အနာသိ ဆေးရှိ ..... မြန်မာပြည်မှ ရိုးတွင်းခြင်ဆီကင်ဆာ လူနာအကြောင်း

အနာသိ ဆေးရှိ ..... မြန်မာပြည်မှ ရိုးတွင်းခြင်ဆီကင်ဆာ လူနာအကြောင်း

ရောဂါသိရင်ဆေးရှိပါတယ် ……

မနန်းခင်မွှေးဟာ သာမန်ချောင်းဆိုး လက္ခဏာကနေပြီး အဆင့်ဆင့် စစ်ကြည့်တဲ့ အခါမှာ ရိုးတွင်းခြင်ဆီ ကင်ဆာ ခံစားနေရကြောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ မနန်းခင်မွှေးတစ်ယောက် ဆစ်မီတဝေ့က အထူးကုဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ Dr.Akkapon နဲ့ ကုသမှု ခံယူဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

မနန်းခင်မွှေးကိုယ်တိုင်ပြောပြခဲ့တဲ့ သူမကျန်းမာရေးအခြေအနေ နဲ့ဆေးကုသမှုများ

သူမရဲ့ရောဂါလက္ခဏာအစ

"ရောဂါလက္ခဏာက ချောင်းဆိုးတာကနေစတယ် ။ ချောင်းဆိုးတာနဲ့ နောက်ကျောတွေ ခါးရိုးတွေက အရမ်းနာလာတယ်။ လူကလည်း ပိန်ချုံးကျပြီးတော့ သွေးအားလည်း တော်တော်လေးကို ထိုးကျသွားတယ်။ ကျွန်မလည်း တော်တော်လေး လန့်သွားတယ် ။ ငါ တစ်ခုခုများ ဖြစ်လေလားပေါ့ ။ အရင်ဆုံး ကိုယ့်နိုင်ငံတွင်းမှာပဲ အထူးကု ဆရာဝန်ကြီးတစ်ယောက်နဲ့ပြလိုက်တော့ သူကလည်း နည်းနည်း သံသယ ရှိတယ်။ သွေးတွေဘာတွေ စစ်ခိုင်းတယ်။ တချို့ဟာတွေကတော့ မြန်မာနိုင်ငံမှာ စစ်လို့မရတော့ ဘန်ကောက်ကိုပဲလာခဲ့လိုက်တယ်။"

ရိုးတွင်းခြင်ဆီကင်ဆာဆိုတာကို ဘယ်လိုသိခဲ့လဲ?

"ဘန်ကောက်ရောက်တော့ ဆေးရုံတစ်ခုမှာ သွေးအထူးကုတစ်ယောက်နဲ့ တွေ့ပြီး သွေးအကုန် စစ်လိုက်တယ် ။ ခြင်ဆီပါ ဖောက် စစ်လိုက်တယ်။ အဲဒီအချိန်မှာ ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ သိလိုက်တာ။ အဲဒီမှာ အဖြေထွက်လာတယ်။ ဒါပေမယ့် အဲဒီ ဆရာဝန်နဲ့ ဆက်မပြဖြစ်လိုက်ဘူး။ ပို သေချာချင်လို့ စင်ကာပူမှာ တစ်ခါ ထပ်စစ်လိုက်တယ်။ အဲဒီက ထွက်လာတဲ့ ရလဒ်မှာလည်း ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ သေချာသွားတယ်။ ဒါပေမယ့် အဲဒီမှာ မလုပ်ဘဲ ဘန်ကောက်ကို တစ်ခါ ပြန်လာလိုက်တာပေါ့ ။ ဘန်ကောက်က ဆေးရုံတစ်ခုမှာပဲ ခြင်ဆီလဲလိုက်တယ်။ ကိုယ့် ခြင်ဆီနဲ့ ပဲ ကိုယ် ပြန်လဲရတာပေါ့နော်။ အောင်မြင်သွားတယ်။ ကောင်းသွားတယ်။ ဒါပေမယ့် ၇ လကြာတော့  ကင်ဆာဆဲလ်က ပြန်တက်လာတယ်။"

Akkapon Poolcharoen, M.D. (သွေးရောဂါ နှင့် ကင်ဆာရောဂါ အထူးကုဆရာဝန်) နှင့် တွေ့ဆုံခြင်း

"အဲဒီမှာ မိတ်ဆွေတစ်ယောက် မိတ်ဆက်ပေးလို့ ဆစ်မီတဝေ့ဆေးရုံက Dr.Akkapon နဲ့ ပြ ဖြစ်တယ်။ အရင်တည်းက အဲဒီဆရာနဲ့ပဲ ကုဖို့ လုပ်ခဲ့သေးတာ ။ အဲဒီအချိန်တုန်းက သူက ဒီမှာ မရှိခဲ့လို့ ။ ဒီတစ်ကြိမ်မှာ ဆရာလည်း ဒီမှာပြန်ထိုင်နေပြီဆိုတော့ သူနဲ့ပြဖြစ်တယ် လို့ မနန်းခင်မွှေးက ပြောပါတယ်။"

ဘဝတူရောဂါသည်တွေအတွက် မနန်းခင်မွှေးရဲ့ အကြံပြုစကား

"ကျွန်မလေ သွေးကင်ဆာဆိုတာ စ သိသိချင်း အချိန်မှာ ဒီနေ့ သေမလား မနက်ဖြန်သေမလား .. ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီရောဂါ ဖြစ်တဲ့သူ မရှိဘူးဆိုတော့ အရမ်းစိတ်ပူခဲ့တယ်။ ဒါပေမယ့် ခြင်ဆီ လဲ ပြီး ပြီဆိုရင် သက်တမ်းက ဆက် ဆွဲနိုင်တယ်။ ဆရာပြောပုံအရဆို (၁၀) နှစ်မကဘူး ဆက်ဆွဲထားနိုင်တယ်။ အဓိက က ကိုယ့်ရောဂါကို ကိုယ်သိဖို့လိုတယ်။ ခါးကိုက်တယ်ဆိုပြီးတော့ အရိုးချည်းပဲပြတယ်။ တကယ်က ခါးမှာ ဘာ မှ မရှိဘူး။ ဒါပေမယ့် ခါးက အရမ်းကိုက်နေတယ်။ ကျွန်မ အထင် ရိုးတွင်းခြင်ဆီကင်ဆာ ဆိုတာ မသိဘဲ ဆုံး သွားတဲ့ သူတွေလည်း အများကြီးရှိနိုင်တယ်။ အကြံပေးချင်တာက ဖြစ်ပြီဆိုရင် စစ်သင့်တဲ့ဟာတွေ အကုန်စစ်ပါ ။ ဒီခေတ်ကြီးမှာ အဖြေသိရင် ရောဂါကကုလို့ရနေပြီ။ ရောဂါ အရှင်းမပျောက်ရင်တောင် သက်တမ်းကို ဆွဲသွားလို့ရတယ်။ ကိုယ်နိုင်တဲ့ အတိုင်းအတာလေးနဲ့ မြန်မာပြည်မှာကုလို့ရတယ်။ ခြင်ဆီလဲတာသာ အဆင်မပြေရင် မပြေမယ်။ ဥပမာ ပြောပြတာပါ။"

ဆစ်မီတဝေ့ရဲ့ဝန်ဆောင်မှုအပေါ်မနန်းခင်မွှေးရဲ့သုံးသပ်ချက်

"ဆစ်မီတဝေ့နဲ့ပတ်သက်လို့ ပြောရရင်တော့ Service က အရမ်းကောင်းတယ်။ အကြိုအပို့ ကအစလုပ်ပေးတယ်။ ဆရာဝန်ဆိုရင်လည်း အရမ်းစေတနာပါတယ်။ လူနာကို နွေးထွေးမှုပေးတယ်။ Nurseတွေ လည်း တော်တော်လေးနွေးထွေးတယ်။ ဘယ်အချိန်ခေါ်ခေါ် အချိန်မရွေးလာကြည့်ပေးတယ်။ ခြင်ဆီလဲတဲ့ အချိန်မှာလည်း တစ်ယောက်မဟုတ် တစ်ယောက် လာ လာကြည့်ပေးတယ်။ ဘာသာပြန်ပေးတဲ့ ညီမလေးတွေဆို ကိုယ့်မိသားစုဝင်လိုတောင်ဖြစ်နေပြီ။ Service ပိုင်းနဲ့ပတ်သက်လို့ ခြုံပြောရင် အကုန်လုံး ကောင်းပါတယ်။"

သွေးရောဂါ နှင့် ကင်ဆာရောဂါ အထူးကုဆရာဝန် Akkapon Poolcharoen, M.D.ပြောပြတဲ့ မနန်းခင်မွှေး ကျန်းမာရေးအခြေအနေ နဲ့ကုသမှုများ

"သွေးကင်ဆာတစ်မျိုးပေါ့ ။ ကျွန်တော်တို့ ဆေးပညာမှာ Multiple Myeloma လို့ခေါ်တယ်။ သွေးဖြူဥအမျိုးအစားတစ်ခုမှာဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ Multiple Myeloma ခံစားနေရတဲ့ လူနာတွေကို ကျွန်တော်တို့က အန္တရာယ်များတဲ့ လူနာအမျိုးအစား အုပ်စုထဲမှာ သတ်မှတ်ထားတယ်။ သူမ က ကျတော့ ဆိုးရွားတဲ့ ဗီဇအပြောင်းအလဲရှိခဲ့လို့ ရောဂါအလားအလာက ပိုဆိုးလာခဲ့တယ်။ အထူးသဖြင့်  Autologus Bone Marrow Transplantation လို့ ခေါ်တဲ့ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲက ကျန်းမာတဲ့Stem Cell နဲ့အစားထိုး ကုသပြီးနောက်မှာ ရောဂါက စောစောစီးစီး ပြန်ဖြစ်လာတယ်။  သူမမှာ ဆိုးရွားတဲ့ ဗီဇအပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့သိခဲ့ရတယ်။ သူမအတွက် ပျောက်ကင်းသက်သာနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းကတော့ Allogeneic Stem Cell Transplantation လို့ခေါ်တဲ့ တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက Stem Cell ကို ယူပြီး ကုသရမယ့် နည်းလမ်းကို ကျွန်တော်တို့ရွေးချယ် ဆုံးဖြတ်ခဲ့ကြတယ်။ Multiple Myeloma အတွက် ပုံမှန်စောင့်ကြည့်မှု ပြုလုပ်ပြီး ရောဂါကို သေချာ စောင့်ကြည့်နိုင်ခဲ့တယ်။ ဒါပေမယ့် သူမ ရဲ့ သွေးထဲမှာ ပုံမှန်မဟုတ်တဲ့ ပရိုတိန်းဓာတ်တွေ တွေ့ခဲ့ရလို့ ရောဂါပြန်ဖြစ်ပြီဆိုတာကို သိခဲ့တယ်။"

Allogeneic Stem Cell Transplantation နဲ့ပတ်သက်ပြီးသတိပြုရမယ့်အချက်တွေက

"Allogeneic Stem Cell Transplantation နည်းလမ်းကိုရွေးမယ်ဆိုရင် အဓိက စဉ်းစားရမယ့်အချက် (၂) ချက်ရှိပါတယ်။ ပထမတစ်ချက်က လူနာရဲ့ အသက်အရွယ် ။ တကယ်လို့ လူနာက အသက်ကြီးနေမယ် ဒါမှမဟုတ် Multiple Comorbidities လို့ခေါ်တဲ့ နှစ်ခုထက်ပိုတဲ့ ရောဂါအခံ ရှိနေမယ် ဆိုရင် ဒီကုသမှုကို ကျွန်တော်တို့ လုပ်လို့မရပါဘူး။ နောက်တစ်ချက် စဉ်းစားရမှာက Stem Cell လှူပေးမယ့် Donor (အလှူရှင်) .. အခုဆို ကျွန်တော်တို့  အမျိုးအစားတူညီတဲ့ ညီကိုမောင်နှမသားချင်းရဲ့ Stem Cell နဲ့ အစားထိုးလို့ရသလို တစ်ဝက်တူညီတဲ့ Stem Cell အစားထိုးကုသမှု (Haploidentical Transplantation) နဲ့လည်း လုပ်လို့ရနေပါပြီ။"

Donor ဟာ ဘယ်လိုလူမျိုးဖြစ်ရမလဲ?

Dr.Akkapon ဟာ မနန်းခင်မွှေးအတွက် သင့်လျော်တဲ့ Donor ကို ကြိုးစားရှာဖွေပေးခဲ့ပါတယ်။  "သူမက အသက် (၅၅) နှစ်ပဲရှိသေး သလို နှစ်ခုထက်ပိုတဲ့ ဆိုးဆိုးရွားရွား ရောဂါရယ်လို့လည်း မရှိဘူး။ ဆိုတော့ သူမက Allogeneic Stem Cell Transplantation နဲ့ သင့်တော်တဲ့ အနေအထား အများကြီးရှိနေတယ်" လို့ Dr.Akkapon ကပြောပါတယ်။ ဒါ့အပြင် သူမရဲ့ မောင် နှမသားချင်းတွေဆီက HLA (ပြင်ပမှဝင်လာသည်များ ကိုတိုက်ထုတ်ပေးသည့်ခန္ဓာကိုယ်တွင်းပဋိပစ္စည်းတစ်မျိုး) အမျိုးအစားကို စစ်ရတယ်။ ကံကောင်းထောက်မစွာ နဲ့ပဲ သူမ ရဲ့ မောင်နှမတွေထဲက တစ်ယောက်က သူမရဲ့ HLA နဲ့ တူညီနေခဲ့ပါတယ်။

အနာသိ ဆေးရှိ ..... မြန်မာပြည်မှ ရိုးတွင်းခြင်ဆီကင်ဆာ လူနာအကြောင်း

မနန်းခင်မွှေးနဲ့ Match ဖြစ်မယ့် အလှူရှင် (Donor) ရှာဖို့ သူမရဲ့ မောင်နှမတွေ အားလုံးကို စစ်ဆေးခဲ့ပါတယ်။  ကံကောင်းစွာနဲ့ပဲ သူမရဲ့ မောင်လေးနဲ့  Stem Cell ချင်း တူနေပါတယ်။

ကုသမှုအပြီး (၄) လအကြာမှာလုပ်ခဲ့တဲ့စစ်ဆေးမှုများနဲ့ လူနာရဲ့အခြေအနေ

"ကျွန်တော်တို့ ရောဂါကိုသေချာစောင့်ကြည့်ပြီးတော့ ရိုးတွင်းခြင်ဆီ အသားစယူပြီး စစ်ကြည့်တယ်။ပြီးတော့ သွေးဖြူဥထဲက ပရိုတိန်းတွေကိုလည်း စစ်ကြည့်ခဲ့တယ်။ ခုတော့ သူမ လုံးဝကို ပျောက်ကင်းသက်သာသွားပြီ။ အရမ်းကိုကောင်းသွားပြီ"လို့ Dr.Akkapon ကပြောပါတယ်။

"ပုံမှန်ဆိုရင် Allogeneic Stem Cell Transplantation လုပ်ဆောင်ခဲ့တဲ့ လူနာတွေရဲ့ (၄၀) ကနေ (၆၀) ရာခိုင်နှုန်းလောက်က အစားထိုးကုသပြီးနောက်ဖြစ်တဲ့ ရောဂါ (GVHD) ရုတ်တရက်ခံစားရနိုင်ပါတယ်။ (၃၀) ရာခိုင်နှုန်းကနေ (၄၀) ရာခိုင်နှုန်းလောက်ကတော့ အစားထိုးကုသပြီးနောက်ဖြစ်တဲ့ ရောဂါ (GVHD) ကို နာတာရှည် ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် Stem Cell Transplantation ကို အသစ်အဆန်း ကုသမှုနည်းလမ်းတစ်ခု အဖြစ် လုပ်ဆောင်ပြီးနောက် Ms.Nan မှာ အစားထိုးကုသပြီးနောက်ဖြစ်တဲ့ ရောဂါ (GVHD) မတွေ့ရပါဘူး။ ရုတ်တရက်ဖြစ်တာမျိုးမရှိသလို နာတာရှည် အနေနဲ့လည်း အခုထိ မဖြစ်သေးပါဘူး။ ဒီရောဂါကနေ သူလုံးဝ အရှင်း သက်သာပျောက်ကင်းခဲ့တယ်။ တစ်ချိန်ထဲမှာ အစားထိုးကုသပြီးနောက်ဖြစ်တဲ့ ရောဂါ (GVHD) မဖြစ်ဘူးဆိုတော့ ရလဒ်က တကယ့်ကို ကျေနပ်အားရစရာပေါ့ဗျာ" လို့ Dr.Akkapon က ဆိုပါတယ်။

အောင်မြင်မှုရာခိုင်နှုန်း

"ဒါက အစားထိုးကုသတဲ့ စင်တာတစ်ခုချင်းအလိုက် လုပ်ဆောင်တဲ့ နည်းလမ်း တွေအပေါ် မူတည်နေတော့ ပြောဖို့တော့ ခက်ပါတယ်။ ပြီးတော့ ဒါက လူနာအပေါ် ကုသပေးတဲ့အရည်အချင်း ၊ ဝန်ဆောင်မှုနဲ့ ပညာ အပေါ်လည်း မူတည်နေတယ်လေ။ ဒါပေမယ့်သေချာတာက ကျွန်တော်တို့ ဆစ်မီတဝေ့ မှာတော့ရလဒ်က ရာနှုန်းပြည့်နီးပါး ကျေနပ်စရာပါပဲ" လို့ Dr.Akkapon က ပြောခဲ့ပါတယ်။

ကိုဗစ်ကာလမှာ ဒီရောဂါဖြစ်ခဲ့ရင်

"အစားထိုးကုသမှုက ရက်သတ္တပတ်ပေါင်းများစွာကနေ လအနည်းငယ်အထိ အချိန်ကြာတတ်တော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်နေရင်တောင် ကုသမှုအစီအစဉ်ကို စလို့ရပါတယ်။ Video Call နဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို စလုပ်လို့ရတယ်။ တချို့သွေးစစ်မှုတွေအတွက် သွေးကို ထိုင်းကိုပို့ပြီးစစ်မယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံမှာပဲ သွေးစစ်ပြီး သွေးအဖြေရလဒ်ကိုပို့မယ်ဆိုလည်းရတယ်။"

 

အဆင့်သတ်မှတ်ချက်