မွေးရာပါ သွေးကြောထုံးရောဂါ (venous malformation) ကိုခံစားနေရတဲ့အသက် ၇ နှစ်အရွယ် သမီးလေး မဟေသာလင်းလဲ့ရီဟာ မိဘတွေရဲ့ခိုင်မာတဲ့ ဆုံးဖြတ်ချက် ကြောင့် ဆစ်မီတဝေ့ ကလေးဆေးရုံမှာ လာရောက် ကုသမှုခံယူခဲ့ပါတယ်။ Sclerosing Therapy ကုထုံးကြောင့် ဟေသာလေးဟာ အခုဆိုရင်တခြားကလေးတွေလို သွားလာ၊လှုပ်ရှား၊ ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။
“ သမီးလေးရဲ့ ရောဂါက မွေးရာပါပါ။ မွေးကတည်းက ခြေထောက်မှာသွေးကြောလေး ထုံးနေတာပါ။ ဒီလို ထုံးနေတာလေးကြောင့် သမီးလေးရဲ့အသက် ၂ နှစ် - ၃ နှစ် အရွယ် စက်ဘီး စစီးတဲ့အချိန်မှာ ခြေထောက် မ ထောက်နိုင်ဘူး။ မိဘတွေဆိုတော့ စိတ်ပူတာပေါ့။ ဒါ့ကြောင့် ဒါကိုပျောက်အောင် ကုမယ်ဆိုပြီး မန္တလေး မှာ အရင်သွားပြကြည့်ပါတယ်။ ကျွန်မတို့က လုံးဝပျောက်အောင်ကုချင်တာဆိုတော့ ဒီရောဂါက အရှင်းပျောက်နိုင် လားဆိုပြီးတော့မေးကြည့်တယ်။ ဒါပေမယ့် ဒီရောဂါက အရှင်းမပျောက်ကင်းနိုင်ပြီး၊ သောက်ဆေးနဲ့တော့ ထိန်းလို့ရတယ်လို့ ပြန်ပြောခဲ့ပါတယ်” လို့ဟေသာလေးရဲ့ မိခင် ဒေါ်လဲ့လဲ့ဝေက ပြောပါတယ်။
ကျွန်မက သမီး လေးကိုအရှင်းပျောက်အောင် ကုပေးချင်တာဆိုတော့ ဆေးရုံတွေကို လိုက်စုံစမ်းကြည့်ပါတယ်။ ဆစ်မီတဝေ့ ဆေးရုံအကြောင်းကိုတော့ ကျွန်မ ချွေမလေးကနေတစ်ဆင့်သိခဲ့တာပါ။ အဲ့လိုနဲ့ ကျွန်မချွေးမလေးက ဆစ်မီတဝေ့ရဲ့ Viber ၊ Line တို့ကနေတစ်ဆင့် ဆက်သွယ်ပြီး ဆရာဝန်နဲ့အရင်ဆုံးဆွေးနွေးတိုင်ပင်မယ်၊ ကုပုံကုနည်းတွေကို မေးကြည့်မယ် ဆိုပြီးတော့ ဆေးရုံနဲ့ အဆက်အသွယ်လုပ်ခဲ့ပါတယ်။ ဆေးရုံဘက်ကနေ ကုလို့ရတယ်၊ ဈေးနှုန်းအနေနဲ့ကလည်း ဘတ် ၁၇၀,၀၀၀ ကနေ ၂၀၀,၀၀၀ လောက်သာကုန်မယ်ဆိုတော့ ပြောတော့ ကျွန်မတို့အတွက် အဆင်ပြေတာကြောင့် ဆစ်မီတဝေ့ ဆေးရုံမှာ ကုသတော့မယ်ဆိုပြီးတော့ ထိုင်းနိုင်ငံကိုလာခဲ့တာပဲဖြစ်ပါတယ်။
ဟေသာလေး ရောက်လာတဲ့အချိန်မှာ သူမရဲ့ညာဘက်ခြေ ထောက်ဟာ တော်တော်လေးရောင်ကိုင်းနေပြီးတော့ ခရမ်းရောင်ပြောင်းလုနီးပါးဖြစ်နေပါတယ်။ သူမ မတ်တပ် ရပ်တဲ့အချိန်၊ လမ်းလျှောက်တဲ့အချိန်မှာလည်း ဒီရောင်နေတဲ့ခြေထောက်ကနေ နာကျင်မှုကိုခံစားနေရပါတယ် လို့ဟေသာလေးကို ကုသပေးခဲ့တဲ့ Dr. SUKRIT SOROTPINYA (General Radiology, Body Interventional Radiology) ကပြောပါတယ်။
သွေးကြောထုံးရောဂါ (venous malformation) ဆိုတာ သွေးကြောပုံစံဖွဲ့စည်းပုံ မူမမှန်တဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ မွေးကာစမှာကတည်းက လက္ခဏာတွေ၊ အရိပ်ယောင်တွေပြလေ့ရှိပါတယ်။ ရောဂါကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေဟာလည်း လူနာနဲ့အတူ ကြီးထွားလာပြီး လူနာအသက်ကြီးလာတာနဲ့အမျှ ရောဂါဟာ လည်းပိုဆိုးလာပါတယ်။ ဒီရောဂါဟာ ကလေးရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းမှာဖြစ်နိုင်ပါတယ်။ လက္ခဏာတွေ ကတော့ ရောင်လာတာ၊ ခရမ်းရောင် သို့မဟုတ် ပန်းရောင်ပြောင်းလာတာ နဲ့ နာကျင်မှုခံစားရတာတို့ပဲဖြစ်ပါတယ်။
ဟေသာလေးဟာ သွေးကြောထုံးခြင်းကို ဆေးထိုးခြင်းနဲ့ ကုသပေးတဲ့ ကုထုံး (Sclerosing Therapy) နဲ့ ကုသမှုခံယူခဲ့ပါတယ်။ ကုသမှုသုံးကြိမ်ပြုလုပ်ပေးခဲ့ပြီး နောက်ဆုံး ကုသမှုလုပ်ဆောင်ပြီးချိန်မှာ ဟေသာလေးရဲ့ ရောဂါလက္ခဏာနဲ့ သွေးကြောဆိုင်ရာ ရောဂါအခြေအနေဟာသိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ပါတယ်။ ကုသမှုပြီးတဲ့ နောက်မှာဟေသာလေးရဲ့ရောဂါဟာ တခြားကလေးတွေလိုမျိုး ပုံမှန် အတိုင်း သွားလာ၊ လှုပ်ရှား၊ ဆော့ကစားနိုင်ပြီဖြစ်ပါတယ်။
လိုင်းပေါ်ကနေပဲ လွယ်လွယ်ကူကူ ဆက်သွယ်စုံစမ်းလို့ရတယ်။ သိချင်တာတွေကို ရှင်းပြတယ်။ ကုန်ကျတဲ့ စရိတ်စက ကလည်း အစ်မတို့ အတွက် အဆင်ပြေတယ်။ ပြီးတော့ ဆေးပညာတွေက အရမ်းကိုတိုးတက်နေတယ်။ ဆရာဝန်ကလည်း တကယ်ကိုတော်ပါတယ်။ လာပြတဲ့အခါမှာ ဆရာဝန်တွေက အနီးကပ်တိုင်ပင်ဆွေး နွေးပေးပြီး နှစ်လ တစ်ကြိမ်၊ ခြောက်လ တစ်ကြိမ် လာပြဖို့ အကြံပေးခဲ့ပါတယ်။