ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုနှစ်စဉ်ဘာကြောင့်လုပ်သင့်သလဲ?

ပုံမှန်ကျန်းမာရေးစစ်ဆေးမှုကိုနှစ်စဉ်ဘာကြောင့်လုပ်သင့်သလဲ?

အနှစ်ချုပ်

  • ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင်း ရရှိခဲ့တဲ့ အချက်အလက်များအရ ထိုင်းလူမျိုး များရဲ့ (၂) ရာခိုင်နှုန်းလောက်သာ နှစ်စဉ်ကျန်းမာရေးစစ်ဆေး မှုကို လုပ်ဆောင်ကြပြီး (၅၉) ရာခိုင်နှုန်းလောက်ဟာ ကိုယ့် ကိုယ်ကို ကျန်းမာတယ် လို့ မှတ်ယူထားကြပါတယ်။
  • ကျန်းမာရေးစစ်ဆေးမှု အစီအစဉ်များဟာ အသက်အရွယ်ပေါ်မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ ဥပမာ - အသက်(၄၅)နှစ်အထက် ရှိသူတိုင်းဟာ အူမကြီးကင်ဆာစစ်ဆေးမှု ပြုလုပ်သင့်ပြီး အသက်(၄၀) အထက် အမျိုးသမီးများကတော့ ရင်သားကင်ဆာအတွက် စစ်ဆေးသင့်ပါတယ်။
  • ကျွန်တော်တို့အနေနဲ့ ဖျားနာမှုမရှိဘူး၊ ရောဂါမရှိဘူးဆိုရင် အနည်းဆုံး တစ်နှစ်ကို တစ်ခါလောက်တော့ ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ သတိမထားမိဘဲ ပြင်ပကနေရောက်လာပြီး ရောဂါဖြစ်စေတဲ့  အကြောင်းအရင်းတွေ ရှိနေနိုင်ပြီး ကျွန်တော်တို့ရဲ့ကျန်းမာရေး ကို နေ့စဉ် တဖြည်းဖြည်းနဲ့ ထိခိုက်စေ ပါတယ်။ ဥပမာ - လေထုညစ်ညမ်းမှု (PM2.5 Air Pollutants)၊ အိတ်ဇောမီးခိုးငွေ့၊ ဓာတုပစ္စည်းများ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များမှာတွေ့ရတတ်တဲ့ ကင်ဆာဖြစ်နိုင်သည့် ကာဆီနိုဂျင် (Carcinogens)၊ တုပ်ကွေးရောဂါဗီဇသစ်များ/ Covid-19 ကဲ့သို့ ကူးစက်ရောဂါ များ၊ မွေးရာပါ ရောဂါများအပါအဝင်ကျန်းမာရေးပြဿနာများ စတာတွေ ဖြစ်ပါ တယ်။

ကျန်းမာရေးဝန်ဆောင်မှုအထောက်အကူပြုဌာန(Department of Health Service Support) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ထိုင်းလူများများရဲ့ (၂) ရာခိုင်နှုန်းမျှသာ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုကိုလုပ်ဆောင်ပြီး (၅၉) ရာခိုင်းနှုန်းဟာ ကိုယ့်ကိုယ်ကို ကျန်းမာတယ်လို့ မှတ်ယူထားကြကြောင်း သိရပါတယ်။

လူတို့အတွက် ကျန်းမာရေးကောင်းမွန်စေဖို့ အဓိကကျတဲ့ ကျန်းမာရေးနှင့် ညီညွတ်အောင်စားခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ အကောင်းမြင်စိတ်ထား ခြင်း စတဲ့ အလေ့အကျင့်များဟာ ကျန်းမာတဲ့ လူနေမှုဘဝပုံစံကို ပုံဖော်ဖန်တီး နိုင်တယ်လို့ လူအများက တွေးကောင်းတွေးကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလို နေထိုင်မှုပုံစံများနဲ့တင် မလုံလောက်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင် သတိမပြု မိနိုင်တဲ့ အခြေအနေများကနေတစ်ဆင့် ဖျားနာခြင်းကို ခံစားရကောင်း ခံစားရနိုင် ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလေ့အကျင့်တွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ နောက်ကျမှအိပ် ခြင်း၊ လေ့ကျင့်ခန်းမလုပ်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဆီအဆိမ့်များပြီး ကင်ထား ကြော်ထားတဲ့ အစားအစာများစားသုံးခြင်း တွေဟာ အန္တရာယ်ရှိတဲ့ သွေးတိုး၊ ဆီးချို၊ ကိုလက်စ်ထရောလ်များခြင်း၊ နှလုံးရောဂါ စသည်တို့ကို ဖြစ်စေပါတယ်။

ကျန်းမာရေးစစ်ဆေးမှုရဲ့အရေးပါမှု

အသက်ရှည်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘဝတစ်ခုကို ပုံဖော်ထုဆစ်ဖို့အတွက် ကျန်းမာရေးစစ်ဆေးမှုဟာ အခြေခံကျတဲ့ လုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ကျန်းမာရေးစစ်ဆေးမှုကို ဘယ်အချိန်မှာ ဘယ်လိုလုပ်ရမလဲ ဘာကြောင့်လုပ်ရမလဲဆိုတာကို ကောင်းစွာသဘောမပေါက်ကြသေးပါဘူး။ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကားအင်ဂျင်စက် တစ်လုံးနဲ့ ခိုင်းနှိုင်းပြီးစဉ်းစားကြည့်ကြ ပါစို့။ လူတစ်ယောက်အတွက်ကျန်းမာရေးစစ်ဆေးမှုဟာ ကားအင်ဂျင်စက် တစ်လုံးကို တစ်နှစ်တစ်ခါ ပြင်ဆင်စစ်ဆေးမှု ပြုလုပ်တဲ့ သဘောနဲ့ အတူတူပါပဲ။ ဒါပေမယ့် ဝပ်ရှော့ ကိုသွားပြီး ဘယ်အစိတ်အပိုင်းက ပြင်ဆင်ဖို့လိုအပ်သလဲ ဆိုတာကို မသိဘူးဆိုရင် တကယ့်ပြဿနာအမှန်ကို သိရမှာမဟုတ်ဘဲ အိမ်ကိုကားမောင်းပြန်လာရုံပါပဲ။  ဒါကြောင့် လူတစ်ယောက် ဘယ်အစိတ်အပိုင်းမှာ ရောဂါဖြစ်နေတယ်ဆိုတာသိရဖို့ တစ်နှစ်တစ်ခါ ကျန်းမာရေးစစ်ဆေးခြင်းဟာ လွန်စွာအရေးကြီးပါတယ်။

လူတစ်ယောက်ဟာ ကျန်းမာရေးမကောင်းဘူးဆိုရင် မိမိကိုယ်တိုင်သာမကဘဲ အိမ်ထောင်ဖက်၊ မိဘ၊ ကလေး စတဲ့ မိသားစုများကိုသာမက ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် လုပ်ငန်းခွင်ကိုပါ သက်ရောက်မှုရှိတာကြောင့် ကျန်းမာရေးဟာ ကိုယ်တစ်ယောက်တည်းနဲ့ဆိုင်တယ်ဆိုပြီး တွေးထားလို့မရပါဘူး။ နှစ်စဉ် ကျန်းမာရေးစစ်ဆေးခြင်းဟာ သင့်မိသားစုအတွက် မလိုလားအပ်တဲ့ မချိတင်ကဲ ဝေဒနာများကို နောင်မှ ခံစားရခြင်း အဖြစ်မှ ကင်းဝေးစေနိုင်ဖို့ မဖြစ်မနေလုပ်ဆောင် သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်သူများအတွက် ကံကောင်းခြင်း တစ်ခုကတော့ ယခုလို ထိရောက်မှုအမြင့်မားဆုံးနဲ့ လျှင်မြန်တဲ့ ရလဒ်တွေ ရရှိနိုင်ပြီ ဖြစ်တဲ့ ဒစ်ဂျစ်တယ်ခေတ်မှာ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ နည်းပညာတွေနဲ့ ကုသပေးနိုင်တဲ့ JCI အသိအမှတ်ပြု ဆေးရုံတွေ နိုင်ငံတွင်းမှာ အမြောက်အများရှိနေ တာပါပဲ။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုကိုဘာကြောင့်မဖြစ်မနေလုပ်ဆောင်သင့်တာလဲ?

ကျွန်တော်တို့အနေနဲ့ ဖျားနာမှုမရှိဘူး၊ ရောဂါမရှိဘူးဆိုရင် တစ်နှစ်ကို တစ်ခါ လောက်တော့ ကျန်းမာရေးစစ်ဆေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အနေနဲ့ သတိမထားမိဘဲ ပြင်ပကနေရာက်လာပြီး ရောဂါဖြစ်စေတဲ့ အကြောင်းအရင်း တွေ ရှိနေနိုင်ပြီး ကျွန်တော်တို့ရဲ့ကျန်းမာရေးကို နေ့စဉ် တဖြည်းဖြည်းနဲ့ ထိခိုက်စေ ပါတယ်။ ဥပမာ - လေထုညစ်ညမ်းမှု(PM2.5 Air Pollutants)၊ အိတ်ဇောမီးခိုးငွေ့၊ ဓာတုပစ္စည်းများ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် များမှာတွေ့ရတတ်တဲ့ ကင်ဆာ ဖြစ်နိုင်သည့် ကာဆီနိုဂျင်(Carcinogens)၊ တုပ်ကွေးရောဂါဗီဇသစ်များ/ Covid-19 ကဲ့သို့ ကူးစက်ရောဂါများ၊ မွေးရာပါ ရောဂါများအပါအဝင်ကျန်းမာရေးပြဿနာများ စတာတွေဖြစ်ပါတယ်။ ဒါ့အပြင် မွေးရာပါရောဂါများနဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေ ဖြစ်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းလျော့နည်းမှု၊ ပုံမှန်ထက်ပိုစားခြင်း၊ ပုံမှန်ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်း၊ စိတ်ဖိစီးမှုနဲ့ လုံလောက်စွာအနားမယူခြင်း စတာတွေ ကလည်း တစ်ဦးချင်းစီအတွက် ကျန်းမာရေးအန္တရာယ်အဖြစ် ရှိနေပါတယ်။ ဒါကြောင့် ကျန်းမာရေးစစ်ဆေးခြင်းနဲ့အတူ ဖျားနာခြင်းနဲ့ ရောဂါဝေဒနာတွေကို ကြိုတင်ကာ ကွယ်ထားခြင်းဟာ ကျန်းမာရေးအတွက် အကောင်းဆုံး သော ကြိုတင်ပြင်ဆင်မှု နည်းလမ်းပဲဖြစ်ပါတယ်။ ကျန်းမာရေးစစ်ဆေးခြင်းဟာ ဖျားနာမှုနဲ့ ရောဂါများကို ကုသဖို့ခက်ခဲတဲ့အဆင့်မရောက်ခင်မှာ ရှာဖွေစစ်ဆေးပေးနိုင်ပါတယ်။

အသက်အရွယ်အလိုက်ကျန်းမာရေးစစ်ဆေးမှုတွေကိုဘယ်လိုလုပ်ဆောင်သင့်သလဲ?

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုများဟာ  မတူညီတဲ့အသက်အရွယ်အပိုင်းအခြား၊ ကျား မ  စသဖြင့် ကျန်းမာရေးကောင်းမွန်စေဖို့ရည်ရွယ်ပြီး စီစဉ်ရေးဆွဲထားပါတယ်။ ပုံမှန်မဟုတ်တဲ့လက္ခဏာများရဲ့ အစဦး အခြေအနေကို စစ်ဆေးပြီး ရောဂါကာကွယ်မှုနဲ့ ကုသမှုအစီအစဉ်တွေကို ချက်ချင်းရေးဆွဲလုပ်ဆောင်ပေးတာဖြစ်ပါတယ်။

လုပ်ဆောင်ရမည့်ကျန်းမာရေးစစ်ဆေးမှုများ
၁၈-၂၉
အသက်
၃၀-၃၉ အသက်
၄၀-၄၉ အသက်
၅၀-၅၉
အသက်
၆၀ ကျော်
မိသားစုဝင်များရဲ့ဖျားနာမှုရာဇဝင်၊ သောက်ခဲ့ သည့်ဆေးဝါးများအပါအဝင် ကျန်းမာရေးရာဇ ဝင်မှတ်တမ်းအားလုံးကို သုံးသပ်စစ်ဆေးခြင်း
သွေးပေါင်ချိန်၊ BMI စသည့် အခြေခံကျန်းမာ ရေးစစ်ဆေးမှုများ
သွေးအားနည်းရောဂါ(Anaemia)၊ သွေးနှင့်ဆိုင် သည့်ရောဂါများ၊ လူကီးမီးယားသွေးကင်ဆာ စသည့်ရောဂါများစစ်ဆေးရန် သွေးဖြူဥ၊ သွေးနီဥ၊ သွေးမှုန်(Platelets) အပါအဝင် သွေးဥမွှားအလုံးစုံရေတွက်စစ်ဆေးခြင်း(CBC)   

မတိုင်းတာခင်(၈)နာရီအတွင်းအစာမစားဘဲ သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း (FPG)နှင့် သာမန်သွေးတွင်းသကြားဓာတ်စစ်ဆေးခြင်း (ဆီးချိုရောဂါစစ် ဆေးဖို့အတွက်)

အကျိုးမပြုသည့်သွေး တွင်းကိုလက်စ်ထရောလ် (LDL)စစ်ဆေးခြင်းနှင့် အကျိုးပြုသည့်သွေး တွင်း ကိုလက်စ်ထရောလ် (HDL)စစ်ဆေးခြင်း
(နှလုံးသွေးကြောရောဂါနှင့် လေဖြတ်ခြင်းရောဂါ ဖြစ်နိုင်ခြေကိုစစ်ဆေးသိရှိနိုင်)
ဂေါက်ရောဂါအတွက် ယူရစ်အက်ဆစ် တိုင်းတာခြင်း   

ကျောက်ကပ်လုပ်ဆောင်မှု စစ်ဆေးဖို့အတွက် ကြွက်သားမှစွန့်ပစ်သည့် Creatinine ခေါ် ပစ္စည်းတစ်မျိုးကိုစစ်ဆေးခြင်းနှင့် ခန္ဓာကိုယ် တွင်း ပရိုတိန်းပျက်စီးမှုမှ စွန့်ပစ် သည့် သွေးတွင်းနိုက်ထရိုဂျင်(BUN) ကိုစစ်ဆေးခြင်း(အဆိုပါစွန့်ပစ်ဓာတုပစ္စည်း နှစ်မျိုးပါဝင်မှုအတိုင်းအတာအပေါ်မူတည်ပြီး ကျောက်ကပ်ဟာ ကောင်းစွာအလုပ် လုပ်နိုင်ခြင်း ရှိ မရှိကို သိနိုင်ပါတယ်)

အသည်းရောင်အသားဝါရောဂါအတွက် သွေးအတွင်း အင်ဇိုင်းနှင့် တခြားဓာတုပစ္စည်း ပါဝင်မှုကို တိုင်းတာပြီး အသည်းလုပ်ဆောင်မှု ကိုစစ်ဆေးခြင်း
အသည်းရောင်အသားဝါဘီစစ်ဆေးခြင်း(HBsAg နှင့် HBsAB စစ်ဆေးခြင်း)
ဆီးလမ်းကြောင်းရောဂါများနှင့် ဆီးချိုရောဂါ ရှာဖွေစစ်ဆေးမှုများကို သုံးသပ်ခြင်း   
အူမကြီးရောင်ခြင်း၊ ကပ်ပါးပိုးရှိနေခြင်း တို့ကို သိရှိရန် မစင်စစ်ဆေးခြင်းနှင့် အူမကြီး/အစာအိမ် အနာဖြစ်ခြင်း၊ လိပ်ခေါင်း၊ အစာအိမ်နှင့်အူမကြီးကင်ဆာရောဂါ ဖြစ်စေ သည့် ဝမ်းတွင်းသွေးပါခြင်းကို စစ်ဆေးခြင်း   
နှလုံးသွေးကြောလုပ်ဆောင်မှုနှင့် နှလုံးခုံမမှန် ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းကဲ့သို့ မူမမှန်မှုများကို ရှာဖွေနိုင်သည့် နှလုံးလျှပ်စစ် စွမ်းရည်စစ်ဆေးခြင်း(EKG)   
နှလုံးအရွယ်အစားပြဿနာ၊ တီဘီ၊ PM2.5 (သို့) Covid-19 ကြောင့်ဖြစ်ရသည့် အဆုတ် ရောဂါကဲ့သို့သော ရင်းခေါင်းပိုင်းဆိုင်ရာ ရောဂါ များ စစ်ဆေးဖို့အတွက် အဆုတ်ကို X-Ray ဖြင့် ကြည့်ရှုစစ်ဆေးခြင်း   
ပန်ကရိယ၊ သရက်ရွက်၊ ကျောက်ကပ်၊ အသည်း၊ သားအိမ်၊ မမျိုးဥအိမ်၊ ဆီးကျိတ် အပါအင် အတွင်းပိုင်းအင်္ဂါများကို ထိခိုက်စေ သည့်ရောဂါများကိုသိရှိဖို့ ဝမ်းဗိုက်အာထရာ စောင်းရိုက်ခြင်း   
TSH/T4 စစ်ဆေးခြင်းတို့ဖြင့် လည်ပင်းမှာရှိ သည့်သိုင်းရွိုက်ဂလင်း လုပ်ဆောင်မှုကို လေ့လာစစ်ဆေးခြင်း   
 
 
နှလုံးခုန်မမှန်စေသည့် အားစိုက်မှု(သို့) လေ့ကျင့်ခန်းလုပ်ချိန်တွင်ဖြစ်သည့် နှလုံးသွေးကြောပိတ်ဆို့ခြင်း ရှာဖွေနိုင်သည့်
လေ့ကျင့်ခန်းခံနိုင်ရည်ကိုစစ်ဆေးခြင်း(EST)   
 
 
နှလုံးကျုံ့ခြင်း၊ နှလုံးအခန်းအရွယ်အစား နှင့် နှလုံးလည်ပတ်မှုကို သိနိုင်တဲ့ ပဲ့တင်သံဖြင့်စစ် ဆေးခြင်း(ECHO) (မွေးရာပါကျန်းမာရေးချို့ယွင်းမှု၊ နှလုံးအဆို့ရှင် ရောဂါ၊ နာတာရှည်နှလုံးကြွက်သားချို့ယွင်းမှု (Cardiomyopathy)၊ နှလုံးဖုံး အမြှေးပြဿနာ စသည်တို့ကိုလည်း ဒီစစ်ဆေးမှုနည်းလမ်းနဲ့ ရှာဖွေနိုင်ပါတယ်။)   
 
 
အစာအိမ်နှင့်အူလမ်းကြောင်းကင်ဆာ(CEA) စစ်ဆေးခြင်းနှင့် အသည်းကင်ဆာ(AFP) စစ်ဆေးခြင်း   
ပန်ကရိယ၊ ဆီးအိတ်၊ သည်းခြေအိတ်ကင်ဆာ (CA19-9) စစ်ဆေးခြင်း       
 
 
 
အမျိုးသမီးများအတွက်ရင်သားကင်ဆာ(CA15-3) နှင့် သားအိမ်ကင်ဆာ(CA125) စစ်ဆေးခြင်း   
 
 
 
အမျိုးသားများအတွက် ဆီးကျိတ်ကင်ဆာ (PSA) စစ်ဆေးခြင်း   
 
 
 

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း(သားအိမ်ခေါင်းအတွင်းမှ ဆဲလ်ကို နမူနာယူစစ် ဆေးခြင်း(Pap Smear) ဖြင့် ဆဲလ်မူမမှန်မှုများ ကို သိရှိနိုင်သလို သားအိမ်ခေါင်း ကင်ဆာဖြစ် စေတဲ့ ဗိုင်းရပ်စ်များကိုလည်း ရှာဖွေနိုင်ပါတယ်။
၎င်းစစ်ဆေးမှုကို အသက်(၂၁)နှစ်အထက် အိမ်ထောင်ရှိသူအမျိုးသမီးငယ်များ၊ လွန်ခဲ့ သော(၃)နှစ်အတွင်းအမျိုးသားများနှင့်ဆက်ဆံ ခဲ့ဖူးသောအမျိုးသမီးငယ် များအနေနဲ့ (၁)နှစ် (သို့) (၂)နှစ်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ အသက်(၃၀)ကျော် အမျိုးသမီးများကတော့ တစ်နှစ်တစ်က်ြိမ်ပုံမှန်စစ်ဆေးသင့်ပါတယ်။
စစ်ဆေးမှုရလဒ် ဟာ (၃)ကြိမ်ဆက်တိုက် ပုံမှန် ပဲဆိုရင် HPV ရောဂါပိုး ကူးစက်ခံရသလိုမျိုး အန္တရာယ်ရှိသူများမှလွဲလို့ (၃)နှစ်တစ်ခါ စစ်ဆေးမှု ပြုလုပ်သင့်ပါတယ်။)

ရင်သားဓာတ်မှန်ရိုက်ခြင်း(Mammogram)
(ရင်သားကင်ဆာအတွက် ဒီစစ်ဆေးမှုကို (၁)နှစ် (သို့) (၂)နှစ်တစ်ကြိမ်စစ်ဆေး သင့်ပါ တယ်။ ဘာလို့လဲဆိုတော့ ရင်သားကင်ဆာဟာ ထိုင်းန်ိုင်ငံမှ အမျိုးသမီးအများစုမှာ တွေ့ရလေ့ ရှိတဲ့ရောဂါဖြစ်နေတာကြောင့်ပါ။ ဒီစစ်ဆေးမှု ကို အသက်(၄၀)အထက်အမျိုးသမီးများ အားလုံး လုပ်ဆောင်ဖို့အကြံပေးချင်ပါတယ်။)
 
 

Fibroscanနည်းပညာဖြင့်စစ်ဆေးခြင်းဟာ အသည်းလုပ်ဆောင်မှုပုံမမှန်ခြင်းကို စစ်ဆေးခြင်းဖြစ်ပါတယ်။ (ဒီနည်းပညာဟာ တွယ်ဆက်တစ်ရှူးများထူ ပြော လာခြင်း(Fibrosis)၊ အသည်းကလာပ်စ ည်း အတွင်းအဆီများဝင်ရောက်ခြင်း (Steatosis) ခြင်းကိုစစ်ဆေးဖို့အသုံးပြုပါ တယ်။ အဆိုပါစစ် ဆေးခြင်းဟာ နာကျင်မှုလုံးဝ မရှိသလို ဘေး ထွက် ဆိုးကျိုးလည်းမရှိ တာ ကြောင့် ထပ်ခါထပ် ခါလုပ်ဆောင်နိုင်ပါတယ်။ စစ်ဆေးမှုမတိုင်ခင် မှာ လူနာဟာ အစားအစာ စားခြင်းကို ကြိုရှောင်ထား ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ ခန္ဓာကိုယ်ထဲ ကျန်းမာရေး စက်ထည့်ထားသူများ အနေနဲ့ ကတော့ ဒီစစ်ဆေးမှုကို မလုပ်ဆောင်သင့်ပါဘူး။    

 

Carotid Duplexအာထရာစောင်းစစ်ဆေးခြင်း(ဒီနည်းပညာဟာ လည်ပင်းသွေးလွှတ်ကြော (Cartoid Artery) လှည့်ပတ်မှု စစ်ဆေးခြင်း အတွက် အသုံးပြုပါတယ်။ ဒီသွေးကြောဟာ ဦးနှောက်ဆီသွေးပို့လွှတ်ပေးတာကြောင့် လူတစ်ယောက်ရဲ့ လေဖြတ်နိုင်ခြေကို ဖော်ပြတဲ့ အရာတစ်ခုဖြစ်ပါတယ်။)    

 
 

NBI(Narrow Band Image) နည်းပညာဖြင့် စစ်ဆေးခြင်း (အူမကြီးကင်ဆာဖြစ်စေနိုင်တဲ့ အဖုအကျိတ် များကိုချက်ချင်းဖယ်ထုတ်ပေးတဲ့  အူမကြီးမှန် ပြောင်း ကြည့်ရာမှာ အသုံးပြုပါတယ်။ ဒီလိုစစ် ဆေးမှုဟာ ခွဲစိတ်ကုသမှုကိုလျှော့ချနိုင်ခြင်း၊ ပြန်လည်သက်သာလာချိန်မြန်ခြင်း၊ နောက်ဆက်တွဲရောဂါပြဿနာများကိုလျှော့ချ နိုင်ခြင်း၊ လူနာရဲ့စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ခြင်း စတဲ့ အားသာချက်တွေရှိပါတယ်။    

 
 
အသက်
(၄၅)နှစ်
အထက်ရှိ
သူများ လည်း စစ်ဆေးနိုင်   

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုအတွက်ဘာတွေပြင်ဆင်ရမလဲ?

  • အိပ်စက်ချိန်အနည်းဆုံး(၆)နာရီယူပြီး ပြည့်ပြည့်ဝဝအနားယူပါ။ ဘာလို့လဲ ဆိုတော့ အိပ်ရေးဝဝမအိပ်ဘူးဆိုရင် သွေးပေါင်ချိန်၊ သွေးခုန်နှုန်း၊ ခန္ဓာကိုယ် အပူချိန်စတာတွေမှာ မတိကျတဲ့ရလဒ်တွေထွက်ပေါ်နိုင်ပါတယ်။
  • အစားအစာနဲ့ အရည် များစားသောက်မှု ကြိုရှောင်ဖို့လိုအပ်တဲ့ စစ်ဆေးမှုများ အတွက် မစစ်ဆေးခင် အနည်းဆုံး (၈)နာရီမှ (၁၀)နာရီအတွင်း ရှောင်ထားရပါ မယ်။ ( ရေ ကိုတော့ အချိန်အပ်ိုင်းအခြားအလိုက် နည်းနည်းချင်း အာစွတ်ရုံ သောက်လို့ရပါတယ်။)
  • အယ်လ်ကိုဟောလ်ဓာတ်ဟာ စစ်ဆေးမှုရလဒ်တွေကို အကျိုးသက်ရောက်မှု ရှိတာကြောင့် အရက်သောက်သုံးမှုရှောင်ကျဉ်ဖို့လိုတဲ့ စစ်ဆေးမှုများအတွက် (၂၄)နာရီ ကြိုတင်ရှောင်ကျဉ်ထားဖို့လိုအပ်ပါတယ်။
  • သွေးတိုးရောဂါနဲ့ပတ်သက်တဲ့ဆေးများကိုပုံမှန်သောက်သူဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆက်သောက်နိုင်ပါတယ်။
  • မွေးရာပါရောဂါရှိသူများ(သို့) တခြားရောဂါအခံရှိသူများအနေနဲ့ ယခင်ကျန်းမာ ရေးစစ်ဆေးမှုရလဒ်များကိုယူလာပြီး ရှောဂါရှာဖွေမှုကိုတာဝန်ယူမယ့်ဆရာဝန်ဆီ ပြသဖို့ လိုပါတယ်။
  • အမျိုးသမီးများအနေနဲ့ ဓမ္မတာမလာခင်(၇)ရက် (သို့) ဓမ္မတာလာပြီး(၇)ရက် အတွင်းမှာ ကျန်းမာရေးစစ်ဆေးမှု မလုပ်သင့်ပါဘူး။ ဓမ္မတာလာချိန်အတွင်း ဆီးထဲမှာ သွေးများလည်း ပါရှိနိုင်တာကြောင့် ဆီး နမူနာယူစစ်ဆေးမှုမျိုးကို မလုပ်ရပါဘူး။
  • ဓမ္မတာလာစဉ် အမျိုးသမီးတွေရဲ့ ရင်သားဟာ ပုံမှန်ထက် ပိုမိုတင်းကျပ်လေ့ရှိ တာကြောင့် ဓမ္မတာနေစဉ်အတွင်း ရင်သားကင်ဆာအတွက် ရင်သားဓာတ်မှန် ရိုက်ခြင်း(Mammogram) ကို မလုပ်သင့်ပါဘူး။
  • ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေပြီလို့ ထင်ရတဲ့ အမျိုးသမီးတွေအနေနဲ့ X-Ray နဲ့ Fibroscan စစ်ဆေးမှုတွေကို မပြုလုပ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေကို ကြိုတင် အသိပေးပါ။

နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုတွေဟာ အန္တရာယ်ရှိတဲ့ရောဂါအခြေအနေတွေကို ကြိုတင်ရှာဖွေရုံသာမကဘဲ သင့် ခန္ဓာကိုယ်တွင်း ဖြစ်ပျက်သမျှကိုပါ ရှာဖွေ စစ်ဆေးနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းများမှ နောင်တစ်ချိန်မှာ ကြီးထွားလာနိုင်တဲ့မူမမှန်မှုတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်သ လို လက်တလောမှဘာမှမဖြစ်သေးပေမယ့် အနာဂတ်မှာ အန္တရာယ်ရှိလာနိုင်တဲ့ အစိတ်အပိုင်းမှရောဂါများကို စစ်ဆေးပေးတာဖြစ်ပါတယ်။ တချို့လူတွေအနေနဲ့ သူတို့ရဲ့ မွေးရာပါဗီဇ ရောဂါအန္တရာယ်အခြေအနေများကို သိရှိပြီးသားလူတွေရှိပါတယ်။ ဒါဆိုရင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း ဖြင့် အနာဂတ်မှာ သူတို့ရဲ့ ကျန်းမာရေးအခြေအနေကို ကောင်းမွန်စေတဲ့ အစီအစဉ်တွေကို သေချာ စနစ်တကျ ကြိုတင်ရေးဆွဲနိုင်ပါတယ်။ စစ်ဆေးချိန်မှာ ရောဂါတစ်ခုခုဖြစ်တယ်လို့ တွေ့ရတယ်ဆိုရင် ကိုယ့်အတွက် ရောဂါကာကွယ်မှု နဲ့ ကျန်းမာရေးကောင်းစေဖို့လိုအပ်သည့် ကုသမှုများကို အကြံပေးလမ်းညွှန်နိုင်တဲ့ ဆရာဝန်တစ်ဦးနဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။

ကျန်းမာရေးစစ်ဆေးမှုအတွက် သင် ပေးလိုက်ရတဲ့ အရင်းအနှီး(ငွေကြေး) ဟာ ချက်ချင်းလက်ငင်း လက်ဆုပ်လက်ကိုင်ပြစရာ မရှိဘူးဆိုပေမယ့် ဒီအရင်းအနှီးရဲ့ တကယ့်အသုံးဝင်မှုတန်ဖိုးကတော့ လျှော့တွက်လို့မရပါဘူး။ သင်ဘာပဲလုပ်လုပ် နောင်တတွေ တသီကြီးနဲ့ အဆုံးသတ်မသွားဖို့လိုပါတယ်။ သင့်ရဲ့ကျန်းမာရေး ကို ဆရာဝန်တွေက စောနိုင်သမျှအစောဆုံးသိထားတယ်ဆိုရင် ကုသဖို့ နောက်ကျသွားပြီဆိုတာမျိုးမဖြစ်ရလေဘဲ ကုသမှုကို အမြန်ဆုံးပြုလုပ်နိုင်မှာပါ။

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။