ဆီးကျိတ်ကင်ဆာကိုအပြတ်တိုက်ဖို့အချိန်(၂)ပတ်ပဲလိုတယ်

ဆီးကျိတ်ကင်ဆာကိုအပြတ်တိုက်ဖို့အချိန်(၂)ပတ်ပဲလိုတယ်

အသက် (၅၆)နှစ်အရွယ် ကနေဒါနိုင်ငံသားအင်ဂျင်နီယာ Harold Janz ဟာ သူ့အလုပ်ရှိတဲ့ နိုင်ဂျီးရီးယားကနေ စင်ကာပူကိုသွားခဲ့တဲ့ business trip အပြီး ဆစ်မီတဝေ့ဆေးရုံကြီးမှာ ပုံမှန် medical check-up လုပ်ဖို့ဇနီးသည်နဲ့အတူ ဘန်ကောက်ကိုရောက်လာခဲ့ပါတယ်။ ဒါဟာ သူ့ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ဆေးစစ်ချက်အရ သူ့မှာ PSA          (ဆီးကျိတ်မှထုတ်ပေးတဲ့ပရိုတိန်းတစ်မျိုး) ပမာဏ မြင့်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကိုသိတာနဲ့တပြိုင်နက် Dr.Isares Saisorn ဟာ အသားစ ယူပြီး စစ်ဆေးလိုက်တဲ့အခါ မှာ ဆီးကျိတ်ကင်ဆာရှိနေကြောင်း သိခဲ့ရပါတယ်။ Mr.Harold Janz ဟာ သူ့ရဲ့ ဆီးကျိတ်ကင်ဆာကို   ကုသဖို့အတွက် ခွဲစိတ်စရာမလိုဘဲ အာထရာဆောင်းလှိုင်းအသုံးပြုပြီး ကင်ဆာဆဲလ်ကို ဖျက်ဆီးပစ်ခြင်းနည်းလမ်း ဖြစ်တဲ့ HIFU နည်းပညာကိုရွေးချယ်ခဲ့ပါတယ်။ ဆစ်မီတဝေ့ဆေးရုံကြီးဟာ HIFU နည်းပညာနဲ့ ဆီးကျိတ်ကင်ဆာကိုကုသတဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော ပုဂ္ဂလိကဆေးရုံဖြစ်ပါတယ်။

လူနာ Harold Janz ၏အတွေ့အကြုံ

ကျွန်တော်က ၁၉၉၇ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ဘန်ကောက်မှာရှိတဲ့ ဆီကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျွန်တော် မြန်မာနိုင်ငံက မြိတ်ကျွန်းစုဘက်ကိုသွားလည်ခဲ့ တယ်။  အဲဒီမှာ ငှက်ဖျားမိခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော် ဆစ်မီတဝေ့ဆေးရုံကြီးကို ရောက်လာခဲ့တယ်။ 

အဲဒီတုန်းက ဆစ်မီတဝေ့ဆေးရုံကြီးက ကျွန်တော့်ကို သေချာ ဂရုတစိုက် ကုသပေးခဲ့တယ်။ အဲဒီကတည်းက တစ်ခုခုဆိုရင် ဆစ်မီတဝေ့ဆေးရုံကြီးမှာပဲပြဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်တို့ရဲ့ medical check-up ကိုလည်း ဆမ်မီတဝေးဆေးရုံကြီးမှာပဲ ပုံမှန်လုပ်ဖြစ်ခဲ့တယ်။ 

အဲဒီလိုလာလုပ်ရင်းနဲ့ပဲ ဆေးစစ်ချက်တွေမှာ ကျွန်တော့်ရဲ့ PSA ပမာဏ က ပုံမှန် ၃-၄ လောက်ပဲရှိရမယ့်အစား ၆-၇ လောက်အထိ မြင့်တက်နေတာကို တွေ့ခဲ့ရတယ်။ အဲဒီ အဆင့်မှာ stable ဖြစ်နေတဲ့သဘောပေါ့။  ဒါပေမယ့် နောက်ဆုံးတစ်ကြိမ် စစ်ဆေးမှုမှာ  PSA ပမာဏက ၁၃.၈ အထိမြင့်သွားတယ်။ ဒါကို သေသေချာချာ လုပ်ဖို့ လိုတယ်လို့ ဆရာဝန်တွေကပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို Dr.Isares Saisorn ဆီခေါ်သွားတယ်။

Dr.Isares Saisorn က ချက်ချင်း ဆေးစစ်ချက်ကို သေချာ ပြန်သုံးသပ်ပြီး အသားစယူစစ်ဆေးဖို့ အကြံပေးခဲ့ တယ်။ ဒါတွေကို မြန်မြန်ဆန်ဆန်နဲ့ပဲ လုပ်ဆောင်ခဲ့တာပါ။ အဲဒီ အင်္ဂါနေ့မှာ ပဋိဇီဝဆေး တချို့ စ ပေးတယ်။  ပြီးတော့ ကြာသပတေးနေ့မှာအသားစ ယူစစ်တယ်။ ထွက်လာတဲ့ ရလဒ်ကို စနေနေ့မနက်မှာ ကျွန်တော်နဲ့ အတူ သေချာပြန်သုံးသပ်ပြီး ဆီးကျိတ်ဘယ်ဘက်ခြမ်းမှာ ကင်ဆာဆဲလ်တွေ ပြန့်နေတာ သေချာတယ်လို့ ပြောတယ်။ ဆရာဝန်က ကင်ဆာလဲလ်တွေ ခင်ဗျားရဲ့ ပြန်ရည်ကျိတ် ဒါမှမဟုတ် အရိုးတွေဆီ ပြန့်သွားပြီလား ဆိုတာကို စစ်ဖို့လိုတယ်လို့ ပြောခဲ့တယ်။ အဲဒီနေ့ နေ့လည်မှာပဲ  CT scan နဲ့ စစ်လိုက်တော့ မပြန့်သေးဘူး လို့ ရလဒ်ထွက်လာတယ်။ နောက်တစ်နေ့ တနင်္ဂနွေနေ့မှာလည်း အရိုးကို scan ဖတ်တယ်။ ရလဒ်က အတူတူပဲ။

အဲဒီအချိန်မှာ ကုသမှုအတွက် ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။ သူကပြောတယ် ရွေးချယ်စရာ တွေအများကြီးရှိတယ်။ အကောင်းဆုံးမျှော်လင့်ထားတယ်ပေါ့။ ဓာတ်ကင်တာ ၊ ကင်ဆာဆေးသွင်းတာ လိုမျိုး နည်းလမ်းတွေရှိတယ် ။ ဒါမှ မဟုတ် HIFU လို့ခေါ်တဲ့ ကုသမှုအသစ်ကို စမ်းကြည့်ပါလားလို့ပြောတယ်။ ကျွန်တော်ခေါင်းညိတ်ခဲ့တယ်။ HIFU တဲ့ . နားထောင်လိုက်ယုံနဲ့ ကျွန်တော့်စိတ်ကို ဖမ်းစားနိုင်ခဲ့တယ်။

ကျွန်တော်ကြိုက်တဲ့အချက်က ဓာတ်ရောင်ခြည်နဲ့ ထိတွေ့စရာမလိုဘူး ။ ခွဲစိတ်စရာမလိုဘူး ။ ဆေးသွင်းစရာ မလိုဘူးဆိုတော့ နည်းနည်းစဉ်းစားစရာဖြစ်တာပေါ့ ။ တကယ်တမ်းမှာလည်း ဒါက ကိုယ်ပစ်မှတ်ထားတဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်လိုက်ရုံနဲ့ ပြီးသွားတာပဲလေ ။ ဆီးလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ပစ်မှတ် ဆဲလ်တွေကို ကုန်အောင် ဖျက်စီးလိုက်တာပါ။ ဒါက သိပ်ကြီးကြီးမားမားပြဿနာမရှိပါဘူး။ ဒီလိုလုပ်လိုက်မှ ကျွန်တော်ပုံမှန်အတိုင်းပြန်ပြီး လုပ်ဆောင်နိုင်မှာလေ။     ကုသမှုပြီးတာနဲ့ ပုံမှန်အတိုင်းပြန်သက်သာလာဖို့က လည်း (၂) ပတ်လောက်ပဲဆိုတော့ ကျွန်တော့်အတွက်အဆင်ပြေတယ်။ 

ဗုဒ္ဓဟူးနေ့မှာပဲ ကုသမှုစလုပ်လိုက်တယ် ။ မေ့ဆေးဆရာဝန်ကြီးက မေ့ဆေးထိုးပေးလိုက်တယ်။ အဲဒါအပြီး ကျွန်တော် ပြန်သတိရလာတဲ့အချိန်မှာ သိလိုက်ရတာက recovery room ထဲမှာ  ။ ကုသမှုက အောင်အောင်မြင်မြင်နဲ့ပဲ ပြီးသွားခဲ့တယ်။ စိတ်ဝင်စားဖို့တော့ကောင်းတယ်ဗျ ။ အရင်တုန်းက ကျွန်တော်လုပ်ခဲ့ဘူးတဲ့ အသေးစားခွဲစိတ်မှု တွေမှာဆို ပြန်သတိရလာရင် ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ မအီမသာကြီး ။ အခုတစ်ခေါက်က အဲဒါတွေ ဘာမှ မခံစားရဘူး။ စနေနေ့ရောက်တော့ ကျွန်တော်လုံးဝ လန်းလန်းဆန်းဆန်းဖြစ်လာခဲ့တယ်။ 

ဘဝမှာအမြဲတမ်း လုပ်နေပေမယ့် ဖြစ်မြောက်မလာတာမျိုးတွေရှိပါတယ် ။ ဒီတစ်ခါကတော့ ဖြစ်သွားခဲ့တယ်။ အလုပ်ကိစ္စနဲ့ နိုက်ဂျီးရီးယားကနေ စင်ကာပူကိုလာခဲ့တယ် ။ ခု ဘန်ကောက်မှာ ကျွန်တော့်မိန်းမနဲ့ အတူရှိနေခဲ့တယ်။ 

“ ကျွန်တော်တို့တတွေ ဆစ်မီတဝေ့ဆေးရုံကြီးမှာ medical check-up လုပ်ထားရင်ပိုကောင်းတာပေါ့ဗျာ … ” လို့ Mr.Harold Janz ကပြောပါတယ်။  

Dr.Isares ကို တကယ်ချီးကျူးပါတယ်။ ကျွန်တော်မလုပ်ဘူးတဲ့ အရာတစ်ခုကို သေချာဂရုတစိုက် ကုသပေးတယ်။ အရင်ကုသဘူးတဲ့ဟာတွေက အချိန်ကြာတယ်။ ခု ဆစ်မီတဝေ့ဆေးရုံကြီးမှာ PSA ရလဒ်သိရတဲ့အချိန်ကနေ ကင်ဆာပျောက်ကင်းတဲ့အထိ (၂)ပတ်ပဲ အချိန်ကြာတယ်။ 
ကျွန်တော်တို့ ပြောမပြတတ်အောင်ပဲဝမ်းသာပါတယ်။ တကယ်ကိုအလုပ်ဖြစ်ခဲ့ပါတယ်။ ဒီလို ကုသပေးခဲ့တဲ့ ဆစ်မီတဝေ့ဆေးရုံကြီးကိုလည်း အရမ်းကျေးဇူးတင်တယ်။ နို့မို့ဆိုရင် ကျွန်တော်တို့ ဒီလိုကုသဖို့ အခွင့်အရေး ရမှာ မဟုတ်ပါဘူး။ HIFU ကုသမှုကို လူတွေ လက်ခံယုံကြည်လာတော့မှာပါ ။ ဒါက အန္တရာယ်မရှိတဲ့ ကုသမှု ဖြစ်သလို လူတွေရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ ကုသမှုနည်းပညာတစ်ခုပဲလေ။ 

 

အဆင့်သတ်မှတ်ချက်