ဆစ်မီတဝေ့ဆေးရုံကြီး အကြောင်း

ဦးနှောက်အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီ။

ဦးနှောက်အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီ။

Joseph လေးဟာ ဦးနှောက်အကျိတ်လက္ခဏာ ဝေဒနာများကို အသက် ၆ နှစ်ခွဲ ၇နှစ်မပြည့်ခင် အရွယ်မှာ စတင်ခဲ့ပါတယ်။ တစ်ပတ်တစ်ကြိမ် ကျောင်းမှာ အန်နေလို့ သာမန်အစာမကြေတာလို့ပဲထင်ခဲ့မိတာကြောင့် ကလေးအစာအိမ်အထူးကုဆရာဝန်နဲ့ လည်းတစ်လ လောက်ပြခဲ့ပါသေးတယ်။ နောက်ပိုင်း အန်တာတွေက အကြိမ်ရေများလာ တာကြောင့် ဆရာဝန်က ဦးခေါင်းကို CT Scan ရိုက်ဖို့အကြံပြုတာကြောင့် CT Scan ရိုက်ကြည့်တဲ့အခါ  ဦးနှောက်အကျိတ်ဟာ တော်တော်လေးကြီးနေပြီဆိုတာကို သိခဲ့ရပါတယ်။

Joseph လေးရဲ့ ဆေးကုသမှုနှင့် အတွေ့အကြုံကို များကို မိခင်ဖြစ်သူ မSharon Khun Thida Paing  မှ ပြန်လည်မျှဝေခြင်း 

လက္ခဏာများနှင့် ကျန်းမာရေးအခြေအနေကို စတင်သတိထားခဲ့မိခြင်း....

သားလေးအသက် ၆ နှစ်ခွဲ ၇နှစ်မပြည့်ခင် အရွယ်မှာ ရောဂါလက္ခဏာများစတင်သတိထားမိခဲ့ပါတယ်။ ကျွန်မအခုအချိန်ထိမှတ်မိ နေသေးတာက သားလေးကျောင်း စတတ်တဲ့အချိန် မေလလောက်မှာသူ့ရဲ့ ဦးနှောက်အကျိတ်လက္ခဏာများစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ တစ်ပတ်မှာတစ်ကြိမ် ကျောင်းမှာသူအန် တယ်။ အိမ်မှာတော့ မအန်ဘူးဆိုတော့ ကျွန်မတို့လည်းမသိခဲ့ပါဘူး။ တစ်နေ့မှာ သားလေးကျောင်းဆင်း ပြီး အိမ်ကိုပြန်ရောက်တော့ သူကျောင်းမှာအန်ခဲ့တယ်လို့ကျွန်မကိုပြောပါတယ်။ ကျွန်မတို့လည်းသား လေးက ဘာများဖြစ်တာလဲဆိုပြီးတော့ ဆေးခန်းပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတုန်းကတော့ကျွန်မစိတ်ထဲ မှာ ရိုးရိုးအစာမကြေလို့အန်တာပဲလို့ထင်ခဲ့မိပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့သူ့မှာအခြားလက္ခဏာ များဖြစ်တဲ့ခေါင်းကိုက်ခြင်းတို့ဘာတို့မရှိသေးပါဘူး။

သားက သုံးပတ်ဆက်တိုက်လောက် အန်တဲ့အတွက် ကြောင့်ကျွန်မတို့သားကိုနီးစပ်ရာ ဆေးခန်းမှာ သားလေးကိုသွားပြခဲ့ပါတယ်။ ဆေးခန်းကဆရာဝန်များကလည်း ကလေးကစိတ်ဖိစီးမှုရှိတာကြောင့် လား အစာမကြေတာကြောင့်လားပေါ့။ ကျွန်မတို့သားလေးက အန်တယ်ဆိုတော့ အစာအိမ်အထူးကု ဆရာဝန်နဲ့လည်းတွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ပဲတစ်လလောက်ဆေးခန်းသွားလိုက်ပြန်လာ လိုက်နဲ့အချိန်ကုန်ခဲ့ ပါတယ်။

အန်တဲ့အပြင် ခေါင်းကိုက်တဲ့လက္ခဏာပါတိုးလာလို့ သားက တဖြည်းဖြည်းမခံမရပ် နိုင်ဖြစ်လာခဲ့တယ်...

တစ်လကုန်သွားပြီး နောက်တစ်လ ဇွန်လမှာတော့ ကလေးကအန်တာတဖြည်းဖြည်းနဲ့ အကြိမ်ရေများ လာပါတယ်။ ပြီးတော့ကလေးကခေါင်းကိုက်တာပါစဖြစ်လာပါတယ်။ အဲ့ဒီအချိန်ထိဆရာဝန်များက လည်းဦးခေါင်းကိုစစ်ဆေးကြည့်ဖို့အကြံပြုခဲ့တာ မရှိခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ဒီနေ့ဆေးခန်းသွားရင်..မနက် ဖြန်သက်သာသလိုရှိပြီး သန်ဘက်ခါကျတော့ပြန်ဖြစ်နဲ့သုံးလလောက်အချိန်ကြာသွားခဲ့ပါတယ်။

ဝေဒနာများမသက်သာတဲ့အတွက် ဆေးရုံသို့ပြေးခဲ့ရတယ်....

ကျွန်မတို့လည်းသားလေးဘာဖြစ်လည်းဆိုတဲ့ အဖြေကို မရှာတွေ့နိုင်ခဲ့ပါဘူး။ သားကတဖြည်းဖြည်း ခေါင်းမခံမရပ်နိုင်အောင်က်ိုက်တယ် အော်ငိုပါတယ်။ ကျွန်မတို့လည်းမဖြစ်တော့ဘူးဆိုပြီး ဆေးရုံမှာ သွားပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ လက္ခဏာကတော်တော်လေးပြန့်နေပြီဆိုတော့ ဆေးရုံကဆရာ ဝန်ကြီးတွေက ချက်ချင်းဦးခေါင်းကို CT Scan ရိုက်ခိုင်းပါတယ်။ အဲ့ဒါနဲ့ CT Scan မှာဦးနှောက်အ ကျိတ်ဖြစ်နေတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အကျိတ်က ကင်ဆာဖြစ်နိုင်မဖြစ်နိုင်ဆိုတာတော့ မသိရသေးပါဘူး။ သားက pressure အရမ်းတက်ပြီးခေါင်းလည်းအရမ်းကိုက်နေတယ်ဆိုတော့ Shunt အရင်ထည့်ရမယ်လို့ပြောပါတယ်။ ပြီးတဲ့နောက်မှာတော့ Operation လုပ်ရမယ်လို့ပြောပါတယ်။ ကျွန်မတို့သားလေးကို ရန်ကုန်မှာပဲ Shunt ထည့်ခဲ့ပါတယ်။ သူဆေးရုံမှာ တစ်ပတ်နေရတယ်။

Shunt ထည့်ပြီးတဲ့နောက် ခွဲစိတ်ကုသမှုခံယူဖို့ အကောင်းဆုံးကလေးဆေးရုံကို ရှာခဲ့..

Shunt ထည့်ပြီးတဲ့နောက်မှာတော့ကျွန်မတို့လည်းသားလေးကို ဘယ်ဆေးရုံမှာ Operation လုပ်ရမလဲ ဆိုတာကိုစတင်ရှာဖွေပါတယ်။ ဩစဩေးလျက ကျွန်မတို့အသိတွေကို မေးမြန်းကြည့်ခဲ့ ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့မှာလည်း နိုင်ငံခြားမှာဆေးကုသဖူးတဲ့ အတွေ့အကြုံမရှိဘူးဆိုတော့။ သူတို့ လည်းသားလေးအတွက် ဘယ်ဆေးရုံအဆင်ပြေနိုင်မလဲဆိုတာ ဝိုင်းဝန်းရှာဖွေပေးခဲ့ကြပါတယ်။ ကလေးနဲ့ပတ်သက်ပြီး ခွဲစိတ်မှုပြုမယ်ဆိုရင် ဘန်ကောက်က ဆစ်မီတဝေ့ကလေးဆေးရုံက အကောင်း ဆုံးဖြစ်တယ်လို့ မိတ်ဆွေတွေကပြောပါတယ်။

အဲ့ဒီတုန်းက ရန်ကုန်ကို အမေရိကန်ကလာတဲ့ဆရာဝန်တွေခွဲစိတ်ပေးမယ်ဆို ကျွန်မတို့ကြားပါတယ်။ အဲ့ဒါနဲ့ပဲ ကျွန်မတို့လည်းအမေရိကန်ကဆရာဝန်ကြီးတွေနဲ့ရန်ကုန်မှာပဲခွဲမယ်လို့စဉ်းစားပေမဲ့ အဆင် မပြေတာတစ်ခုက ခွဲစိတ်ပြီးလို့ဓါတ်ကင်ဖို့နေရာက အဆင်မပြေဘူးဖြစ်ခဲ့တယ်။ ကျွန်မတို့ သူငယ်ချင်း မိတ်ဆွေတွေက ပြောပြပါတယ် ခွဲစိတ်ပြီး ဓါတ်ကင်တာက ရက် ၃၀ အတွင်းလုပ်တာကောင်းတယ်ဆို တော့ ကျွန်မတို့အနေနဲ့က ရန်ကုန်မှာဆိုရင် ၂ လ ၃လ လောက်စောင့် ရမယ်ဆိုတော့ အဆင်မပြေဘူး။ အဲ့ဒါကြောင့် နောက်ဆုံး ဆစ်မီတဝေ့ကလေးဆေးရုံကို လာဖို့ရွေးချယ်ခဲ့ပါတယ်။

ဆစ်မီတဝေ့ကလေးဆေးရုံကိုရောက်လာတော့...

ဆစ်မီတဝေ့ကလေးဆေးရုံကိုရောက်လာတာနဲ့ ရောက်ရောက်ချင်းဆရာဝန်တွေက ဒီ case က emergency case ဖြစ်တယ်ဆိုပြီး သေသေချာချာလေး ဂရုစိုက်ကုသမှုကိုပြုပေးပါတယ်။ သားလေးကခွဲစိတ်ပြီးအန်တယ်ဆိုတော့ ဒီကဆရာဝန်တွေက ရောက်ရောက်ချင်းနေ့မှာပဲ ဦးနှောက်အရည်ကိုပြန်ယူပြီးစစ်ဆေးမှုပြုပါတယ်။ Dr. Panu ကလည်းသားလေးကို ခွဲစိတ်မှုမပြုခင်မှာ သားလေးနဲ့ ကျွန်မတို့ကို လာရောက်အားပေးစကားပြောတယ်။ Dr. Panu က အရမ်းကို ဂရုစိုက်ပေးပါ တယ်။ သူဘယ်လောက်ဂရုစိုက်သလဲဆိုရင် ICU ထဲမှာလည်းသားလေးရဲ့ အခန်းအအေးအပူအချိန်က အစ လာပြီး စစ်ဆေးတယ်။ ဒီ အခန်းအအေးအပူချိန်ကမှ သားလေးအတွက်ကောင်းမယ်ဆိုတဲ့အထိကို အသေးစိတ် ဂရုစိုက်ပေးပါတယ်။ ပြီးတဲ့နောက်မှာ ICU ထဲကနေ ကျွန်မတို့ အခန်းပြောင်းလိုက်တယ်။ အဲ့ဒီမှာလည်း သူနာပြုတွေ အချိန်ပြည့်လိုလိုသားလေးကို အထူးဂရုစိုက်ပေးပါတယ်။ ညဘက်တွေမှာ လည်း ၄နာရီခြားတစ်ကြိမ်လာရောက်ကြည့်ရှုစောင့်ရှောက်ပေးပါတယ်။ အထူးသဖြင့်ကတော့ သားလေးရဲ့ အနီးကပ်ဆရာဝန်ကြီးများဖြစ်ကြတဲ့ သားလေးရဲ့အသည်းစွဲ ကလေးဦးနှောက် နှင့် အာရုံကြော အထူးကုဆရာဝန်မကြီး Navarat Rungteeranon နဲ့ ကလေးဦးနှောက်နှင့် အာရုံကြော ခွဲစိတ်အထူးကုဆရာဝန်ကြီး Panu Nacharoong က လိုလေးသေးမရှိဂရုစိုက်ပါတယ်။ Dr. Navarat ကနေ့တိုင်းလိုလိုတွေ့ရတယ် ပြီးတော့သူက အမျိုးသမီးလည်းဆိုတော့ သားလေးကိုစိတ်ချမ်းသာအောင် ပြောပေးတယ်။ သားလေးကသူနဲ့ရင်းနှီးတာပေါ့။

ပြည့်စုံတဲ့နေရာကတော့ ဘယ်နေရာမှမရှိပေမယ့် ကျွန်မတို့ ဆစ်မီတဝေ့ကလေးဆေးရုံမှာ စိတ်ချမ်းသာခဲ့ရပါတယ်....

အမတို့အနေနဲ့ကလည်း ကလေးဆိုတော့အရမ်းစိတ်ပူတော့ ပထမပိုင်းမှာ ဒီဟာမဟုတ်ဘူးလား.. ဟိုဟာမဟုတ်ဘူးလား ဆိုပြီး Complain အကြီးကြီးမဟုတ်ပေမဲ့ သေးသေးလေးတွေ ခဏခဏတတ်တာပေါ့။ ဒါပေမဲ့ ဒီက သူနာပြုတွေက ပြုံးပြုံးနဲ့ အမဒီလိုမဟုတ်ပါဘူးဆိုပြီ ဖြေရှင်းပေးပါတယ်။ သားလေးက ဆစ်မီတဝေ့ဆေးရုံမှာ ၃လလောက်တက်ခဲ့ ရတော့ ဆရာဝန်ဆရာဝန်မတွေ သူနာပြုတွေနဲ့ရင်းနှီးနေပြီပေါ့နော်။ သူပြန်တော့မယ်ဆိုတော့ အားလုံးက ပွေ့ဖတ်ပြီး ဓါတ်ပုံတွေရိုက်ကြ မိသားစုလိုပါပဲ။ ကျွန်မတို့အနေနဲ့ပြောချင်တာကတော့ ပြည့်စုံတဲ့နေရာကတော့ ဘယ်နေရာမှမရှိဘူးပေါ့နော် ဒါပေမဲ့အမတို့ဆစ်မီတဝေ့မှာတော့ စိတ်ချမ်းသာခဲ့ရပါတယ်။

Joseph လေးရဲ့ ဆေးကုသမှုနှင့် အတွေ့အကြုံကို များကို ဖခင်ဖြစ်သူ ကို Moses Liancuh  မှ ပြန်လည်မျှဝေခြင်း 

ရှေ့ဦးစွာကျွန်တော်တို့မိသားစုဘုရားသခင်ရဲ့ ဂုဏ်တော်ကိုချီးမွမ်းပါတယ်။ ဘုရားရှင်က တကယ်ကို ကောင်းမြတ်ပါတယ်။ကျွန်တော်တို့သားလေးဦးနှောက်အကျိတ် တွေ့တယ်လို့ကြားကြားရခြင်းမှာ ကျွန်တော်တို့တကယ်ကိုခံစားရပါတယ်။ ကျွန်တော့်အမျိုးသမီးဆိုရင် သတိလစ်သွားပြီးစကားတောင် မပြောနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အမျိုးသမီးဟာလည်း ဘုရားသခင်ရဲ့အကာအကွယ်အစောင့် အရှောက်မှုနှင့် ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများဖေးမှကူညီမှုများကြောင့် သူပြန်လည်ကျန်းမာလာခဲ့ ပါတယ်။ ကျွန်တော်အနေနဲ့အိမ်ထောင်ဦးစီးတစ်ဦးဖြစ်တဲ့အတွက်ကြောင့်မိသားစုအတွက် ကျွန်တော်အားတင်းခဲ့ရပါတယ်။ တစ်ရက်ဖြစ်ဖြစ်နှစ်ရက်ဖြစ်ဖြစ် ဒီသားလေးအသက်ရှင်ရေးအတွက် ကျွန်တော်အတက်နိုင်ဆုံးကြိုးစားမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချထားတဲ့အတိုင်းပဲ ကျွန်တော်၊ ကျွန်တော့်အမျိုးသမီး၊ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်းများအားလုံးဟာ အဆုံးအထိတိုင် သားလေးကို ကျွန်တော်တို့ ကုသမှုများဆောင်ရွက်ပေးနိုင်ဖို့အတူတကွကြိုးစားခဲ့ပါတယ်။

သားလေးရဲ့ရောဂါကိုရန်ကုန်မှာကုသမှုခံယူမယ်ဆိုရင်တောင်ငွေကြေးမြောက်များစွာကုန်ကျမယ်ဆိုတာ ကျွန်တော့်တို့အားလုံးသိပါတယ်။ ဘန်ကောက်ကိုလာမယ်ဆိုရင်ပိုပြီးကုန်မယ်ဆိုတာ ကျွန်တော် တို့အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သားလေးကိုချစ်တဲ့စိတ်နဲ့ ကျွန်တော်တို့ ဘန်ကောက်ဆစ် မီတဝေ့ကလေးဆေးရုံမှာ လာရောက်ကုသမှုပြုခဲ့ပါတယ်။ ကျွန်တော်တို့ကခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပါတယ်။ကုသမှုခံယူနေစဉ်အချိန်မှာကျွန်တော်တို့မိသားဆုမိတ်ဆွေသူငယ်ချင်းများအားလုံးဟာလည်းဆုတောင်းပေးခဲ့ကြပါတယ်။ အာလုံးက ဝိုင်းဝန်းပြီးတော့ မေတ္တာပြကြတယ်။ သားလေး ခွဲစိတ် ခန်းထဲဝင်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့အရမ်းကိုစိုးရိမ်ခဲ့ရတယ်။

သားလေးက ၅ လ – ၆ လနီးပါးသားလေးကစကားမပြောတော့ဘူး၊ လက်လည်းမလုပ်ဘူး။ ကျွန်တော်တို့အရမ်းကိုဝမ်းနည်းပြီးစိတ်ပူရတယ်။
ကျွန်တော်တို့အနေဖြင့် သားလေးရဲ့အခြေအနေကို ကြည့်ပြီးတစ်ခါတစ်ရံ မှာလက်မြောက်ချင်တဲ့စိတ်တွေဖြစ်ခဲ့ရတဲ့အချိန်များလည်းရှိခဲ့ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ လက်မြောက်အရုံးပေးလိုက်ရင်တော့မဖြစ်ဘူးဆိုပြီး ဆုတောင်းခြင်းနဲ့သွားခဲ့ရတယ်။ ကျွန်တော်တစ်ခါတစ်ရံမှာ သူအစားကျွန်တော်သာဖြစ်လိုက်ချင်တယ်လို့ဖြစ်ခဲ့ရတဲ့အချိန်တွေလည်းများစွာရှိခဲ့ဖူးပါတယ်။ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကြောင့် ကျွန်တော်တို့ဆရာဝန်ကောင်းတွေနဲ့တွေ့ခဲ့ရတယ်။ ကျွန်တော်တို့မိသားစုအားလုံးကလည်း ကလေးဦးနှောက် နှင့် အာရုံကြောခွဲစိတ်ဆရာဝန်ကြီး Panu Nacharoong ၊ ကလေးဦးနှောက် နှင့် အာရုံကြောအထူးကုဆရာဝန်မကြီး Navarat Rungteeranon ၊ သူနာပြုများ ၊ ဆစ်မီတဝေ့ဆေးရုံမှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ။

အဆင့်သတ်မှတ်ချက်