ချင်းရိုင်မှာ နေထိုင်တဲ့ ဗြိတိန်နိုင်ငံသား John Laycok ဟာ အသားဝါ(Juandice) လက္ခဏာများ စတင်ခံစားရလာတဲ့အချိန်မှာ ဘန်ကောက်မှာရှိတဲ့ ဆစ်မီတဝေ့ ဆေးရုံမှာပြသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါဟာ မှန်ကန်ပါးနပ်တဲ့ ဆုံးဖြတ်ချက်တစ် ခုလို့ ဆိုရမှာပါပဲ။ John ဟာ ဆေးရုံမှာ ရောဂါရှာဖွေတဲ့အခါမှာ ပန်ကရိယ (မုန့်ချိုအိတ်) ကင်ဆာ ဖြစ်ပွားနေရကြောင်းတွေ့ရှိခဲ့ရပြီး နောက်ထပ်(၄၈)နာရီ မတိုင်ခင်မှာပဲ ခွဲစိတ်ကုတင်ပေါ်မှာ ကုသမှုခံယူဖြစ်ခဲ့ပါတယ်။ အခုဆိုရင် John ဟာ ပြန်လည် သက်သာလာခဲ့ပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလိုမျိုး ပြန်လည်သက် သာလာတာဟာ မြန်မြန်ဆန်ဆန်ရောဂါရှာဖွေနိုင်မှု၊ မဆိုင်းမတွပြုလုပ်ခဲ့တဲ့ ကိရိယာသုံးခွဲစိတ်ကုသမှု(Laparoscopic Surgery)၊ ဆစ်မီတဝေ့ဆေးရုံမှ ဆရာဝန်အဖွဲ့ တို့ ကို ကျေးွွဇူးတင်ရမှာပါပဲ။ ဆစ်မီတဝေ့ဆေးရုံမှာ လုပ်ဆောင်ခဲ့တဲ့ ရောဂါရှာဖွေမှု၊ ကုသမှု၊ ပြန်လည်သက် သာလာမှု၊ ကုသစောင့်ရှောက်မှု စတာတွေနဲ့ပတ်သက် ပြီး သူ့ရဲ့အတွေ့အကြုံကို John က အခုလိုပဲ ပြန်လည်ပြောပြခဲ့ပါတယ်။