မစုစုလှိုင်ကိုယ်တိုင်ပြောပြခဲ့တဲ့ သူမကျန်းမာရေးအခြေအနေ နဲ့ဆေးကုသမှုများ
“ဗိုက်ထဲမှာ အလုံးရှိနေတယ်။ ကင်ဆာလားမသိဘူးတဲ့။”
ကျန်းမာရေးအတွက် ဆေးစစ်ရာကနေ ဗိုက်ထဲမှာ အလုံး တွေ့တယ်လို့ ဆိုပါတယ်။ အရည်အိတ်တဲ့။ ကင်ဆာပုံသဏ္ဌာန်နဲ့ တော်တော်လေးဆင်တူတယ်။ ခွဲရမယ် ဆိုလို့ ပိုပြီးသေချာအောင် ဆစ်မီတဝေ့ဆေးရုံကြီးမှာ ထပ်ပြီးစစ်ဆေးတော့လည်း တူညီတဲ့ အဖြေသာ ထွက်ခဲ့ပါတယ်။ ဒါကြောင့် ခွဲရမယ်ဆိုတဲ့အခါမှာ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး Dr. Santi ကိုပဲ ယုံယုံကြည်ကြည်နဲ့ အပ်နှံလိုက်ရပါတော့တယ်။ ကိုယ့်မှာ လဲ ဆီးချိုရှိနေတော့ ကြောက်လဲကြောက်တယ်လေ။
ဒီဆေးရုံကို အရင်က မရောက်ဖူးပါဘူး။ ညီမရဲ့ သမီးလေး (တူမလေး) က ဆစ်မီတဝေ့ ကလေးဆေးရုံမှာ နှလုံးခွဲဖူးပါတယ်။ သူတို့က ကောင်းတယ်ဆိုပြီး အကြံပေးတိုက်တွန်းကြလို့လာခဲ့ကြည့်တာပါ။ ဒီမှာ ဆရာ Dr. Santi က အာလ်ထရာဆောင်းပြန်ရိုက် ကြည့်ပြီး သေသေချာချာ စစ်ဆေး ရှင်းပြပါတယ်။ ဆရာက သူ့အတွေ့အကြုံအရ ဒါဟာ အရည်အိတ်ပဲ ဖြစ်တယ်။ အရွယ်အစားကြီးတဲ့အတွက် ခွဲထုတ် ရမယ်လို့ပြောပါတယ်။ ကော်ဖီရောင်မဟုတ်တဲ့အတွက် စိုးရိမ်စရာတော့ မရှိပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် အထဲကဟာကတော့ သေချာ ခွဲကြည့်ပြီးမှသိရမယ်လို့ ပြောပါတယ်။ ဆရာက သေချာပေါက်ကြီးကို ပိုင်ပိုင်နိုင်နိုင်ပြောနေတော့ ဆရာ့ကိုပဲ ယုံကြည်စွာနဲ့အားကိုး လိုက်ပါတော့တယ်။ ဆရာကလည်း မစိုးရိမ်ဖို့ အထပ်ထပ် ပြောပါတယ်။
တကယ်ခွဲကြတော့မယ်ဆိုတော့ စိတ်တော့ အတော်ညစ်တာပေါ့။ CT ရိုက်တော့လည်း ၃ နာရီလောက် ဒုက္ခခံရပါတယ်။ အဖြေမထွက်မချင်းလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ။ နောက်ဆုံး ဆရာ့ဆီက ကောင်းတယ်၊ ကင်ဆာမဟုတ်ဘူး ဆိုတာသိလိုက်ရမှပဲ တကယ်ကို အလုံးကြီး ထွက်သွားသလို ခံစားရပါတော့တယ်။ အတိုင်းမသိဝမ်းသာမိပါတယ်။
လူနာတစ်ယောက်ရဲ့ အမြင်အရ ဆိုရင် Dr. Santi ဟာ အလွန်တော်တဲ့ဆရာဝန်လို့ သုံးသပ်မိ ပါတယ်။ ဆရာတစ်ယောက်ထဲတင်မက ဆေးအဖွဲ့တစ်ဖွဲ့လုံးအပြင် ဘာသာပြန်လုပ်ပေးတဲ့ ကလေးတွေပါ အားလုံးစေတနာအပြည့်နဲ့ လုပ်ပေးကိုင်ပေးကြလို့ ကြည်နူးရပါတယ်။ ငွေကုန်ပေမယ့် စိတ်ချမ်းသာမှုအများဆုံးရရှိခဲ့လို့ ကျေနပ်ပါတယ်။
