Water Birth (ရေထဲမှာကလေးမွေးခြင်း)နည်းလမ်းနဲ့ ဆစ်မီတဝေ့ဆေးရုံမှာ ကလေးမွေးခဲ့သူတစ်ယောက်ရဲ့အတွေ့အကြုံ

Water Birth (ရေထဲမှာကလေးမွေးခြင်း)နည်းလမ်းနဲ့ ဆစ်မီတဝေ့ဆေးရုံမှာ ကလေးမွေးခဲ့သူတစ်ယောက်ရဲ့အတွေ့အကြုံ

ကျွန်မမှာကိုယ်ဝန်ရှိနေပြီဆိုတာကို စသိတဲ့အချိန်မှာ သေချာလေ့လာကြည့်တော့ ဘန်ကောက်မှာရှိတဲ့ ဆစ်မီတဝေ့ဆေးရုံဟာ သဘာဝအတိုင်း ကလေးမွေးဖို့ အကောင်းဆုံး နေရာဆိုတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကြိုက်တဲ့တစ်ချက်က ဆေးရုံမှာ သဘာဝအတိုင်းကလေးမွေးဖို့ ကောင်းစွာပြင်ဆင်ထားတဲ့ အခန်းတွေ ရှိသလို ဆရာဝန်တွေကလည်း ဒီနည်းလမ်းအတွက် ဒီလိုပြင်ဆင်မှုတွေက ကောင်းစွာပံ့ပိုးပေးနိုင်တယ်ဆိုတာကို သိထားကြပါတယ်။ ဘန်ကောက်က ကလေးမွေးပြီးသားအမျိုးသမီးတွေ၊ သဘာဝအတိုင်းကလေးမွေးခဲ့တဲ့ အမျိုးသမီး တွေနဲ့လည်း စကားပြောကြည့်တော့ သူတို့က ဆစ်မီတဝေ့ဆေးရုံက Dr Yaowaluk Rapeepattana ကို ညွှန်ပေးပါတယ်။

Dr.Yaowaluk နဲ့ ပထမဆုံးအကြိမ် စတွေ့တော့ ကျွန်မ သဘာဝအတိုင်းပဲ မွေးချင်တယ် ဆိုတာ သူ့ကို ရှင်းပြခဲ့တယ်။ သူမကလည်း ဒါကို ကောင်းကောင်း နားလည်တော့ ကျွန်မ တကယ်ပဲဝမ်းသာရပါတယ်။ ကျွန်မ ကိုယ်ဝန်ဆောင်တဲ့ ကာလတစ်လျှောက်လုံး ကျွန်မရဲ့ စိုးရိမ်မှုမှန်သမျှကို သူ သေချာနားထောင် ပေးတယ်။ ပြီးတော့ ကျွန်မကို အကြံဉာဏ်ပေးတယ်။


ကျွန်မ ပထတစ်ကြိမ်ကလေးမွေးတော့ အသက်ရှူလေ့ကျင့်ခန်းနဲ့ နာကျင်မှု လျှော့ချတဲ့မွေးဖွားမှုနည်းလမ်း(Hypnobirthing) ကို သုံးခဲ့တယ်။ ပြီးတော့ အမျိုးသမီးတွေအတွက် ရေထဲမှာကလေးမွေး(Water Births) ဖို့ Hypnobirthing နည်းလမ်းနဲ့ အသားမကျသေးဘူးဆိုတာကို ကျွန်မ သတိထား မိခဲ့တယ်။ အမျိုးသမီးများစွာဟာ အိမ်မှာပဲ ရေထဲမှာကလေးမွေးခြင်း(Water Births) ကို လုပ်ဆောင်ကြတယ်ဆိုတာကိုလည်း ကျွန်မသိခဲ့ရတယ်။ ကျွန်မကိုယ်တိုင် မမွေးမချင်း ဒါကို စိတ်ထဲမှာ မရှိခဲ့ပါဘူး။ ပထမကတော့ ကျွန်မ ဘာဆေးမှမသုံးဘဲ သဘာဝအတိုင်းမွေးဖွားဖို့ စီစဉ်ခဲ့ပါတယ်။

Water Birth (ရေထဲမှာကလေးမွေးခြင်း)နည်းလမ်းနဲ့ ဆစ်မီတဝေ့ဆေးရုံမှာ ကလေးမွေးခဲ့သူတစ်ယောက်ရဲ့အတွေ့အကြုံ

အတတ်နိုင်ဆုံး အိမ်မှာပဲ မွေးဖွားဖို့ ကြိုးစားချင်ခဲ့ပြီး ပထမ(၉)နာရီအတွင်းမှာပဲ လုပ်နိုင်ခဲ့ပါတယ်။ ဒါကတကယ်ကို သက်သောင့်သက်သာဖြစ်ပြီးကောင်းပါတယ်။

ဒီနည်းလမ်းနဲ့မွေးဖွားမယ်လို့ ဆုံးဖြတ်ပြီးနောက်မှာ ကျွန်မရယ်၊ ကျွန်မ ခင်ပွန်းရယ် ကျွန်မရဲ့ အကူရယ် ဆေးရုံကို သွားခဲ့ပါတယ်။ အမျိုးသမီးကျန်းမာ ရေးစောင့်ရှောက်မှုစင်တာမှာ Dr. Yoawaluk က ချက်ချင်းတွေ့ဆုံခဲ့တယ်။ တချို့ စစ်ဆေးမှုတွေပြီးတာနဲ့ သဘာဝအတိုင်းကလေးမွေးဖွားခန်း(Natural Birth Room) ထဲ တန်းသွားခဲ့ပါတယ်။

အားလုံးက ခပ်မြန်မြန်ပဲ ပြီးသွားခဲ့ပြီး ကလေးမမွေးဖွားခင် ဆေးရုံမှာ (၃)နာရီ လောက်ပဲကြာခဲ့တယ်။ ကျွန်မ သက်သောင့်သက်သာဖြစ်အောင် ကြိုးစားခဲ့ချိန်မှာ ကလေးမွေးတဲ့ ရေဇလုံကိုမြင်ခဲ့ရပါတယ်။ ရေထဲမှာ ကလေးမွေးရင် ငါ ပိုပြီး သက်သောင့်သက်သာဖြစ်မယ်ဆိုပြီးတော့တောင် တွေးမိသေးတယ်။ သူနာပြု တွေကလည်း အရမ်းကို ဂရုစိုက်ပေးပါတယ်။ ကျွန်မ ရေထဲမှာထိုင်နေတာကို သူတို့မြင်သွားတော့ ရေထဲမှာကလေးမွေးချင်လားဆိုပြီး လာမေးကြတယ်။ အင်း.. အဲ့လိုထင်တာပဲ လို့ ကျွန်မပြန်ဖြေမိတယ်။ သူတို့ကလည်း အဆင်ပြေပါတယ် ဆိုပြီးပြောလို့ ကျွန်မ ရေထဲမှာပဲ မွေးလိုက်တယ်။ ဒါက တကယ့်ကို အတွေ့အကြုံကောင်းတစ်ခုပါပဲ။ ကလေး ထွက်လာတာလည်း လုံးဝ ငြင်ငြင်သာသာပါပဲ။

ကလေးမွေးဖွားတဲ့ဇလုံထဲမှာ တစ်နာရီခွဲလောက်နေခဲ့ရပေမယ့် အရမ်းကြာ တယ်လို့ မထင်ရဘူး။ ဘာလို့လဲဆိုတော့ အဲ့မှာ သက်သောင့်သက်သာ ဖြစ်တယ်လေ။ ရေနဲ့ထိတဲ့အခါမှာ နူးနူးညံ့ညံ့လေးနဲ့ နွေးထွေးမှုကို ခံစားရတယ်။ ရေထဲမှာ ကလေးမွေးရတဲ့ အတွေ့အကြုံကို အရမ်းကြိုက်တယ်။ ဒီနည်းလမ်းက ပိုပြီး လွယ်ကူချောမွေ့တယ်။ ပြီးခဲ့တဲ့တစ်ခေါက် မွေးတုန်းကထက်တောင် ပိုမြန် သေးတယ်။ နွေးထွေးမှုကိုခံစားရတဲ့အပြင် ပေါ့ပေါ့ပါးပါး ဖြစ်နေတဲ့ခံစားမှု က တကယ်ကို အထောက်အကူပြုတယ်။ ဘာလို့လဲဆိုတော့ ဆွဲငင်အားကို တုန့်ပြန် နေစရာမလိုတော့ဘဲ ခံစားမှုက ပို ကောင်းတယ်။

ကလေးထွက်လာတာနဲ့တစ်ပြိုင်နက် သူနာပြုတွေ လုပ်စရာရှိတာ လုပ်နေတဲ့ အချိန်မှာ ကျွန်မ ကလေးကို ချီနိုင်ခဲ့ပါတယ်။ ကလေးကို သူတို့ မခေါ်သွားခင် နှစ်နာရီလောက် မွေးခန်းထဲမှာ ကျွန်မနဲ့ ကလေးနဲ့ အတူရှိခွင့်ရခဲ့တာက တကယ် ကျေနပ်စရာပါ။ ဒါက ကျွန်မတို့ကို မိသားစု တစ်ခုအဖြစ် ပေါင်းစပ်ပေးတဲ့ ပျော်ရွှင်ဖွယ်ရာ အခွင့်အရေးပါပဲ။ ပထမဆုံး ကလေးနဲ့ အတူရှိခွင့်ရခဲ့တဲ့ နှစ်နာရီက တကယ့်ကို ပျော်ရွှင်ချမ်းမြေ့စရာကောင်းသလို အဲဒီအချိန်အတွင်း သူနာပြုတွေကလည်း တကယ့်ကို ကူညီပေးကြပါတယ်။

နောက်ဆုံးမွေးဖွားခဲ့တာနဲ့ယှဉ်ရင် ပိုကောင်းတဲ့ ကွာခြားမှုတွေရှိပါတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်ကဆိုရင် ဆေးရုံမှာ နာရီ(၄၀)လောက်ကြာသွားတယ်။ မွေးပြီးပြီးချင်း ကလေးနဲ့အတူရှိခွင့်ရတာက အရမ်းကောင်းပါတယ်။ အမေရိကန်မှာဆိုရင် မွေးဖွားပြီးတာနဲ့ ကလေးကိုခေါ်သွားရော။

ကျွန်မမှာ သဘာဝအတိုင်းကလေးမွေးတာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတာကို သိပြီး အကောင်းဆုံး ကူညီပံ့ပိုးပေးခဲ့တဲ့ Dr Yaowaluk ကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်မကို မလုပ်ဖို့ သူမ ဘယ်တုန်းကမှ မတားမြစ်ခဲ့ဘူး။ ကျွန်မ ဖြစ်ချင်တဲ့ဆန္ဒကို လေးစားမှုရှိတာ အရမ်းပျော်ပါတယ်။ ဆစ်မီတဝေ့မှာ ကလေးမွေးရတာ အကောင်းဆုံးပါပဲ။ ဒီဆေးရုံကို ရွေးချယ်ခဲ့တာကိုလည်း တကယ်ပဲ ဝမ်းသာမိပါတယ်။


လောလောဆယ် ကျွန်မ ကလေးထပ်ယူဖို့ အစီအစဉ်မရှိသေးပေမယ့် ရေထဲမှာကလေး မွေးဖွားတာကိုတော့ နောက်တစ်ကြိမ်ထပ်လုပ်ချင်ပါသေးတယ်။

 

အဆင့်သတ်မှတ်ချက်