ဆီးကျိတ်ကင်ဆာအတွက်နောက်ဆုံးပေါ်ကုသမှုနည်းပညာ (Robotics Treatment)

ဆီးကျိတ်ကင်ဆာအတွက်နောက်ဆုံးပေါ်ကုသမှုနည်းပညာ (Robotics Treatment)

ပုံမှန်အားဖြင့် ဆရာဝန်တွေဟာ ဆီးကျိတ်ကင်ဆာအတွက်  လူနာရဲ့ PSA(ဆီးကျိတ်ဂလင်းဆဲလ် များ မှထုတ်သော ပရိုတိန်းတစ်မျိုး) စစ်ဆေးခြင်းကို လုပ်လေ့ရှိပါတယ်။ ကင်ဆာဟာ ဆီးကျိတ်ရဲ့ နဂိုဖွဲ့စည်းတည်ဆောက်မှုကို တိုက်ဖျက်တဲ့အချိန်မှာ အဆိုပါပရိုတိန်း (PSA) တွေဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုထဲကို စီးဆင်းသွားပါတယ်။ တကယ်လို့ သွေးထဲမှာ PSA ပါဝင်မှု ပမာဏမြင့်တက် နေတယ်ဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နေတာကို ညွှန်ပြနေတာဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာဖြစ်နိုင်သူများနှင့် ရောဂါလက္ခဏာများ

ဆီးကျိတ်(Prostate)ဟာ အမျိုးသားတွေမှာရှိတဲ့ ဂလင်း တစ်မျိုးဖြစ်ပြီး အရွယ်အစားအားဖြင့် သစ်ကြားသီးအရွယ်(သို့)၎င်းထက် ပိုကြီးတဲ့ အရွယ်အစားရှိကာ ဆီးအိမ်ရဲ့အောက် ၊ စအိုရဲ့ အရှေ့ မှာ တည်ရှိပါတယ်။ ဆီးကျိတ်ရဲ့ အဓိကလုပ်ဆောင်မှုဟာ သုတ်ရည်(Semen) ထဲမှာပါတဲ့ သုတ်ပိုး (Sperm Cells) တွေကို ကြီးထွားလာစေသလို ၎င်းကို ကာကွယ်ပေးတဲ့ အရည်တစ်မျိုး ထုတ်လုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။

ဆီးကျိတ်ကင်ဆာဟာ ဂလင်းဆဲလ်တွေကနေ တစ်ဆင့် ဖွံ့ဖြိုးကြီးထွားလာတာဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါလက္ခဏာတွေအနေနဲ့ ဆီးသွားရခက်ခဲခြင်း ၊ဆီးထဲတွင်သွေးပါခြင်း နဲ့ လိင်တံမထောင်မတ် နိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ အမျိုးသားတွေ အသက်(၅၀)ကျော်လာတဲ့အချိန်ဟာ ရောဂါကြီး ထွားဖို့ အန္တရာယ်အများဆုံး အချိန်ပဲဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံရဲ့ ကင်ဆာရောဂါခွဲစိတ်အထူးကု ဆရာဝန်ကြီး Dr.Isares Saisorn ကတော့ အမျိုးသားတွေဟာ အသက်(၈၀) ပြည့်ချိန်ကျရင် ဆီးကျိတ်ကင်ဆာရောဂါဖြစ်ပွားဖို့ ဖြစ်နိုင်ခြေဟာ (၈၀) ရာခိုင်နှုန်းထိမြင့်တက်သွားတယ်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်း နဲ့ တရိစ္ဆာန်မှရသောအဆီစားသုံးမှုများခြင်း တို့လို အကြောင်းအရင်းတွေ ဟာ  ဆီးကျိတ်ကင်ဆာ ပိုကြီးထွားလာစေသလို လူမျိုးအပေါ်လိုက်ပြီးလည်း ဖြစ်တတ်ပါတယ်။ 

ရောဂါပြင်းထန်မှုအတိမ်အနက်ကိုလိုက်ပြီးရွေးချယ်နိုင်တဲ့ခေတ်မီကုသမှုနည်းလမ်းများ

ပုံမှန်အားဖြင့် ဆရာဝန်တွေဟာ ဆီးကျိတ်ကင်ဆာအတွက်  လူနာရဲ့ PSA(ဆီးကျိတ်ဂလင်းဆဲလ် များ မှထုတ်သော ပရိုတိန်းတစ်မျိုး) စစ်ဆေးခြင်းကို လုပ်လေ့ရှိပါတယ်။ ကင်ဆာဟာ ဆီးကျိတ်ရဲ့ နဂိုဖွဲ့စည်းတည်ဆောက်မှုကို တိုက်ဖျက်တဲ့အချိန်မှာ အဆိုပါပရိုတိန်း (PSA) တွေဟာ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုထဲကို စီးဆင်းသွားပါတယ်။ တကယ်လို့ သွေးထဲမှာ PSA ပါဝင်မှု ပမာဏမြင့်တက် နေတယ်ဆိုရင် ဆီးကျိတ်ကင်ဆာ ဖြစ်နေတာကို ညွှန်ပြနေတာဖြစ်ပါတယ်။ “ ဒီစစ်ဆေးမှုက လုံးဝပြီးပြည့်စုံတဲ့နည်းလမ်းတော့မဟုတ်ဘူးဗျ ။ PSA ပါဝင်မှုကို မြင့်တက်စေတဲ့ တခြား အကြောင်းရင်းတွေလည်းရှိသလို တချို့အကြောင်းအရင်းတွေက မသိနိုင်ဘူး ။ ဒါပေမယ့် အနည်းဆုံးတော့ ဆီးကျိတ်ကင်ဆာ စစ်ဖို့ နည်းလမ်းတစ်ခုတော့ရှိသွားတာပေါ့။  ” လို့ Dr.Isares က ပြောပါတယ်။

ကုသမှုအပိုင်းမှာ ကင်ဆာကြီးထွားမှုအဆင့်အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ ကင်ဆာအခြေ အနေပြင်းထန်မှုကို Gleason Grading System ( ဆီးကျိတ်ကင်ဆာအဆင့်သတ်မှတ်တဲ့ System) အရ ဆုံးဖြတ်ပါတယ်။ Gleson Score များလေလေ ကင်ဆာအဆင့်ကြီးလာလေ ဖြစ်ပြီး ကုသမှု အတွက် ခွဲစိတ်မှု(သို့မဟုတ်) ဓာတ်ကင်ခြင်း ကုထုံးများ လိုအပ်နိုင်ပါတယ်။ အဆိုပါကုသမှုနည်းလမ်း တွေဟာ အများအားဖြင့် မအောင်မြင်သလို လူနာတွေအနေနဲ့လည်း ဆီးမထိန်းနိုင်ခြင်း ၊ လိင်တံမထောင်မတ်နိုင်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ 

Dr.Isares ဟာ ဘေးထွက်ဆိုးကျိုးတွေ လျှော့ချပေးနိုင်တဲ့ ကုသမှုနည်းပညာသစ်တစ်ခုကို အကြံပြု ထားပါတယ်။ High Intensity Focused Ultrasound (HIFU) လို့ ခေါ်တဲ့ မှုနည်းပညာဟာ သာမန် အာထရာစောင်းထက် အဆ (၁၀၀၀၀) ပိုမိုပြင်းထန်တဲ့ အာထရာစောင်းလှိုင်း တွေနဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထားပြီး အပူပေး ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။

HIFU ကို Robotic Arm(HIFUတွင်သုံးသည့်စက်ရုပ်လက်တံကဲ့သို့သောကိရိယာ) နဲ့ ထိန်းချုပ်ထားသလို တစ်ချိန်တည်းမှာပဲ လုပ်ဆောင်မှုတွေကို ဆရာဝန်တွေဆီ ပြသပေးနေ တာကြောင့် ဆီးကျိတ်အနီးနားက အစိတ်အပိုင်းတွေဖြစ်တဲ့ ဆီးအိမ် ၊ ဆီးသွားခြင်းကိုထိန်းချုပ်ပေး သည့်ကြွက်သားများ ၊ လိင်တံထောင်မတ်နိုင်ဖို့ပြုလုပ်ပေးတဲ့နာ့ဗ်ကြောများကို မထိခိုက်စေနိုင်ဘူး လို့ Dr.Isares က ဆိုပါတယ်။

ဆီးကျိတ်ကင်ဆာကိုအချိန်မီသိရှိခြင်း

ဆီးကျိတ်ကင်ဆာစစ်ဆေးမှုကို အတည်ပြုပေးနိုင်တဲ့ လမ်းညွှန်ချက်တွေမရှိပါဘူး။ ဒါပေမယ့် Dr.Isaresကတော့ ကင်ဆာ ကြီးထွားလာ နိုင်သူများ(သို့) မိသားစုဝင်ထဲမှာရောဂါဖြစ်ဖူးတဲ့ ရာဇဝင်ရှိသူများ ကို တစ်နှစ်တစ်ခါ PSA ပမာဏ စစ်ဆေးဖို့ တိုက်တွန်းထားပါတယ်။

“  လေ့လာမှုတွေအရ PSA Leve  အဆင့် (၁) အောက်လျော့နည်းတဲ့ အသက်(၄၅)နှစ်မှ အသက်(၅၀) ကြား အမျိုးသား တွေဟာ သူတို့ဘဝမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်း နည်းနည်းလေးပဲရှိပါတယ်။   ” လို့ Dr.Isares က ပြောပါတယ်။ ဒါကြောင့်လည်း အသက်(၅၀) ကျော်ရင် (၂)နှစ် သို့မဟုတ် (၃)နှစ် တစ်ကြိမ်လောက် စစ်ဆေးဖို့ သူက ပြောတာပါ။

ဘဝနေထိုင်မှုပုံစံဟာလည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကိုလျှော့ချပေးနိုင်တယ်လို့ Dr.Isares က အကြံပေးပါသေးတယ်။ အဆိုပါနေထိုင်မှု အမူအကျင့်တွေကတော့ ဆေးလိပ်ဖြတ်ခြင်း ၊ တိရစ္ဆာန်မှရတဲ့အဆီအနည်းငယ်သာပါတဲ့ အစားအသောက်များကိုစားသုံးခြင်း ၊ ဗီတာမင်ဒီဓာတ်များများရအောင်နေထိုင်ခြင်း စတဲ့ နေထိုင်မှု ပုံစံတွေပဲဖြစ်ပါတယ်။ 

Interview originally published on www.globalhealthandtravel.com

Photo Credit: red line highway via Compfight cc

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။