သတိပေးမှု ဤ ၆ ခု ဂရုစိုက်ပါ ရင်သားကင်ဆာ

သတိပေးမှု ဤ ၆ ခု ဂရုစိုက်ပါ ရင်သားကင်ဆာ

အနှစ်ချုပ်

  • နာသည်ဖြစ်စေ မနာသည်ဖြစ်စေ၊ အမျိုးသမီးတစ်ယောက်ဟာ သူ့ရင်သားမှာ ဒါမှမဟုတ် ချိုင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ အကြိတ်အဖုကလေးတစ်ခုခု စမ်းမိပြီဆိုတာနဲ့ ဆရာဝန်နဲ့ အမြန်ဆုံး စမ်းသပ်စစ်ဆေး ရောဂါရှာဖွေပြီး လိုအပ်တဲ့ကုသမှုကို အဆောတလျင် ခံယူသင့်ပါတယ်။
  • အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာရက်တွေ ကုန်ဆုံးတဲ့အချိန်မှာ ရင်သားတွေကို စမ်းသပ်စစ်ဆေး သင့်ပါတယ်။

“ကင်ဆာ” ဆိုတာ သေမင်းရဲ့ တမာန်တော်ဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အမျိုးသမီးအများစုမှာ အထူးသဖြင့်

“ရင်သားကင်ဆာ” ရဲ့ ထိုးနှက်တိုက်ခိုက်မှုကို ခံစားနေကြရပါတယ်။ ထိုင်းအမျိုးသမီးထု အတွင်းမှာလည်း အလားတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရင်သားကင်ဆာကို စောစီးစွာသိရှိပြီး ကနဦး အဆင့်မှာ အုပ်မိရင် လုံး၀ပျောက်ကင်းအောင် ကုသလို့ ရနိုင်ပါတယ်။

ရင်သားကင်ဆာဝေဒနာရှင်တွေဟာ အစောပိုင်းကာလတွေမှာ မည်သည့် လက္ခဏာကိုမှ သိသိသာသာ ခံစားရလေ့ မရှိပါဘူး။ ရင်သားမှာ ချိုင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ အဖုကလေး အကြိတ်ကလေး စမ်းမိ တတ်တာကလွဲလို နာကျင်နေမှုလည်း မရှိတတ်ပါဘူး။ အမျိုးသမီးတွေက ဒါမျိုးလေးတွေကို ပစ်ထားလေ့ ရှိပါတယ်။ ဒီလို ဂရုမစိုက်မှုလေးတွေကြောင့် ကင်ဆာဟာ ရင်သားမှာ အမြစ်တွယ်ခွင့်ရသွားပြီး ကုသမှု မပေးနိုင်ခင်မှာဘဲ ကင်ဆာအဆင့်တွေ မြင့် မြင့် သွားတော့မှာဖြစ်ပါတယ်။ ကင်ဆာနောက်မှ ကုသမှုက လိုက်ရတယ်ဆိုရင် အောင်မြင်နိုင်တဲ့ အခွင့်အလမ်းတွေအပေါ်မှာ သက်ရောက်မှု အနည်းနဲ့ အများ ရှိနိုင်မှာ ဖြစ်ပါတယ်။

Who Should Be Screened

General Population (Moderate Risk)

  • Women aged 40 and above should start mammogram screening every 1–2 years.
  • Women aged 50–74 should have regular mammograms every 2 years.
     

Other High-Risk Groups

Women with the following risk factors should start screening from the age of 25–30, and may also require supplemental MRI:

  1. Having a first-degree relative (mother, sister, daughter) diagnosed with breast or ovarian cancer.
  2. A first-degree relative who tests positive for BRCA1 or BRCA2 gene mutation.
  3. A history of radiation therapy to the chest area between ages 10–30, such as for lymphoma treatment.
  4. A history of prolonged estrogen use, such as in transgender women or postmenopausal hormone replacement therapy (HRT).
  5. A personal history of breast cancer.
  6. A previous biopsy showing high-risk lesions such as Atypical Ductal Hyperplasia (ADH) and Lobular Carcinoma in Situ (LCIS).

Other Risk Factors

  • History of certain benign breast lesions found to carry risk, such as Atypical Ductal Hyperplasia (ADH) and Lobular Carcinoma in Situ (LCIS).
  • Regular alcohol consumption increases risk by approximately 7–10% per drink per day.
  • Obesity, especially after menopause, increases estrogen levels, which can stimulate breast cancer cells.
  • Physical inactivity or a sedentary lifestyle.

 

အမျိုးသမီးတိုင်း သိထားသင့်တဲ့ ရင်သားကင်ဆာ သတိပေးမှုများ

၁. ရင်သားမှာ / ချိုင်းအောက်မှာ အဖုအကြိတ် စမ်းမိခြင်း - ဒီလို အဖုအကြိတ်ကလေးတွေဟာ မိမိဘာသာ စစ်ဆေးခြင်းဖြင့် တွေ့ရှိနိုင်ပါတယ်။ အဖုကလေးတွကို စမ်းကြည့်ရင် နာချင်မှ နာလိမ့်မယ်။ အမျိုးသမီးတိုင်းဟာ လစဉ် ဓမ္မတာရက်တွေ ကုန်ဆုံးတဲ့အချိန်မှာ ရင်သားတွေကို စမ်းသပ်စစ်ဆေး သင့်ပါတယ်။

၂. ရင်သား အရွယ်အစား နဲ့ ပုံသဏ္ဌာန် ပြောင်းလဲလာခြင်း - ရင်သားဟာ တစ်ဖက်နဲ့ တစ်ဖက် မညီတတ်တာ သဘာ၀ ဖြစ်ပေမယ့် ပြောင်းလဲမှုတွေ ရှိနေသလားဆိုတာကိုတော့ အချိန်နဲ့ အမျှ စစ်ဆေးနေသင့်ပါတယ်။ ဒီ ပြောင်းလဲမှုကို သိတာ စောလေလေ ရင်သားကင်ဆာကို ကနဦး အဆင့်မှာကတည်းက သိနိုင်ဖို့ အခွင့်အလမ်း များလေလေပါပဲ။

၃. ရင်သားအရေပြားမှာ ပါးချိုင့်ကဲ့သို့သော အချိုင့်ကလေးများ ပေါ်လာခြင်း - ရင်သား အရေပြားလေးတွေ တွန့်ခေါက်လာတာ၊ နို့သီးခေါင်း ပုံစံ ပြောင်းလာတာ စတဲ့ ဟာမျိုးလေးတွေ တွေ့ရရင် ဆရာဝန်နဲ့ စမ်းသပ်ပြီး အသေးစိတ် စစ်ဆေးသင့်ပါတယ်။ ဒီလို အတွန့်လေးတွေ အချိုင့်လေးတွေ ပေါ်လာတာဟာ ကင်ဆာအဆင့်တစ်ခုမှာ ရောက်နေကြောင်း အရေပြားပေါ်မှာ လာ ပေါ်တာ ဖြစ်နိုင်ပါတယ်။

၄. နို့သီးခေါင်းမှာ အရည်များ ထွက်နေတတ်ခြင်း - သွေးလိုလို ဘာလိုလို အရည်ကလေးတွ နို့သီးခေါင်းကနေ စိမ့်ထွက်နေတယ်ဆိုရင် ဆေးရုံကိုသွား၊ လိုအပ်တဲ့ အသေးစိတ် ရောဂါရှာဖွေမှုတွေ လုပ်ပေးဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

၅. ပုံမှန်မဟုတ်သော ရင်သားနာကျင်မှု နှင့် ရင်သားအရေပြား ရောင်ရမ်းမှု - ရင်သားနာကျင်မှုဟာ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုမျိုးနဲ့လည်း မဆိုင်ဘူး၊ ရင်သားတစ်ဝိုက်မှာလည်း ရောင်ရမ်းပြီး ရဲ နေမယ်ဆိုရင် ဆေးဘက်ဆိုင်ရာ ဆွေးနွေးမှုတွေကို ချက်ချင်းလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါမျိုးဟာ ရင်သားထဲမှာ အစိုင်အခဲလေးတွေ စမ်းမိတာမျိုးနဲ့ အတူတူ ဖြစ်လာတတ်ပါတယ်။

၆. ရင်သားမှာ ယားဖုနီလေးများထွက်လာပြီး ဆေးလူးသော်လည်း မပျောက်ခြင်း - နို့သီးခေါင်း နဲ့ ရင်သားတစ်ဝိုက်မှာ ယားဖုအနီကလေးတွေ ထွက်လာတတ်ပါတယ်။ နီနီအဖုလေးတွေဟာ ယား တဲ့အပြင် အရေပြားဆရာဝန်ပေးတဲ့ဆေးတွေ လူးလဲ မပျောက်တတ်ပါဘူး။ နောက်ဆုံးမှာ အပြင်လိုက်ကလေး ဖြစ်လာပါတယ်။ ဒါမျိုးဆိုရင်တော့ နောက်ကွယ်မှာ ကင်ဆာဖြစ်နိုင်ချေ အကြောင်းရင်း ရှိသလားဆိုတာကို စမ်းသပ် ရှာဖွေရမှာဖြစ်ပါတယ်။ ဘာကြောင့်ဆို ဒါဟာ နို့သီးခေါင်းနဲ့ ရင်သားအရေပြားတွေအပေါ်မှာ ရင်သားကင်ဆာဆဲလ်တွေရဲ့ သက်ရောက်မှု တစ်ခု ဖြစ်နိုင်လို့ပဲ ဖြစ်ပါတယ်။

အမျိုးသမီးတိုင်းမှာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ရှိပါတယ်။ အသက်အရွယ်၊ မျိုးရိုးဗီဇ၊ နေထိုင်မှုဘဝပုံစံ စတာတွေအပေါ်မူတည်ပြီး အနည်းနဲ့ အများ ကွာခြားပါတယ်။ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ဖို့ သေချာတဲ့ နည်းလမ်းတော့ ခုထိ မတွေ့မိသေးပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကို လျှော့ချနိုင်ဖို့ ကိုယ်လုပ် နိုင်တဲ့ နည်းလမ်းတွေတော့ ရှိနေပါတယ်။ လစဉ် ပုံမှန် မိမိဘာသာ ရင်သားစစ်ဆေးခြင်း၊ တစ်နှစ် တစ်ခါ ဆေးရုံမှာ ရင်သားစစ်ဆေးခြင်း စတာတွေ လုပ်ဖို့ တိုက်တွန်းပါတယ်။ ရင်သားကင်ဆာရဲ့ အချက်ပေး ခေါင်းလောင်းသံကို စောစောကြားရရင် မိမိရင်သားမှာ ကင်ဆာမဦးခင် ကုသမှုဦးပြီး ရင်သားကင်ဆာ အိပ်မက်ဆိုးမှ လွတ်မြောက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Leave a medical inquiry

*ထည့်သွင်းရန်လိုအပ်သည်။

အမည် (FIRST NAME)*
အမည် (FIRST NAME)*
အမည် (LAST NAME)*
အမည် (LAST NAME)*
မေးခွန်း*
မေးခွန်း*
အီးမေးလ်လိပ်စာ*
အီးမေးလ်လိပ်စာ*
အဆင့်သတ်မှတ်ချက်