ဆစ်မီတဝေ့ဆေးရုံကြီး အကြောင်း

အသက်အန္တရာယ်ဖြစ်သည်အထိဦးနှောက်ထိခိုက်ခဲ့တဲ့အိုက်စ်လန်နိုင်ငံသား တစ်ယောက်ရဲ့အိမ်အပြန်ခရီးစဉ်

အသက်အန္တရာယ်ဖြစ်သည်အထိဦးနှောက်ထိခိုက်ခဲ့တဲ့အိုက်စ်လန်နိုင်ငံသား တစ်ယောက်ရဲ့အိမ်အပြန်ခရီးစဉ်

Teitur Tomas Thorlaksson နဲ့ သူ့ရဲ့ ရည်းစားဖြစ်သူတို့ဟာ ပျော်ရွင်စရာ ခရီးစဉ်တစ်ခုအဖြစ် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့စုံတွဲဟာ မမျှော်လင့်ဘဲ Hua Hin ကမ်းခြေမှာ ဆိုင်ကယ် မတော်တဆမှု တစ်ခုနဲ့ ကြုံတွေ့ရခဲ့ရပြီး ပျော်စရာအချိန်တွေဟာ ရုတ်ချည်း ဆိုသလို ဆိုးရွားတဲ့ အခြေအနေဆီကိုပြောင်းလဲသွားခဲ့ပါတယ်။ Teitur ရဲ့ ဒဏ်ရာဟာ အရမ်းဆိုးရွားသွားခဲ့ ပြီး အသက်ဆက်လက်ရှင်ဖို့တောင် မသေချာ တဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရပါ တယ်။ ကံကောင်းထောက်မစွာနဲ့ အိုက်စ်လန်နိုင်ငံသား Teitur ဟာ Hua Hin က ဆေးရုံမှာ အတော်သက်သာတည်ငြိမ်လာအောင် ကုသထိန်းသိမ်းထားနိုင်ခဲ့ပြီး နောက်  ဘန်ကောက်မှာ ရှိတဲ့ ဆစ်မီတဝေ့ဆေးရုံမှာပြောင်းလဲ တက်ရောက်ခဲ့ ကာ အကြီးစားခွဲစိတ်မှုပေါင်းများစွာ ခံယူခဲ့ရပါတယ်။ ကုသမှု၊ ပြန်လည်သက်သာ လာမှုအပြင် နဂိုမူလအခြေအနေအတိုင်းပြန်လည်ကောင်းမွန်လာဖို့ အတွက် အချိန်(၃)လ ကြာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ Teitur ဟာ မိခင်မြေ အိုက်စ်လန်နိုင်ငံကို ခရစ္စမတ်အမီ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ Teitur ကို နဂိုမူလ အခြေအနေဆီ ပြန်လည် ရောက်ရှိစေ ခဲ့တဲ့ ဆစ်မီတဝေ့ဆေးရုံရဲ့ ကုသမှုအဖွဲ့နဲ့ ဆေးရုံ Avaiation Department ရဲ့ ဝန်ဆောင်မှုဟာ သူ့ဘဝတစ်လျှောက်အတွက် အမြဲတမ်း ကျေးဇူးတင်အမှတ်ရ စရာဖြစ်ခဲ့ပါတယ်။ သားဖြစ်သူရဲ့ ဘဝကို ကယ်တင်ပေးခဲ့တဲ့ ဆစ်မီတဝေ့ဆေးရုံ အကြောင်းကို Teitur ရဲ့ ဖခင်ဖြစ်သူက ယခုလိုပဲ ပြောကြားခဲ့ ပါတယ်။

သားဖြစ်သူရဲ့အခြေအနေကိုဖခင်ဖြစ်သူဘယ်လိုစတင်မြင်တွေ့ခဲ့ရသလဲ

Hua Hin မှာ အပန်းဖြေခရီးထွက်နေတဲ့ ကျွန်တော့်သားနဲ့ သူ့ရည်းစားက မမျှော်လင့်ဘဲ လမ်းမှာ မတော်မဆမှု ဖြစ်ပွားခဲ့တာကနေ စတာပါပဲ။ ဒီကိစ္စ ကို အိုက်စ်လန်မှာရှိနေတဲ့ ကျွန်တော်နဲ့ ဇနီးဖြစ်သူ ဖုန်းထဲကနေတစ်ဆင့်သိခဲ့ရပါ တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ကတိုက်ကရိုက်ပဲ ထိုင်းကိုရောက်လာခဲ့တယ်။ Hua Hin က ဆေးရုံမှာ သူတို့ကို ရှာတွေ့ခဲ့တယ်။ ကျွန်တော့်သားက ခေါင်းကို တော်တော်လေးကို ထိခိုက်ခဲ့တာပါ။ ဦးနှောက်နဲ့ ဆက်ထားတဲ့အာရုံကြောထိခိုက်မိပြီး ဦးနှောက်အတွင်းပိုင်းက Right Basal Ganglia  သွေးယိုတယ်။ နှာခေါင်းနှစ်ဖက်ကို ကန့်ထားတဲ့ Nasal Septum ကျိုး သွားတယ်။ အပေါ်မေးရိုးဘယ်ဘက်ကျိုးသွားတယ်။ အဆုတ်နှစ်ဖက်လုံး ထိသွား တယ်။ ဘယ်ဘက်လက်မောင်းရိုးအထဲမှာကျိုးသွားတယ်။ ဘယ်ဘက်လက်ဖျံရိုး ကလည်း အပိုင်းပိုင်းကျိုးသွားတယ်။ ဘယ်ဘက်ညှပ်ရိုးကျိုးသွားတယ်။ ညာဘက်ဒူးဆစ်အပိုင်းပိုင်းကျိုးသွားတယ်။ အဖျားကလည်းမကျဘဲ နှလုံးခုန်နှုန်း ကလည်း မမှန်ဘူး။

ခြုံပြောရမယ်ဆိုရင်တော့ သူ့ အခြေအနေက လုံးဝဆိုးတယ်။ ဦးနှောက်ကလည်း ထိခိုက်ထားပြီး ရောင်ကိုင်းနေတယ်။ သူ့ရဲ့ ဘယ်ဘက်ခြမ်းက တော်တော်လေး ဆိုးဆိုးရွားရွားထိခိုက်မိခဲ့တယ်။ ညာဘက်လက်မောင်းကလည်း ကျိုးတယ်။ ဘယ်လက်ခြေထောက်ကလည်း နှစ်နေရာလောက် ကျိုးသွားတယ်။ သူ့ နှာခေါင်း၊ မေးစေ့ရိုး၊ ပုခုံး အားလုံးက ကျိုးသွားခဲ့တာဗျ။

သူ Hua Hin မှာ ရှိနေတဲ့အချိန်မှာ ဦးနှောက်က ဖူးရောင်နေတော့ ဦးခေါင်းခွံ ကလည်း ပွင့်နေတယ်။ နောက် နှစ်ရက်လောက်ကြာတော့ ဆစ်မီတဝေ့ဆေးရုံ ကို ပြောင်းတက်ဖို့ သူ အဆင်သင့်ဖြစ်လာခဲ့တယ်။ အဲဒီအချိန်မှာ သူ့အခြေ အနေက အရမ်းကို ဆိုးရွားနေပြီး အကောင်းအတိုင်းပြန်မဖြစ်နိုင်တော့ဘူးလို့ ကို ထင်ခဲ့မိတာ။ သူ့အတွက် တော်တော်လေး ခက်ခဲကြမ်းတမ်းခဲ့တဲ့အခြေအနေ ပေါ့။

ဆစ်မီတဝေ့ဆေးရုံကိုပြောင်းရွေ့ကုသမှု

ကျွန်တော်တို့ကို ကုသဆောင်ရွက်ပေးမယ့် ပုဂ္ဂိုလ်တစ်ယောက်နဲ့ တွေ့ခဲ့ရပြီး သူက X-Ray ဌာနကိုခေါ်သွားတယ်။ X-Ray ရိုက်ပေးခဲ့တယ်။ အဲဒီကနေတစ်ဆင့် အထူးကြပ်မတ်ကုသဆောင်(ICU) ထဲကို ထည့်ထားခဲ့ပါတယ်။ ကျွန်တော့် သား က ICU ထဲမှာ (၃)ပတ်လောက်နေခဲ့ရတယ်။ အဲဒီအချိန်မှာ သူ့ရဲ့ အဓိက ပြသနာ က သူ့ ဦးနှောက်ပဲဖြစ်ပါတယ်။ ဦးနှောက်က အများကြီး ရောင်နေခဲ့တာ။ ဒီလိုနဲ့ သူ ICU ထဲမှာ (၃)ပတ် ကြာသွားတယ်။

ဆစ်မီတဝေ့ဆေးရုံမှာခွဲစိတ်ကုသမှု

တကယ်တော့ ကုသမှုရဲ့ ပထမဆုံးအဖြစ် ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့ရတာပါ။ သူ့ ဦးနှောက်က တော်တော်လေးကို ရောင်နေခဲ့တယ်လေ။ ဦးနှောက်က နည်းနည်း လေး အခြေအနေကောင်းစပြုလာတဲ့အချိန်မှာ ဆရာဝန်တွေက တခြား ထိခိုက်ထားတဲ့ဒဏ်ရာတွေကို အဓိကဦးစားပေးခဲ့ပါတယ်။  ကျိုးနေတဲ့ လက်မောင်းကိုခွဲစိတ်တယ်။ (၄)နေရာကျိုးနေတဲ့ ပုခုံးနဲ့ (၂)နေရာကျိုး နေတဲ့ ဘယ်ဘက်နံရိုးတွေကို ခွဲစိတ်ကုသတယ်။ အဓိက ခွဲစိတ်ကုသမှု (၄) ကြိမ် လုပ်ခဲ့ ရပါတယ်။ မတော်မဆထိခိုက်မှု ဖြစ်စဉ်အပြီး (၃) လအကြာ အောက်တိုဘာလ (၁၉)ရက်နေ့မှာ သူ့ရဲ့ ဦးခေါင်းခွံက ပြန်စေ့သွားတယ်။ နောက်ထပ်ခွဲစိတ်ကုသမှု တွေလုပ်ဖို့ ထပ်လိုခဲ့ပါသေးတယ်။

ခွဲစိတ်ကုသမှုပြုလုပ်စဉ်တစ်လျှောက်လူနာနဲ့ပတ်သက်ပြီးအလုံးစုံသိခွင့်ရခဲ့

ဒါဟာ တကယ့်ကိုကောင်းပါတယ်။ ဘာနဲ့မတူတဲ့ ခံစားမှုမျိုးပါ။ ဆေးရုံစရောက် ကတည်းက ကျွန်တော့်သားဆီကို နေ့စဉ်လာကြည့်ပေးတဲ့ ဆရာဝန်အဖွဲ့ တစ်ဖွဲ့ ရှိတယ်။ တစ်ခုခု ဘာပဲဖြစ်ဖြစ် … နောက်ဆုံး သွေးနမူနာယူတယ်ဆိုရင်တောင် ဘာကဘယ်လို ရလဒ်ကဘယ်လို စသဖြင့် ကျွန်တော်တို့ကို အချက်အလက်တွေ ပြောပြတယ်။ အားလုံးက ကျွမ်းကျွမ်းကျင်ကျင်နဲ့လုပ်ဆောင်ပြီး နေ့စဉ် update အခြေအနေကို ကျွန်တော်တို့ကိုအသိပေးတယ်။ သားဆီကို ဆရာဝန်တွေ လာကြည့်ပြီဆိုရင် သူတို့က ကျွန်တော့်ကို မိဘလိုပဲ သဘောထား ပြီး လူနာရဲ့ အခြေအနေ၊ ဘာတွေလုပ်ပြီးပြီ၊ တိုးတက်လာမှုအခြေအနေ စတာတွေ ကို ပွင့်ပွင့် လင်းလင်းပြောပြတယ်။ ဆိုတော့ ကျွန်တော်တို့ကလည်း ကိုယ့်သားနဲ့ပတ်သက် ပြီး ဘာတွေလုပ်ခဲ့တယ်၊ လက်ရှိအခြေအနေကဘယ်လို၊ အနာဂတ်မှာဘာဆက် ဖြစ်မလဲ စသဖြင့် သိရတာပေါ့။ ဒါက တကယ့်ကိုကျေနပ်စရာပါ။ 

ဆစ်မီတဝေ့မှဆရာဝန်အဖွဲ့ရဲ့အရည်အချင်းနဲ့ကုသမှုအပေါ်မှတ်ချက်စကား

အနောက်ဥရောပနိုင်ငံကနေ လာခဲ့သူတစ်ယောက်အတွက် အများကြီး မျှော်လင့် မထားခဲ့ပါဘူး။ ဒါပေမယ့် Hua Hin က ဆေးရုံမှာတုန်းက အခြေအနေနဲ့ ဒီကို ရောက်လာတဲ့ အခြေအနေကို မြင်ခဲ့ပြီးနောက်မှာ ကျွန်တော်တို့ကို ပြောဆို ဆက်ဆံတာ ရှင်းပြတာတွေအတွက် ကျွန်တော်အရမ်းကျေနပ်ခဲ့ရပါ တယ်။ အားလုံးက သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်ကြတယ်။ ဆရာဝန်တွေရဲ့ ပရော် ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မှုကတော့ အံ့မခန်းပါပဲ။ အစကတော့ ယုံကြည်မှု သိပ်မရှိဘူး။ ဒါပေမယ့် ဒီကို စပြီးရောက်လာချိန်ကစလို့ သူတို့ဟာ တကယ်ပဲ ကျွမ်းကျင်ထက်မြက်ကြတယ်ဆိုတာကို ခံစားလာရတယ်။ ချက်ချင်း သိလိုက်ရ တာကတော့ ဒီဆေးရုံဟာ တကယ်ကောင်းမွန်တဲ့နေရာတစ်ခုဆိုတာ ပါပဲ။ကိုယ့်သား ဖြစ်နေတော့ ကုသမှုက တကယ်ထိရောက်ရဲ့လား၊ ကျွမ်းကျင်မှု ရှိကြ ရဲ့လားဆိုတာကို သိထားဖို့က အဓိကကျပါတယ်။ ဒီဆေးရုံက လာရောက်ကုသ ဖို့ တကယ်ကောင်းမွန်တဲ့ဆေးရုံတစ်ခုပါ။ ဆရာဝန်တွေ နဲ့ ကုသမှုအဖွဲ့တွေ အားလုံးဟာ တကယ့်ကိုပဲ တတ်ကျွမ်းနားလည်သူတွေဖြစ်လို့ ကျွန်တော်တို့ ပျော်ရွှင်ကျေနပ်ရပါတယ်။ ကျွန်တော်တို့ အိုက်စ်လန် ကဆရာဝန်တွေနဲ့လည်း အမြဲ အဆက်အသွယ်မပြတ်ခဲ့ဘူး။ ဆစ်မီတဝေ့က ဆရာဝန်တွေက တော်တယ်၊ ထူးချွန်ထက်မြက်ကြတယ်ဆိုတာ ကြားကြတော့ အိုက်စ်လန်က ဆရာဝန်တွေ လည်း ဝမ်းသာကြတယ်။ လုံးဝကို စိတ်ချလက်ချနေနိုင်တာပေါ့။ ဆစ်မီတဝေ့က ဆရာဝန်တွေ သိပ်တော်တယ်ဆိုတာကို ကျွန်တော့်နှလုံးသားထဲက ကို သိနေတယ်။ သူတို့ လုပ်ပုံကိုင်ပုံတွေ စနစ်တကျဖြစ်တယ်ဆိုတာကို ကျွန်တော် နိုင်ငံရပ်ခြားကနေ အတည်ပြု ပြောရဲတယ်။ အရမ်းကို ကျေနပ်ပျော်ရွှင်စရာ ကောင်းပါတယ်။

မူလအခြေအနေအတိုင်းပြန်လည်ကောင်းမွန်လာခြင်း

ဆရာဝန်တွေရဲ့ ကုသမှုအားလုံးပြီးနောက်မှာ မူလအခြေအနေအတိုင်းကျန်းမာ ရေးပြန်လည်ကောင်းမွန်အောင် စတင်လုပ်ဆောင်ဖို့ဟာလည်း အရေးကြီးပါ တယ်။ သေချာပေါက် ကျွန်တော်တို့စိတ်ထဲမှာ ခံယူထားတာကတော့ ဒါဟာ အရမ်းကောင်းမွန်တဲ့ ကုသမှုတစ်ခုကို လုပ်ဆောင်ခဲ့တယ်ဆိုတာပါပဲ။ ဆစ်မီတဝေ့ ဆေးရုံရဲ့ ကျွမ်းကျင်မှုအတွက် ကျွန်တော်တို့ ဝမ်းသာပျော်ရွှင်ရပါတယ်။ ပြန်လည်ကျန်းမာသန်စွမ်းလာစေရေးအဖွဲ့ ကလည်း အကောင်းဆုံး လုပ်ပေးခဲ့ပြီး သေချာဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော့်သားက ဆစ်မီတဝေ့ဆေးရုံမှာ နွေးထွေးတဲ့ လက်တွေနဲ့ ကုသစောင့်ရှောက်မှုခံယူခဲ့တယ်လို့ ကျွန်တော် ခံစားမိတယ်။ ပြီးတော့အိမ်ကနေဖုန်းခေါ်ပြီး ဆရာဝန်တွေကို ဘာတွေလုပ်နေလဲလို့မေးတာနဲ့ မေးတဲ့အချိန်တိုင်း သူတို့ ဘာလုပ်ပေးနေတယ်ဆိုတာကို ဖြေပေးတယ်။ ဒါကလည်း ဆစ်မီတဝေ့ဆေးရုံက ဆရာဝန်တွေရဲ့ စွမ်းရည်နဲ့ပတ်သက်လို့ စိတ်ကျေနပ်ဖို့ကောင်းတဲ့ နောက်တစ်ချက်ပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့ပဲလိုလို ဥပမာ-ဗီဇာဝန်ဆောင်မှုနဲ့ပတ်သက်ပြီး သိချင်တယ်၊ အပြင်မှာ တစ်ခုခုလိုအပ်တယ်ဆိုရင် အောက်က Service Counter ဆီ ဆင်းသွားလိုက်တာနဲ့ ကိုယ်လိုချင်တာကို သူတို့ လုပ်ပေးတယ်။ တကယ့်ကို ဂရုစိုက်ကြတာဗျ။ ကိုယ့်ကိုတွဲခေါ်ပြီး သူတို့ရဲ့ အကောင်းဆုံးဝန်ဆောင်မှုတွေကို ပေးတယ်ဆိုတော့ ကျွန်တော့်အနေနဲ့က လူနာကို ဦးစားပေးဂရုစိုက်နိုင်တာပေါ့။ ပြီးတော့ ပြည်ပနိုင်ငံရောက်နေသူတစ်ယောက်အနေနဲ့ရော မိဘတစ်ယောက် လိုပါ အကူအညီတွေပေးတယ်။ ကျွန်တော်ဆိုရင် ဒီမှာပဲရှိနေပေမယ့် ကျွန်တော့် ကုမ္ပဏီအလုပ်ကို ဆက်လုပ်နေလို့ရတယ်။ Customer Service ကနေ ဒီလိုမျိုး အထောက်အကူရတာ ကောင်းပါတယ်။ ဆစ်မီတဝေ့ဆေးရုံကို လုံးဝကို အပြည့်အဝ ထောက်ခံမှုပေးပါတယ်။

အိုက်စ်လန်နိုင်ငံပြန်ရောက်သည်အထိဝန်ဆောင်မှုပေးတဲ့ဆစ်မီတဝေ့ဆေးရုံ

ပထမတော့ ကျွန်တော်တို့ရဲ့ အာမခံကုမ္ပဏီက ကျွန်တော့်သားကို အိုက်စ်လန် ပြန်ရောက်အောင်ပို့ပေးမယ်ထင်ထားတာ။ ဒါပေမယ့်လည်း သူတို့ဘက်က ကျွန်တော်တို့လိုချင်တဲ့ဝန်ဆောင်မှုကို မဖြည့်ဆည်းပေးနိုင်ခဲ့ဘူး။ နောက်ဆုံး ကျွန်တော်တို့ Medical Aviation Department ကို ပြန်လာခဲ့တယ်။ သူတို့က နွေးနွေးထွေးထွေးနဲ့ ကျွန်တော်တို့လိုအပ်ချက်ကို ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ အိမ်ပြန်နိုင်ဖို့ကို သူတို့ စီစဉ်ပေးခဲ့တယ်။ နှစ်ရက်အတွင်းမှာပဲ ဒီကဆေးအဖွဲ့နဲ့အတူ ကျွန်တော်တို့ အိုက်စ်လန်ကို ပြန်ခဲ့ကြပါတယ်။ အရာအားလုံးက ကလစ်တစ်ချက်နှိပ်လိုက်ရုံနဲ့ အဆင်ပြေသွားသလိုပါပဲ။ ဒီလိုမျိုးအလေးထားမှုအတွက် ကျွန်တော်အရမ်းကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။
 

 

အဆင့်သတ်မှတ်ချက်