ရှေ့ဦးစွာကျွန်တော်တို့မိသားစုဘုရားသခင်ရဲ့ ဂုဏ်တော်ကိုချီးမွမ်းပါတယ်။ ဘုရားရှင်က တကယ်ကို ကောင်းမြတ်ပါတယ်။ကျွန်တော်တို့သားလေးဦးနှောက်အကျိတ် တွေ့တယ်လို့ကြားကြားရခြင်းမှာ ကျွန်တော်တို့တကယ်ကိုခံစားရပါတယ်။ ကျွန်တော့်အမျိုးသမီးဆိုရင် သတိလစ်သွားပြီးစကားတောင် မပြောနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အမျိုးသမီးဟာလည်း ဘုရားသခင်ရဲ့အကာအကွယ်အစောင့် အရှောက်မှုနှင့် ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများဖေးမှကူညီမှုများကြောင့် သူပြန်လည်ကျန်းမာလာခဲ့ ပါတယ်။ ကျွန်တော်အနေနဲ့အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့အတွက်ကြောင့်မိသားစုအတွက် ကျွန်တော်အားတင်းခဲ့ရပါတယ်။ တစ်ရက်ဖြစ်ဖြစ်နှစ်ရက်ဖြစ်ဖြစ် ဒီသားလေးအသက်ရှင်ရေးအတွက် ကျွန်တော်အတက်နိုင်ဆုံးကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲ ကျွန်တော်၊ ကျွန်တော့်အမျိုးသမီး၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများအားလုံးဟာ အဆုံးအထိတိုင် သားလေးကို ကျွန်တော်တို့ ကုသမှုများဆောင်ရွက်ပေးနိုင်ဖို့အတူတကွကြိုးစားခဲ့ပါတယ်။
သားလေးရဲ့ရောဂါကိုရန်ကုန်မှာကုသမှုခံယူမယ်ဆိုရင်တောင်ငွေကြေးမြောက်များစွာကုန်ကျမယ်ဆိုတာ ကျွန်တော့်တို့အားလုံးသိပါတယ်။ ဘန်ကောက်ကိုလာမယ်ဆိုရင်ပိုပြီးကုန်မယ်ဆိုတာ ကျွန်တော် တို့အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သားလေးကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်တို့ ဘန်ကောက်ဆစ် မီတဝေ့ကလေးဆေးရုံမှာ လာရောက်ကုသမှုပြုခဲ့ပါတယ်။ ကျွန်တော်တို့ကခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါတယ်။ကုသမှုခံယူနေစဉ်အချိန်မှာကျွန်တော်တို့မိသားဆုမိတ်ဆွေသူငယ်ချင်းများအားလုံးဟာလည်းဆုတောင်းပေးခဲ့ကြပါတယ်။ အာလုံးက ဝိုင်းဝန်းပြီးတော့ မေတ္တာပြကြတယ်။ သားလေး ခွဲစိတ် ခန်းထဲဝင်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့အရမ်းကိုစိုးရိမ်ခဲ့ရတယ်။
သားလေးက ၅ လ – ၆ လနီးပါးသားလေးကစကားမပြောတော့ဘူး၊ လက်လည်းမလုပ်ဘူး။ ကျွန်တော်တို့အရမ်းကိုဝမ်းနည်းပြီးစိတ်ပူရတယ်။
ကျွန်တော်တို့အနေဖြင့် သားလေးရဲ့အခြေအနေကို ကြည့်ပြီးတစ်ခါတစ်ရံ မှာလက်မြောက်ချင်တဲ့စိတ်တွေဖြစ်ခဲ့ရတဲ့အချိန်များလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ လက်မြောက်အရုံးပေးလိုက်ရင်တော့မဖြစ်ဘူးဆိုပြီး ဆုတောင်းခြင်းနဲ့သွားခဲ့ရတယ်။ ကျွန်တော်တစ်ခါတစ်ရံမှာ သူအစားကျွန်တော်သာဖြစ်လိုက်ချင်တယ်လို့ဖြစ်ခဲ့ရတဲ့အချိန်တွေလည်းများစွာရှိခဲ့ဖူးပါတယ်။ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့် ကျွန်တော်တို့ဆရာဝန်ကောင်းတွေနဲ့တွေ့ခဲ့ရတယ်။ ကျွန်တော်တို့မိသားစုအားလုံးကလည်း ကလေးဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Panu Nacharoong ၊ ကလေးဦးနှောက် နှင့် အာရုံကြောအထူးကုဆရာဝန်မကြီး Navarat Rungteeranon ၊ သူနာပြုများ ၊ ဆစ်မီတဝေ့ဆေးရုံမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။