စတာကတော့ ဓမ္မတာ မမှန်တာကနေ စတာပါပဲ။ တခြား ဘာလက္ခဏာမှတော့ မပြသေးပါဘူး။ ဓမ္မတာက မလာဘဲ နေလိုက် နည်းနည်းလေးပြန်လာလိုက် ဖြစ်နေတာပါ။ မန္တလေးမှာပဲ အရင်ပြပါတယ်။ ဆရာမကြီးက သားအိမ်ထုတ်ဖို့ လိုတယ်လို့ ပြောလို့ စိုးရိမ်သွားပါတယ်။ သေချာရအောင် ထိုင်းမှာ တစ်ခေါက်ထပ်စစ်ကြည့် ချင်တာနဲ့ ဘန်ကောက်ကိုလာခဲ့ပါတယ်။ ထိုင်းမှာ စစ်ကြည့်လို့ အဖြေက ထုတ်မှ ဖြစ်မယ်ဆိုရင်လည်း ထိုင်းက ဆေးရုံကြီးတွေမှာ ထုတ်ရင် ပိုကောင်းမယ်လို့ ယုံကြည်တာလည်း ပါပါတယ်။ ပထမတော့ ဘန်ကောက်က တခြားဆေးရုံတစ်ခုမှာ သွားပြီး စစ်ဆေးကြည့်ပါတယ်။ ဒါပေမယ့် ဒီလိုခွဲစိတ်မှုတွေလုပ်မယ်ဆိုရင်တော့ ဆစ်မီတဝေ့ဆေးရုံကြီးက အကောင်းဆုံးပဲလို့ မိတ်ဆွေတွေက ညွှန်းပေးလိုက်လို့ လာပြကြည့်ပါတယ်။ တကယ်လည်း ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတဲ့အခါမှာ သေသေချာချာရှင်းပြပေးပါတယ်။
သားအိမ်ကတော့ ထုတ်ရပါမယ်တဲ့။ မျိုးဥအိမ် နှစ်ဖက် ရှိရာမှာ ဟိုမုန်းအတွက် တစ်ဖက်ကိုတော့ ချန်ထားပေးခဲ့မယ် လို့ ပြောပါတယ်။ မှန်ပြောင်းနဲ့ ခွဲမယ် ပြောပါတယ်။ အဲဒီတော့ ခွဲထုတ်ရတော့မယ်ဆိုတော့ မိတ်ဆွေတစ်ယောက် ဟိုဘက်မှာ ခွဲထုတ်တုန်းက သိပ်အဆင်မပြေဖြစ်ခဲ့တာလေး ရှိခဲ့တော့ ကြောက်သွားမိပါတယ်။ ကိုယ့်အလှည့်မှာလည်း အဲဒီလို အဆင်မပြေမှု တွေနဲ့ ကြုံရမှာလားလို့ လည်း စိုးရိမ်မိခဲ့ပါတယ်။ ဒီအကြောင်းတွေကို ဆရာဝန်ကြီးကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးတော့ အခု ဒီ ဆစ်မီတဝေ့ ဆေးရုံကြီးမှာပဲ ခွဲလိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
တကယ်တမ်း ခွဲပြီးတဲ့အချိန်မှာတော့ အားလုံးအဆင်ပြေလို့ စိတ်ချမ်းသာရပါတယ်။ ကျွန်မတို့ မိန်းကလေးတွေမှာ သားအိမ်ဆိုတာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ရာသီမမှန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ သားအိမ်ရောဂါတို့ ကင်ဆာတို့ ဖြစ်နေတာတွေ၊ ကျွန်မဆိုရင် သားအိမ်ထဲမှာ အကြိတ်ဖြစ်တာပေါ့နော်။ ရောင်လည်းရောင်နေတယ် တဲ့။ ဒါကြောင့် ကင်ဆာမဖြစ်ခင် (ကင်ဆာအဆင့်မရောက်ခင်) ကြိုတင်သိရှိပြီး ကုသဖို့ လိုတာပေါ့နော်။
ကျွန်မကတော့ သားအိမ်တစ်ခုလုံးထုတ်ပစ်လိုက်ပြီးတဲ့နောက် အသားစ စစ်ဆေးမှုမှာ ကင်ဆာ မဖြစ်သေးဘူးလို့ ဆိုတော့ နောက်ပိုင်းကိစ္စ စိတ်အေးရပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ ဓမ္မတာမမှန်တာ စတဲ့ မူမမှန်မှု တစ်ခုခု တွေ့ခဲ့ရင် ဆစ်မီတဝေ့ဆေးရုံကြီးက သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ပြသဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှုတွေကို ခံယူလိုက်ရင် ပျောက်ကင်းပါတယ်။ ကိုယ့်မှာ ဒီလိုမျိုးတွေ့ကြုံခဲ့ရရင် အချိန်ဆွဲမနေဘဲ ဆရာဝန်နဲ့ အမြန်တိုင်ပင်ပြီး လိုတာကိုလုပ်ပါလို့ အကြံပေးချင်ပါတယ်။
ကိုယ်တွေ့အနေနဲ့ကတော့ ဆစ်မီတဝေ့ဆေးရုံကြီး ဟာ စိတ်အချရဆုံးပါပဲလို့ ပြောချင်ပါတယ်။ အပေါ်မှာပြောခဲ့သလို ခွဲစိတ်ပြီးနောက်ပိုင်း အဆင်မပြေမှုတွေကို ဆရာဝန်ကြီးကို ပြောပြတော့ ဒီမှာကတော ဒီလို အဖြစ်မျိုး မရှိသလောက်ကိုနည်းပါတယ်။ ရာခိုင်နှုန်း ၀ အောက်မှာပဲ ရှိတယ်လို့ ပြောပြတဲ့အတွက် ဒီဆေးရုံကြီးကိုပဲ ယုံကြည်စွာ အားကိုးခဲ့ပါတယ်။ တကယ်လည်း အစစ အရာရာ အဆင်ပြေ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် မိတ်ဆွေ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသမီးရောဂါ တစ်ခုခုနဲ့ပတ်သက်လာရင် ဘာမှ စိတ်မပူကြဖို့နဲ့ ဆစ်မီတဝေ့ဆေးရုံကြီးကို ယုံယုံကြည်ကြည်နဲ့ အားကိုးနိုင်ပါတယ်လို့ သတင်းကောင်းလေး ပေးလိုက်ချင်ပါတယ်။”
အခုတော့ နန်း ဟာ အောင်မြင်တဲ့ ခွဲစိတ်မှုကို ခံယူပြီးတဲ့နောက် ကျန်းမာစွာနဲ့ ဆေးရုံကနေ ပြန်သွားပြီ ဖြစ်ပါတယ်။