ဒူးဆစ်ရောင်ခြင်းဝေဒနာ အချက်ပေးခေါင်းလောင်းသံ

ဒူးဆစ်ရောင်ခြင်းဝေဒနာ အချက်ပေးခေါင်းလောင်းသံ

အဓိကအချက်များ

  • ဒူးဆစ်ရောင်ခြင်း(Knee Osteoarthritis) ဟာ အသက်(၅၀) ကျော်လာရင် အဖြစ်များတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများကတော့ ဟော်မုန်း၊ ကြွက်သားနှင့်အရိုးဆိုင်ရာ အကြောင်းအရင်းများကြောင့် အမျိုးသားများထက် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့်လည်း ယနေ့ချိန်မှာတော့ ဒူးအဆစ်ရောင်ခြင်းဟာ လူငယ်များမှာပါ အဖြစ်များလို့ သတိထားရမယ့် ရောဂါဝေဒနာတစ်ခုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ 
  • ဒူးဆစ်ရောင်တဲ့လူနာများအနေနဲ့ ဒူးနာခြင်း၊ ဒူးဆစ်များ တောင့်တင်း ခြင်း၊ ဒူးဆစ်နေရာမှတကျွတ်ကျွတ်အသံမြည်ခြင်း၊ ဒူးနေရာကိုထိလိုက်ချိန်မှာ နာကျင်ခြင်း၊ ဒူးအနေအထားမမှန်ခြင်း စတာတွေကိုခံစားရနိုင်သလို ဒီလိုလက္ခဏာတွေ စုပေါင်းပြီးခံစားရတာမျိုးလည်း ကြုံတွေ့နိုင်ပါတယ်။
  • ဒူးဆစ်ရောင်ခြင်းကို ကုသနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပေမယ့် ဝေဒနာ အပေါ်မူတည်ပြီး တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ စစ်ဆေးကာ ကုသဆွေးနွေး ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်များ၊ Hyaluronic အက်ဆစ်ထိုးခြင်း၊ သောက်ဆေး၊ ရူပကုထုံး (Physiotherapy)၊ ခွဲစိတ်ကုသခြင်း စသဖြင့် ရွေးချယ်စရာနည်းလမ်းတွေ အများကြီးရှိပါတယ်။ လူနာရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး ဆရာဝန်များမှ သင့်လျော်တဲ့ကုသမှုမျိုးကို ရွေးချယ်ပေးမှာဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ရဲ့အလေးချိန်အများဆုံးကို  တိုက်ရိုက်ထမ်းရွက်ထားရတဲ့ အရိုးအဆစ် အစိတ်အပိုင်းအဖြစ် အသုံးပြုရများခြင်းကြောင့် ဒူး ဟာ ထိခိုက်ပျက်စီးလွယ်လာပြီး ဒူးဆစ်ရောင်ခြင်း ဝေဒနာ ဖြစ်ပေါ်ပါတယ်။  အရိုးအဆစ်မျက်နှာပြင်ထိခိုက် စုတ်ပြဲသွား ခြင်း၊ အသက်အရွယ်အရယိုယွင်းလာခြင်း၊ တခြားဆက်စပ်အကြောင်းအရင်း စတာ တွေဟာ ဒူးဆစ်ရောင်ခြင်းကို ဖြစ်စေပါတယ်။  အရိုးအဆစ်ရဲ့ကြားခံ အရိုးနုဟာ စုတ်ပြဲ ရာမှ ပိုမိုနာကျင်ရောင်ရမ်းလာပြီး မကုသဘဲထားလိုက်မယ် ဆိုရင် ပိုမိုဆိုးရွားလာမှာ ဖြစ်ပါတယ်။ တကယ်လို့ အရိုးအဆစ်မျက်နှာပြင်ဟာ အချိန်လွန် သွားပြီး လုံးဝ စုတ်ပြဲပျက်စီးသွားမယ်ဆိုရင် အဆစ်တွေပါ စတင်ပွတ်တိုက်ထိခိုက် မိသွားပြီး လမ်းလျှောက်ချိန်မှာ ဆိုးဆိုးရွားရွားနာကျင်မှုဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုးပွတ်တိုက်မှုများ ကနေ  အဆစ်တွေထုံကျင်လာပြီး လူနာရဲ့ နေ့စဉ်ဘဝအထိ ရိုက်ခတ်မှုရှိတဲ့ အပြည့်အဝခြေထောက်ဆန့်လို့မရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

ဒူးဆစ်ရောင်ခြင်းဖြစ်နိုင်ခြေရှိသူများ

ဒူးဆစ်ရောင်ခြင်း(Knee Osteoarthritis) ဟာ အသက်(၅၀) ကျော်လာရင် အဖြစ် များတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီးများကတော့ ဟော်မုန်း၊ ကြွက်သားနှင့်အရိုးဆိုင်ရာ အကြောင်းအရင်းများကြောင့် အမျိုးသားများထက် ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ ဒါပေမယ့်လည်း ယနေ့ချိန်မှာတော့ ဒူးဆစ်ရောင်ခြင်းဟာ လူငယ်များမှာ ပိုအဖြစ်များလာပြီး ဖြစ်နိုင်ခြေများသူများအဖြစ် သတ်မှတ်ထားကြပြီ ဖြစ်ပါတယ်။

အောက်ပါအခြေအနေရှိသူများကိုလည်း ဒူးဆစ်ရောင်ခြင်းဖြစ်နိုင်ခြေရှိသူများအဖြစ် သတ်မှတ်နိုင်ပါတယ်။

  •  လေ့ကျင့်ခန်း(သို့) မတော်တဆဖြစ်ရပ်များကြောင့် ယခင်ကဒူးဒဏ်ရာ ရဖူး သူများ။
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံမရှိခြင်းကြောင့် ကိုယ်အလေးချိန် တက်သူများ(သို့)အဝလွန်သူများ။
  • ဒူးဆစ်နေရာကိုပိုမိုအားစိုက်ရသူများ။
  • ဒူးဆစ်ရောင်ခြင်းကိုဖြစ်စေသည့် လေးဖက်နာ၊ ဂေါက် စသည့် ရောဂါအခံ ရှိသူများ။ (၎င်းရောဂါများဟာ ပြင်းထန်စွာ ဒူး ရောင်ကိုင်းပြီး တုန့်ခနဲ့ရပ်သွား စေသည်အထိ ဒူးကို ထိခိုက်ပျက်စီးစေပါတယ်။)

ဒူးဆစ်ရောင်ခြင်းလက္ခဏာများ

ဒူးဆစ်ရောင်ခြင်းရဲ့ လက္ခဏာများဟာ ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး အချိန်ကြာကြာ တစ်ခုပြီးနောက်မှာ  တဖြည်းဖြည်း နဲ့ ရောဂါအဖြစ်ပြောင်းလဲသွားပါတယ်။ ဒူးဆစ်ရောင်ခြင်းရောဂါ ရှိမရှိဆိုတာကို အောက်ပါနည်းလမ်း (၆) ခုအားဖြင့် ကိုယ့်ကိုယ်ကို စစ်ဆေးနိုင်ပါတယ်။

၁။ ဒူးနာခြင်း - လူနာအနေနဲ့ ဒူးနာခြင်းကို (၆)လကျော်တဲ့အထိ ပေါ်လိုက် ပျောက်လိုက်ခံစားရပါလိမ့်မယ်။ ဒါ့အပြင် ဒူးကိုကွေးပြီး အားစိုက်ရတဲ့လှုပ်ရှားမှုများ ဖြစ်တဲ့ လမ်းအကြာကြီးလျှောက်ခြင်း၊ ခြေထောက်ချိတ်ထိုင်ခြင်း၊ အတက်အဆင်း လုပ်ခြင်း၊ တောင်တက်ခြင်း၊ ကားထဲတွင်အချိန်ကြာရှည်စွာထိုင်ခြင်း များမှ တစ်ဆင့် ဒူးနာခြင်းဖြစ်နိုင်ပါတယ်။  ကနဦးအဆင့်မှာတော့ ဒီလိုမျိုး လှုပ်ရှားမှုတွေဟာ တစ်ခဏတာ ခံစားရပြီး ပျောက်သွားပါတယ်။ ဒါပေမယ့်လည်း အလယ်အလတ်အ ဆင့်ရောက်ပြီဆိုရင် နာကျင်မှုဝေဒနာ ပိုကြီးကြာရှည်လာပါ တယ်။ ဒါ့အပြင် လှဲလျောင်းနေချိန်၊ ထိုင်ပြီးအနားယူချိန်တွေမှာ ဒူး အပေါ်ကို ဘာဖိအားသက်ရောက် မှုမှမရှိသည့်တိုင်အောင် နာကျင်မှုကို ခံစားရမှာဖြစ်ပါတယ်။ သေချာတာကတော့ နာကျင်မှုဟာ အပြီးအပြတ်ပျောက်ကင်းသွားတာမျိုး မရှိပါဘူး။

၂။ ဒူးနေရာမှာထုံကျင်နေခြင်း - လူနာများအနေနဲ့ နေ့စဉ် မနက်ခင်းပိုင်း နိုးလာတဲ့ အချိန် ဒူး ထုံကျင်နေတာကို သတိပြုမိပါလိမ့်မယ်။ အဲဒီနောက် ခြေထောက် တုံ့ဆိုင်း သွားနိုင်သလို မိနစ်(၃၀)ကျော်လာရင် လှုပ်ရှားရခက်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒူးကိုအနားပေးလိုက်တဲ့အချိန်တိုင်းမှာ နောက်တစ်ခါ ပြန် ထုံကျင်လာ ပြီး ဒူးဆစ်နေရာမှာ တောင့်တင်းလာကာ ကွေးမရဆန့်မရ အထိ ဖြစ်တတ်ပါတယ်။

၃။ တကျွတ်ကျွတ်အသံမြည်ခြင်း - ခန္ဓာကိုယ်ကိုရွှေ့လိုက်တဲ့အချိန်(သို့) ဒူးဆစ်ကို အကွေး အညွှတ်လုပ်တဲ့အချိန်မှာ တကျွတ်ကျွတ်အသံ ကြားရပါလိမ့်မယ်။

၄။ ဒူးကိုဖိလိုက်တဲ့အချိန်မှာနာကျင်ခြင်း - ဒူး ရဲ့ နေရာတစ်ခုခုကို ဖိလိုက်တာနဲ့ နာကျင်မှုကို ခံစားရပါလိမ့်မယ်။

၅။ ဒူးပုံပျက်ခြင်း -  အရိုးငေါထွက်ခြင်း(Bony Protrusion)၊ ဒူးခွင်ခြင်း(Knock-Knee) အပါအဝင် ဒူးဟာ ပုံမှန်ထက်ပိုပြီး ကြီးမားတဲ့ လက္ခဏာကို မြင်တွေ့ရ မှာဖြစ်ပါတယ်။

၆။ ရောင်ရမ်းခြင်း - ဒူးရောင်ကိုင်းခြင်းလက္ခဏာကို ခံစားရမှာဖြစ်ပြီး အတွင်းမှာ ဖြစ်ပေါ်နေတဲ့ရောင်ရမ်းခြင်းကြောင့် ထိလိုက်တာနဲ့ ပူနွေးနွေးဖြစ်နေမှာပါ။

ဆေးကုသဖို့လိုအပ်တဲ့ ဒူးဆစ်ရောင်ခြင်းလက္ခဏာများ

နာကျင်ကိုက်ခဲမှုသက်သာစေတဲ့ဆေးများ၊ နာကျင်မှု သက်သာဖို့ ရောင်ရမ်းခြင်း သက်သာစေတဲ့ ဆေးများကို သောက်နေသည့်တိုင် အထက်မှာဖော်ပြခဲ့တဲ့လက္ခဏာ တွေကို (၆)လအထက်အချိန်ထိ မသက်သာဘဲ ပေါ်လာလိုက် ပျောက်သွားလိုက် ကြုံတွေ့နေရသူများအနေနဲ့ ပိုမိုဆိုးရွားတဲ့ ထိခိုက်မှုတွေ မဖြစ်ခင်မှာ အရိုးအထူးကု ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာ ဆရာဝန်အနေနဲ့ ရောဂါရှာဖွေမှုကို သေချာလုပ်ဆောင်ပြီး လူနာရဲ့လိုအပ်ချက်အရ အသင့်တော်ဆုံး ကုသမှုနည်းလမ်းကို လမ်းညွှန်ပေးနိုင်မှာဖြစ်ပါတယ်။

ဒူးဆစ်ရောင်ခြင်းကိုရောဂါရှာဖွေစစ်ဆေးခြင်း

၁။ အခြေခံစစ်ဆေးခြင်း - ကိုယ့်ကိုယ်ကို ဒူးဆစ်ရောင်ခြင်း ဝေဒနာ ရှိနေပြီ ဆိုတာ ဟုတ် မဟုတ် သေချာချင်တဲ့ သူများအတွက် အခြေခံ စစ်တမ်းတွေရှိပါတယ်။ မိမိကိုယ်ကို စစ်ဆေးနိုင်တဲ့နည်းလမ်းတွေကို သိရဖို့ ဒီနေရာမှာကလစ်နှိပ်ပါ။

၂။ ဒူးရောဂါရှာဖွေခြင်း - ဒူးမှာဖြစ်တဲ့ရောဂါတွေရှာဖွေရာမှာ အောက်ပါနည်းလမ်းတွေ ကို အသုံးပြုနိုင်ပါတယ်။

  • X-Ray  - X-Ray ဖြင့် လူနာရဲ့ ဒူးအဆစ်ထဲက ကျဉ်းမြောင်းတဲ့နေရာတွေကို အသေးစိတ်ကြည့်ရှုနိုင်သလို ဒူးအနီးမှာရှိတဲ့ ခြေသလုံးရိုးမှထိုးထွက်နေသည့် အလုံးငယ်(Tibial Tubercle) ကြီးလာခြင်းကိုလည်း စစ်ဆေးနိုင်ပါတယ်။ ဆရာဝန်များအနေနဲ့ ဒူးဆစ်မှာရှိတဲ့ အရိုး၊ တစ်ရှူး၊ အရိုးနု များရဲ့ တည်ဆောက် မှုနဲ့ တခြား ဖြစ်နိုင်တဲ့အကြာင်းအရင်းများကို ပိုမိုရှင်းလင်းပြတ်သားတဲ့ ပုံရိပ်       အဖြစ် ရှာဖွေကြည့်ရှုနိုင်ဖို့ MRI ကို အသုံးပြုကြသလို X-Ray ကိုလည်း အသုံးပြု ကြပါတယ်။
  • သွေးစစ်ခြင်း - တခြားချို့ယွင်းမှုပြဿနာများဖြစ်စေတဲ့  လေးဖက်နာကဲ့သို့ ရောဂါ ရှိ မရှိသိနိုင်ဖို့ ဆရာဝန်တွေက သွေးစစ်မှုတွေ ပြုလုပ်ကြပါတယ်။
  • ဒူးကြံ့ခိုင်မှုအဆင့်သတ်မှတ်ခြင်း(Knee Scoring) - အမှတ်ပေးအဆင့် သတ်မှတ်ခြင်းကို စစ်ဆေးမှုကိရိယာတစ်ခုအဖြစ်အသုံးပြုကာ ဒူးပျက်စီး ယိုယွင်းခြင်း၊ ဆိုးရွားမှု ရှိ မရှိသိနိုင်ပါတယ်။

ဒူးဆစ်ရောင်ခြင်းအတွက်ကုသမှုနည်းလမ်းများ

ရောဂါအခြေအနေကို တိတိကျကျလေ့လာဆန်းစစ်ပြီးပြီဆိုတာနဲ့ သင့်လျော်တဲ့ ကုသမှု နည်းလမ်းတစ်ခုကို ဆရာဝန်က လမ်းညွှန်ပေးမှာဖြစ်ပါတယ်။ ဒါဟာ လူနာရဲ့ အခြေအနေ အပေါ်မူတည်ကာ ကုသမှုနည်းလမ်းကိုစဉ်းစားတာဖြစ်ကာ ကုသမှုနဲ့ ပတ်သက်ပြီး လူနာတစ်ဦးချင်းစီအတွက် ကိုယ်ပိုင်ကန့်သတ်ချက်၊ ဖော်ပြချက် တွေရှိပါတယ်။

  • လေ့ကျင့်ခန်းအစီအစဉ် - ပေါင်ခြံနဲ့ ဒူးဆစ်နားတစ်ဝိုက်ရှိ ကြွက်သားသန်မာမှု တိုးတက်စေဖို့အတွက် လေ့ကျင့်ခန်းအစီအစဉ်များနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အဆိုပါကြွက်သားတွေဟာ ဒူးဆစ်လှုပ်ရှားဖို့လိုအပ်တဲ့ သန်စွမ်းမှုကို ထောက်ပံ့ပေးသလို သက်ရောက်မှုများကိုကြားခံပေးခြင်း တို့ကိုလုပ်ဆောင်ပြီး ဒူးကို ကြီးမားတဲ့အားစိုက်မှု များမှ ကာကွယ်ပေးရာမှာ လိုအပ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
  • Biological Therapy – အရိုးနုနှင့် အရိုးအတွင်းရှိ အရည်(Synovial Fluid) များရဲ့ မူမမှန်မှုကိုကုသဖို့ ဒီနည်းလမ်းဟာအသုံးဝင်ပါ တယ်။ ဒီကုထုံးအတွင်း နာကျင်မှုနဲ့ ဖိအားများကို သက်သာစေတဲ့  Hyaluronic Acid ထိုးခြင်း ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါ့အပြင်   လူနာရဲ့သွေးဥမွှားကို ခန္ဓာကိုယ်ထဲထိုးသွင်းခြင်း(PRP Injection) နည်းလမ်းဖြင့်လည်း လုပ်ဆောင်နိုင် ပါတယ်။
  • ဆေးဝါးဖြင့်ကုသခြင်း - လူနာရဲ့ နေ့စဉ်ဘဝကိုသိသိသာသာထိခိုက်စေတဲ့ ဒူးနာခြင်းကို သက်သာစေဖို့ သောက်ဆေး(သို့) ထိုးဆေးများဖြင့်လည်း ကုသနိုင်ပါတယ်။
  • ကိုယ်ကာယကုထုံး(Physiotherapy) – ဒီကုထုံးဟာ ဒူးနာခြင်းဝေဒနာသက်သာ ဖို့ အထောက်အကူပြုပါတယ်။ ဒီကုထုံးမှာ အာထရာစောင်းကုထုံး၊ လေဆာဖြင့် ကုသခြင်း၊ ခွဲစိတ်မှုမတိုင်ခင်နဲ့ ခွဲစိတ်ကုသအပြီး ရုပ်ပိုင်းဆိုင်ရာပြန်လည်သက် သာလာဖို့ လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။
  • ကိရိယာဖြင့်ဒူးခွဲစိတ်ကုသခြင်း(Arthroscopic Surgery) – ဒီနည်းလမ်းဟာ သေးငယ်တဲ့ကင်မရာကို ဒူးအတွင်းထည့်သွင်းပြီးပြုလုပ်ရတဲ့ ခွဲစိတ်ကုသမှု နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒူးအတွင်းမှာဖြစ်နေတဲ့ အခြေအနေကို အဆိုပါ ကင်မရာမှ မှတ်တမ်းယူပြီး ခွဲစိတ်ဆရာဝန်မှ ကြည်လင်ပြတ်သားတဲ့ အခြေအနေ ပုံရိပ်ကို မော်နီတာမှာ ကြည့်မြင်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို ကြွက်သား အရွတ်စုတ်ပြဲခြင်း၊ အရိုးနုထိခိုက်မိခြင်း၊ ဒူးလှုပ်မရခြင်း စတာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ သတိပြုရမှာတစ်ခုက ဒီကုသမှုနည်းလမ်းများဟာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ရဲ့ ဆုံးဖြတ်ချက်နဲ့သာလျှင် လုပ်ဆောင်သင့် ပါတယ်။
  • အရိုးအစားထိုးခြင်း(Arthroplasty) – ဒီနည်းလမ်းဟာလည်း ဒူးနာခြင်းဝေဒနာ အတွက် နောက်ထပ်ရွေးချယ်စရာနည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရိုးအစားထိုး ခြင်းနည်းလမ်းဟာ ဒူးဆစ်ရောင်ခြင်းဝေဒနာခံစားနေရသူများရဲ့ ဘဝကို ပိုမိုကောင်းမွန်လာစေပြီး ဒူးဆစ် လှုပ်ရှားနိုင်မှုကို ပိုမိုမြင့်မားစေပါတယ်။ လက်ရှိအချိန်မှာ လူနာများအတွက် အရိုးအစားထိုးခြင်းနည်းလမ်း(၂)ခု ရှိပြီး ဒူးတစ်ခုလုံးအစားထိုးခြင်း နဲ့ လိုအပ်သည့်အစိတ်အပိုင်းများကိုသာအစားထိုး ခြင်း တို့ပဲဖြစ်ပါတယ်။ ကုသမှုနည်းလမ်းတစ်ခုချင်းစီမှာ ကိုယ်စီ အားသာချက်နဲ့ ကန့်သတ်ချက်တွေရှိပါတယ်။

ဒူးနာခြင်းနဲ့ တခြားဆက်စပ်လက္ခဏာတွေဟာ ဖြစ်ရပ်တစ်ခုနဲ့ တစ်ခု မတူ ညီဘူး ဆိုတာကို သိထားဖို့ အရေးကြီးပါတယ်။ ဒူးနာခြင်း ကို စတင်သံသယ ရှိပြီဆိုရင် ရောဂါကိုစောစောစီးစီးသိနိုင်ဖို့ တတ်ကျွမ်းနားလည်တဲ့ အရိုး အထူး ကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်မှသာလျှင် နောက်ပိုင်းမှာ လိုအပ်တဲ့ ကုသ မှုများ ကို ဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့လူနာ အနေနဲ့ ကိုယ့်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးမယ်၊ ခြေထောက် ကြွက်သားတွေ သန်မာဖို့ ပုံမှန်လေ့ကျင့်ခန်းတွေလုပ်မယ်၊ ဒူးကိုဝန်ပိစေမယ့် လှုပ်ရှားမှုကို ရှောင်ကျဉ်မယ် စတဲ့ ကျန်းမာရေးဂရုစိုက်မှုများကို သေချာလုပ်ဆောင်မယ်ဆိုရင် ဒူးနာခြင်းဝေဒနာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင် သလို အရေးကြီးတဲ့ အရိုးအဆစ် များရဲ့သက်တမ်းကိုလည်း ပိုရှည်စေမှာဖြစ်ပါတယ်။

ဆစ်မီတဝေ့မှာရှိတဲ့ ဒူးကျန်းမာရေးကုသမှုဌာန(The Knee Health Center) ဟာ ဒူးအတွက် ခွဲစိတ်ကုသမှုများကိုသာမက ဒူးနဲ့ပတ်သက်တဲ့ ကုသ စောင့် ရှောက်မှု အားလုံးကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ဆစ်မီတဝေ့ ဆေးရုံဟာ ဂျပန်နိုင်ငံ Ajinkya Healthcare Corporation ရဲ့ ထိပ်တန်းအဖွဲ့ အစည်း တစ်ခုဖြစ်တဲ့ Takatsuki General Hospital  နဲ့ ပူးပေါင်းပြီး ဆေးဘက်ဆိုင်ရာ အသိပညာနဲ့ ဗဟုသုတဝေမျှမှုများကို အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပါ တယ်။ ဒီလိုလူသိများတဲ့ အဖွဲ့အစည်းများနဲ့ မိတ်ဖက်အဖြစ်ချိတ်ဆက်ထားခြင်းကြောင့် ဒူးနာခြင်းဝေဒနာ ခံစားနေရတဲ့ လူနာများအတွက် စိုးရိမ်မှုမရှိဘဲ လျှင်မြန်စွာသက်သာပျောက်ကင်း ကာ ပြီးပြည့်စုံတဲ့ဘဝတစ်ခုရရှိစေဖို့  မြင့်မားတဲ့အဆင့်အတန်းတစ်ခုနဲ့ အတူ စွမ်းဆောင်ပေးနိုင်ပါတယ်။

ဆစ်မီတဝေ့မှ ဝန်ထမ်းများအနေနဲ့ လူနာများကိုကူညီဖို့အတွက် အောက်ပါ ဝန်ဆောင်မှုများပေးဖို့အသင့်ရှိနေပါတယ်။

  • အွန်လိုင်းဗီဒီယိုကောလ်မှတစ်ဆင့်ဆရာဝန်နှင့် ကုသမှုအစီအစဉ် ဆွေးနွေးတိုင်ပင်ခြင်း (ဒုတိယရွေးချယ်မှု) ။
  • တခြားဆေးရုံမှ ဆေးမှတ်တမ်းများနဲ့ ခန့်မှန်းကုန်ကျစရိတ်များရှိခဲ့မယ်ဆိုရင် ယူဆောင်လာပါက ကုန်ကျစရိတ်ညှိနှိုင်းကာကုသမှုအစီအစဉ်ရေးဆွဲခြင်း ။
  • ဆစ်မီတဝေ့ရဲ့ တန်ဖိုးတွက်ချက်မှုအဖွဲ့ (Appraisal Team) မှ အာမခံဈေးနှုန်းနဲ့အတူ ကုန်ကျစရိတ်တွက်ချက်ရေးဆွဲခြင်း ( နောက်ဆက်တွဲ ရောဂါမရှိသည့်ကုသမှုအစီအစဉ်များအတွက်သာ)
  • ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာကုမ္ပဏီများနှင့် ဆေးဝါးဝယ်ယူနိုင်သည့်ပမာဏ (Initial Coverage Eligibility) တွက်ချက်ပေးခြင်း (ဆေးရုံနှင့်စာချုပ် ချုပ်ဆိုထားသည့်ကုမ္ပဏီများအတွက်သာ)
အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။