ဒီဒဏ်ရာအခြေအနေဟာ ပိုဆိုးသွားမယ်ဆိုရင် လေဖြတ်တဲ့အထိဖြစ်သွားနိုင်တာ ကြောင့် ရောဂါရှာဖွေမှု အတည်ပြုပြီးပြီးချင်းမှာပဲ ခွဲစိတ်ကုသမှုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။ Vincent ဆေးရုံရောက်ပြီး (၈)နာရီအကြာမှာပဲ မေ့ဆေးထိုးပြီး သူ့ရဲ့ ခါးရိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။
ခွဲစိတ်ကုသမှ ရမယ်ဆိုတာကို ကြားရပြီးနောက် Vincent ဟာ စိုးရိမ်စိတ်တစ်ခု ဝင်သွားခဲ့ပါတယ်။ ခွဲစိတ်ကုသမှုရဲ့ ပြင်းထန်တဲ့ သဘောသဘာဝကို သူ ကြားဖူးထားတယ် မဟုတ်လား။“ ကျွန်တော်ဒီရောက်လာတော့ Dr.Paiboon နဲ့ စကားပြောကြည့်တယ်။ သူက ကျွန်တော့်အခြေအနေ ဘယ်လိုဆိုတာကို ရှင်းပြတယ်။ ခွဲစိတ်မှုမတိုင်ခင် ကျွန်တော် ဘာတစ်ခုမှ မယုံနိုင်ခဲ့ဘူးဗျာ။ စဉ်းစားကြည့်လေ လူတိုင်းမှာ အသက် တစ်ချောင်းပဲရှိတယ်။ အဲဒါကို သူများလက်ထဲ ဝ ကွက် အပ်လိုက်ရမှာလေ။ ” လို့ Vincent က ခွဲစိတ်မှုမတိုင်ခင် သူ့ရဲ့ စိုးရိမ်စိတ်ရှိခဲ့ပုံအကြောင်း ပြောပြပါတယ်။
Dr.Paiboon နဲ့ သူ့ရဲ့ ဝါရင့် အရိုးအကြော ဆရာဝန် အဖွဲ့နဲ့ တွေ့ဆုံခဲ့ခြင်းက Vincent အတွက် ကံကောင်းသွားခဲ့တဲ့ အချက်ပါပဲ။
“ ခွဲစိတ်မှုက အလုပ်ဖြစ်တယ် မြန်တယ်။ တော်တော်လေးကို မြန်တယ်ဗျ။ ဒါက ကောင်းပါတယ်။ အခုတော့ အကောင်းဆုံးရွေးချယ်မှုတစ်ခုကို လုပ်နိုင်ခဲ့ပြီဆိုတာ ကို ကျွန်တော် ရဲရဲကြီး ပြောနိုင်ပါပြီ။ ခွဲစိတ်ကုသမှုအတွက် ကိုယ့်နိုင်ငံကိုယ် ပြန်သွားမယ်ဆိုရင် ဒီလိုမျိုး ပိုကောင်းလာမယ်လို့ ကျွန်တော် မထင်ဘူး။ ” လို့ Vincent က ပြောပါတယ်။
ခွဲစိတ်မှုအောင်မြင်သွားတာနဲ့တစ်ပြိုင်နက် Vincent ဟာ ပြန်လည်ကောင်းမွန်လာ ဖို့ လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်ခဲ့ပါတယ်။
“ ခွဲစိတ်မှုအပြီးမှာ ဒီကသူနာပြုတွေက ကျွန်တော့်ကို အနီးကပ်ပြုစုတယ်။ သူတို့ အားလုံးက ဖော်ရွေတယ် အလုပ်ကို ပရော်ဖက်ရှင်နယ်ကျတယ် အရမ်းကောင်း တယ်။ ပထမတော့ ကံဆိုးစွာနဲ့ မတော်တဆဖြစ်ရပ်နဲ့ကြုံခဲ့ရတယ်ဆိုဦးတော့ ဆစ်မီတဝေ့ဆေးရုံကိုရောက်လာပြီးခွဲစိတ်ကုသမှုခံယူလိုက်ရတာက အရမ်းကို ကောင်းသွားတယ်။ ဒီကတစ်ဖွဲ့လုံးက ကျွန်တော့်ကို အရမ်းကူညီပေးကြတယ်။ ကျွန်တော် ဘယ်အချိန် ဘာမေးမေး ဖြေပေးကြတယ်။ သူနာပြုအဖွဲ့ဆိုရင်လည်း ကျွန်တော်ဒီမှာ ရှိနေစဉ် အဆင်အပြေဆုံးဖြစ်အောင် အတတ်နိုင်ဆုံး လုပ်ပေးကြ တယ်။ Dr.Paiboon နဲ့တကွ သူနာပြုအဖွဲ့အားလုံးကို အရမ်းကျေးဇူးတင် ကြောင်းကို ဒီကနေ တစ်ဆင့် ပြောချင်ပါတယ်။ ”
Dr.Paiboon ကလည်း ကုသမှုရလဒ်အပေါ်ဘယ်လောက် ဝမ်းသာပီတိဖြစ် ကြောင်းကိုလည်း ယခုလို သုံးသပ်ပြောကြားပေးခဲ့ပါသေးတယ်။
“ လူနာက တကယ်ကိုကံကောင်းတယ်ဗျ။ ခွဲစိတ်မှုအပြီးမှာ အရမ်းကောင်းတဲ့ ဆေးအဖွဲ့ရဲ့ စောင့်ရှောက်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲပြဿနာတွေလည်း ဘာမှ မကြုံခဲ့ရပါဘူး။ (၁)ရက်-(၂)ရက်လောက် အတွင်းမှာကို မတ်တပ်ရပ်ပြီး လမ်းပြန်လျှောက်နိုင်ခဲ့ပါတယ်။ ဒါက အံ့ဩစရာကောင်းပါတယ်။ ” လို့ Dr.Paiboon က ဆိုပါတယ်။
အလားတူ ခါးရိုးထိခိုက်မှု ကြုံတွေ့ရသူများအတွက် Dr.Paiboon က အကြံပြု စကား ပြောကြားခဲ့ပါ တယ်။
“ တကယ်လို့လူနာဟာ ခါးရိုးနဲ့ပတ်သက်ပြီး တစ်ခုခု ထိခိုက်မှုရှိခဲ့တယ်ဆိုရင် အရေးကြီးတာက စိုးရိမ်မလွန်ဖို့ပါ။ လှုပ်ရှားမှုမပြုဘဲ ဆေးရုံ ပို့ပေးမယ့်သူလိုမျိုး ကိုယ့်ကို ကူညီပေးမယ့်သူတွေလာတဲ့အထိ အတတ်နိုင်ဆုံး ငြိမ်ငြိမ်လေး နေပြီး စောင့်နေပါ။ ကိုယ့်ကို လာခေါ်တဲ့သူထဲမှာလည်း အတွေ့အကြုံရှိတဲ့ ကျန်းမာရေး ဝန်ထမ်း ပါဝင်ဖို့လိုပါတယ်။ ဘာအကြောင်းကြောင့်ဖြစ်စေ မတ်တပ်ရပ်တာမျိုး လမ်းလျှောက်တာမျိုး မလုပ်ပါနဲ့။ ဒါက ပိုပြီးဆိုးရွားသွားစေပါတယ်။ အခန့်မသင့် ရင် လမ်းမလျှောက်နိုင်တော့တဲ့အထိ(သို့) တစ်သက်လုံး မသန်မစွမ်း ဖြစ်သွားစေ တဲ့အထိ ဖြစ်နိုင်ပါတယ်။ အနီးစပ်ဆုံးဆေးရုံနဲ့ဆက်သွယ်တာ ဒါမှမဟုတ် အရိုးအကြော အထူးကု စင်တာတစ်ခုဆီသွားဖို့ကို အကြံပြုချင်ပါတယ်။ ” လို့ Dr.Paiboon က အကြံပြုစကားပြောကြားပေးခဲ့ပါတယ်။