြောင့် ပိုဆိုးသွားတော့မှာပေါ့။

ဒီကနေ့မှာတော့ ကလေးတွေကို ကိုယ့်အားကိုယ်ကိုးတတ်အောင် ကိုယ့်ပစ္စည်း ကိုယ့်ဟာကိုယ် သယ် ဆိုပြီး ၀န်နဲ့အား မမျှဘဲနဲ့တော့ ပစ်မထားသင့်ပါဘူး။ ဒါလေးကို ဂရုတစိုက်နဲ့ အလေးထားစေချင်ပါတယ်။ တစ်ချို့မိဘတွေဟာ သားသမီးတွေ နေ့စဉ်လွယ်နေရတဲ့ ကျောပိုးအိတ်ဟာ ဘယ်လောက်လေးသလဲဆိုတာ သိ ကို မသိ ကြတာပါ။ ကလေးက ခါးနာတယ် ပြောလာရင်တောင် ကျောပိုးအိတ်ကြောင့်လို့ မထင်ကြပါဘူး။ တစ်ချို့ကလည်း ဂရုမစိုက်တာ၊ တစ်ချို့ကတော့ လုံးဝကို မသိတာပါ။

လွယ်ရမယ့်ကျောပိုးအိတ်ရဲ့ အလေးချိန်ဟာ သူ့ကိုယ်အလေးချိန်နဲ့ သူ့အရွယ်အစားအပေါ်မှာ မူတည်ပါတယ်။ မူလတန်းကလေးတစ်ယောက်ရဲ့ ကိုယ်အလေးချိန်ဟာ ၃၀ – ၄၀ ကီလိုဂရမ်အတွင်းမှာရှိရင် သူ့ကျောပိုးအိတ်ဟာ ၂ ကီလိုထက် ပို မလေးသင့်ပါဘူး။  ခုတော့ သူတို့ဟာ ၅ ကီလိုလောက်ကို နေ့စဉ်နဲ့အမျှ သယ်ပိုးနေကြရရှာပါတယ်။ ဒါဟာ ကလေးရဲ့ကျန်းမာရေးအပေါ်မှာ အနုတ်လက္ခဏာဆောင်တဲ့ ဂယက်တွေ ရိုက်ခတ်စေပါတယ်။ မိဘတွေအနေနဲ့ ဒီကိစ္စ အပေါ်မှာ အလေးထားစဉ်းစားကြဖို့ အခု အရေးကြီးလာပြီ ဖြစ်ပါတယ်။ ကျောင်းတွေအနေနဲ့ကလည်း သူတို့ လွယ်ရတဲ့ဝန်ကို ပေါ့သွားစေဖို့ တစ်ချို့ စာအုပ်တွေကို ကျောင်းမှာ ထားခဲ့ဖို့ စီစဉ်ပေးတာမျိုး ဖြစ်ဖြစ် တစ်ခုခု လုပ်ပေးသင့်ပါတယ်။ ကျောပိုးအိတ်ဝေဒနာကြောင့် သားသားမီးမီးတို့ သနားစရာ ဘဝက လွတ်မြောက်အောင် မိဘရော၊ ဆရာရော၊ ကျောင်းရော၊  ပညာရေးစနစ်ကြီးရော စုပေါင်းပြီး တစ်ခုခု လုပ်ပေးသင့်လှပါကြောင်း လေးနက်စွာ အကြံပြု တင်ပြလိုက်ရပါတယ်။

For Medical Inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်းအမျိုးအစား*
မေးခွန်းအမျိုးအစား*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။