ကြီးမားတဲ့ကျန်းမာရေးပြဿနာများဆီဦးတည်နေတဲ့ သာမန်အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာများ

ကြီးမားတဲ့ကျန်းမာရေးပြဿနာများဆီဦးတည်နေတဲ့ သာမန်အစာအိမ်အူလမ်းကြောင်းရောဂါလက္ခဏာများ

ရင်ဘတ်ကျပ်ခြင်းနဲ့ အစာအိမ်ရောင်ခြင်းဝေဒနာကို ခံစားနေရတဲ့ Samuth Nuchnart ဟာ Dr.Pitulak Aswakul နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ရောက်လာခဲ့ပါတယ်။

ဆစ်မီတဝေ့ဆရာဝန်များအပေါ်ယုံကြည်မှုအပြည့်ထားခဲ့တာကြောင့် ကြောက်ရွံ့မှုမရှိဘဲ အောင်မြင်စွာကုသလုပ်ဆောင်နိုင်ခဲ့ပါတယ်..

Samuth Nuchnart က သူ့ ရင်ဘတ် အမြဲကျပ်နေပြီး အစာအိမ်ရောင်နေလို့ Dr.Pitulak Aswakul နဲ့ ဆွေးနွေးတိုင်ပင်ဖို့ရောက် လာခဲ့ပါတယ်။ ဆရာဝန်ကတော့ အစာအိမ်မှန်ပြောင်းကြည့်ဖို့ (Gastroscopy) နဲ့ အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့် (Colonoscopy) ဖို့ အကြံပေးခဲ့တယ်။ ဒါပေမယ့် သူ့အသက်က(၈၀) ရှိနေပြီဖြစ်သလို ဒီလိုစစ်ဆေးမှုလည်း တစ်ခါမှမလုပ်ဖူးတော့ တစ်ခုခုဖြစ်မှာကြောက်ပြီး မလုပ်ချင်ဘူးလို့ ပြောတယ်။ ဒါကြောင့် ဆရာဝန်က နောက်ထပ်တစ်ခုအနေနဲ့ ဆေးဝါးတချို့နဲ့ ကုသမှုတစ်ခုကို အကြံပေးခဲ့တယ်။ ဒါက လူနာရဲ့ ရောဂါလက္ခဏာကို တစ်ပတ်လောက်ကုမယ်။ သူ့ရောဂါ လုံးဝ ပျောက်ကင်းသွားတာ မဟုတ်ပေမယ့် နည်းနည်းတော့ လျော့သွားဖို့ ရည်ရွယ်တယ်။ ပြီးတော့ ဆရာဝန်က သူ့ကို စစ်ဆေးမှုတွေ လုပ်ဖို့ စည်းရုံးနိုင်ခဲ့တယ်။ ပထမတော့ အရမ်းလွယ်တယ်ထင်ရပေမယ့် ဘဝမှာ ထင်သလောက် ရိုးရှင်းမနေခဲ့ပါဘူး။

ဘာလို့လဲဆိုတော့ သူ့မှာ နှလုံးရောဂါရာဇဝင်ရှိတယ်။ သွေးကျဲဆေးသောက်နေရတဲ့သူလည်းဖြစ်တော့  နှလုံးအထူးကုနဲ့ တိုင်ပင်ပြီး စစ်ဆေးမှုတွေမလုပ်ခင်မှာ ဒီဆေးတွေကို တစ်ပတ်လောက် ဖြတ်လိုက်ရတယ်။ သူ့အနေနဲ့ အစာအိမ်မှန်ပြောင်းကြည့်ခြင်း (Gastroscopy) နဲ့ အူမကြီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း (Colonoscopy) ကို လုပ်ဆောင်ဖို့ လက်ခံခဲ့ပြီး အဲဒီစစ်ဆေးကြည့်ရှုမှုများအတွင်း အကျိတ်အဖု သေးသေးလေး တစ်လုံးကို တွေ့ရှိခဲ့ရပါတယ်။ အဆိုပါ အကျိတ်အဖုကို ဆရာဝန်က ဖယ်ရှားခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုများအတွက် အသားစ ယူခဲ့ပါတယ်။ ရလဒ်တွေအရ ကင်ဆာမရှိတော့တာကြောင့်အားလုံး အတွက် အလွန်စိတ်သက်သာရာ ရစေခဲ့ပါတယ်။

ဒါက ဇာတ်လမ်းရဲ့အဆုံးသတ်မဟုတ်ပါဘူး။  သူ့ရဲ့ အူထိပ်ပိုင်း(Duodenum) မှာ (၃) စင်တီမီတာ လောက်ရှိတဲ့ အလုံးထပ်တွေ့ပါတယ်။ ဒါကိုဖယ်ရှားဖို့ဆိုရင် “ Whipple Procedure ” ခေါ် မုန့်ချိုအိတ်(Pancreas)ထိပ်ပိုင်းနဲ့ အူထိပ်ပိုင်း(Duodenum) အစိတ်အပိုင်းများကို ဖြတ်ထုတ်ဖယ်ရှားရတဲ့ ခွဲစိတ်မှုကို လိုအပ်ပါတယ်။ အသက် (၈၀) အရွယ် လူကြီး တစ်ယောက်အတွက် ဒီလိုခွဲစိတ်မှုဟာ အကျိတ်အဖုအနေအထား ၊  ထိုးဖောက်နိုင်မှု အခွင့်အရေး စတာတွေကြာင့် ဆရာဝန်တွေအနေနဲ့ အကျိတ်အဖု ကို အပြည့်အဝဖယ်ရှားလိုက်ဖို့ မဖြစ်နိုင်ဘဲ သေဆုံးနိုင်ခြေမြင့်မားပြီး ( ၄ ယောက်လျှင် တစ်ယောက်သေဆုံးနိုင်ခြေရှိ)  အရမ်းကို အလျော်အစားကြီးတဲ့ ခွဲစိတ်မှုတစ်ခုလို့ ဆိုရမှာပါ။  သင့်လျော်တဲ့ ကုသမှုနည်းလမ်းများစွာကို သေချာအသေးစိတ် ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် ဝမ်းဗိုက်အတွင်းကြည့်ကိရိယာ သုံးပြီးခွဲစိတ်ကုသခြင်းဟာ အကောင်းဆုံး ရွေးချယ်မှုအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။ ခွဲစိတ်ကုသမှု အပြီးမှာ ဆရာဝန် များအတွက် မယုံနိုင်လောက်အောင်ပဲ ချက်ချင်းယူပစ်သလို ပျောက်ကင်းသက်သာသွားခဲ့ပါတယ်။ 

Samuth Nuchnart က ပြောကြားခဲ့ရာမှာ - “ ကျွန်တော် နှလုံးရောဂါခံစားခဲ့ရပြီး ၂၀၀၂ ခုနှစ် ထဲမှာ bypass operation (ပိတ်နေတဲ့နှလုံးသွေးကြောတစ်ဝိုက်သွေးစီးဆင်းစေခြင်းဖြင့်နှလုံးကြွက်သားသွေးစီးဆင်းမှုကို နဂိုအတိုင်းပြန်ဖြစ်စေခြင်း) (၄) ကြိမ်လုပ်ဆောင်ခဲ့ရတယ်။ ၂၀၁၄ အစမှာ ကျွန်တော့်ရင်ဘတ်တဲ့ ကျပ်ပြီး ရောင်ရမ်းတဲ့ ဝေဒနာကို စပြီးခံစားခဲ့ရတယ်။ ဒါပေမယ့် ရောဂါလက္ခဏာကို သေချာပြောပြလို့မရဘူး။ ကျွန်တော့် နှလုံးကျန်းမာရေးနဲ့ပတ်သက်ပြီး စိုးရိမ်သောက လည်းရှိနေတော့ ညညဆို အိပ်မရဘူး ။ နောက်ဆုံး ကျွန်တော် Dr.Pituluk နဲ့ လာတွေ့လိုက်တယ်။ သူက ကျွန်တော့်ကို အစာအိမ်လမ်းကြောင်း မှန်ပြောင်းကြည့် ဖို့ အကြံပေးတယ်။ အစတော့ ကျွန်တော် နည်းနည်းကြောက်လို့ ဒါကို လုပ်ဖို့ ငြင်းလိုက်တယ်။ ဒါပေမယ့် လည်း ဆရာဝန်က ကျွန်တော့်မှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို သေချာဂရုတစိုက်ရှင်းပြပြီးနောက်မှာ ကျွန်တော် ဒါကိုလုပ်ဖို့ သဘောတူခဲ့တယ်။ သူမ က ကျွန်တော့်ကို စိတ်သက်သာရာရစေခဲ့သလို သူမရဲ့ အရည်အချင်း ကိုလည်း စပြီး မြင်လာခဲ့တယ်။ ပြီးတော့ မေ့ဆေးဆရာဝန် Dr.Usaneeအပါအဝင် ဆေးအဖွဲ့အားလုံးကို ရောပေါ့။ သူတို့အားလုံး အပေါ် ကျွန်တော် ယုံကြည်မှုထားခဲ့ပါတယ်။ ကနဦးစစ်ဆေးမှုတွေမှာ သူတို့ ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ တစ်ချိန်တည်းမှာ ပါဝင်တဲ့ ခွဲစိတ်ဆရာဝန်တွေကလည်း ခွဲစိတ်မှုတစ်လျှောက်လုံး ကျွန်တော့်ဘေးမှာ ဖေးဖေးမမနဲ့ ရှိနေပြီး ကျွန်တော့် အခြေအနေကို စောင့်ကြည့်ပေး မယ်လို့ ပြောတယ်။ ဒီလိုမျိုး ဆေးအဖွဲ့လက်ထဲမှာရှိနေတဲ့အတွက် ကျွန်တော် တော်တော်လေး သက်သောင့် သက်သာခံစားရပြီး ပျော်တယ် ဆိုတာထက်ကို ပိုပါတယ်။   ” လို့ ဆိုပါတယ်။

Samuth Nuchnart က ဆက်လက်ပြောကြားရာမှာ - “နောက်ဆုံးတော့ ကျွန်တော် ရင်ဘတ်ထဲ ကျပ်နေတာတွေ  ရောင်ရမ်းနေတာတွေပျောက်သွားပြီး အားလုံးအဆင်ပြေပြေ ဖြစ်သွားခဲ့တယ်။ သေချာဂရုတစိုက် ကုသပေးခဲ့ပြီး ကုသမှုအဆင့် တစ်ခုစီတိုင်းကို ဘာကြောင့် ဒီလိုလုပ်ရတယ် ဆိုတာ ကျွန်တော်နားလည်အောင် ရှင်းပြ ပြောပြပေးခဲ့တဲ့ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေကို ကျွန်တော် လှိႈက်လှိုက်လှဲလှဲ ချီးကျူးပါတယ်။ တကယ်လို့ ဆေးဝန်ထမ်းတွေက ဘာဖြစ်မယ် ဆိုတာကို သေချာမရှင်းပြထားဘူးဆိုရင် လူနာတွေက စိုးရိမ်သောက ကြီးနေမယ်လို့ ကျွန်တော် ထင်တယ်။ တကယ်လို့ သင်တို့မှာ တစ်ခုခု ကျန်းမာရေးပြဿနာရှိနေပြီဆိုရင် စောနိုင်သမျှအစောဆုံး စစ်ဆေးကုသမှုကို လုပ်ဆောင်ပါလို့ ကျွန်တော် အကြံပေးချင်တယ်။ ကျွန်တော့်လို ၆ လ - ၇ လ လောက် ဘာမှ မကုသဘဲ ထားတာမျိုး မလုပ်ဖို့လည်း အကြံပေးချင်တယ်။ ကျွန်တော် နှလုံးမှာ ပြဿနာရှိနေတယ်ဆိုပြီး မှားယွင်းစွာ ယုံကြည်ခဲ့မိတယ်။ တကယ်ဆို ချက်ချင်း ကျွမ်းကျင်ဆရာဝန်နဲ့ ပြလိုက်ရမှာ ။ ဒါပေမယ့်လည်း  ဆရာဝန်တစ်ယောက်က ကျွန်တော့် ကျန်းမာရေးပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ အပြည့်အဝ နားမလည်ခဲ့ဘူး။ ရိုးရိုးလေးပဲစဉ်းစားကြည့် ။ ကျွန်တော့်လို အသက် (၈၀) လူကြီးတစ်ယောက်တောင် အစာအိမ်လမ်းကြောင်းမှန်ပြောင်းကြည့်တာကို လုပ်နိုင်ရင် အသက် (၅၀) ပဲရှိတဲ့သူတွေက ဘာကို ကြောက်နေရမှာလဲ?  ” လို့ ဆိုပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့ အသည်း ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါအထူးကုဆရာဝန်ကြီး Dr.Pitulak Aswkul ကလည်း Mr.Nuchnart နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောကြားပေးခဲ့ပါတယ်။
“ တကယ်လို့ အပြင်ပန်းရောဂါလက္ခဏာတွေ မရှိဘူးဆိုရင်တောင်အူမကြီးလမ်းကြောင်းမှန်ပြောင်း ကြည့်မယ်ဆိုရင် အဖုအကျိတ်လို ပုံမှန်မဟုတ်တဲ့ မူမမှန်မှုတွေကို စောစောစီးစီး တွေ့နိုင်ပါတယ်။ ဒီ အဖုအကျိတ်တွေဟာ ကင်ဆာအဖြစ် မကြီးထွာလာခင် အမြန်ဖယ်ရှားလိုက်လို့ရပါတယ်။ ဒီလို စစ်ဆေးကြည့်ရှု တာကို ကြောက်စရာအကြောင်းဘာမှ မရှိပါဘူး။ ဆရာဝန်တွေကြောင့် တစ်ခါတစ်လေ လူနာတွေ ပိုပြီး စိုးရိမ်ကြတာလည်းရှိပါတယ် ။ ဆစ်မီတဝေ့မှာ ကုသမှုအစီအစဉ်တွေကို လူနာတွေရဲ့ လိုအပ်ချက်အတိုင်း ကွက်တိရေးဆွဲထားပါတယ်။ Mr.Nuchnart ကတော့ ကျွန်တော်တို့ ကုသရေးအဖွဲ့အပေါ်မှာ လုံးဝယုံကြည်ထားလို့ လုံးဝ ပြန်လည်သက်သာလာမှာပါ။ ချောချောမွေ့မွေ့နဲ့ ထိရောက်တဲ့ ကုသမှုဟာ အားလုံးကို စိတ်ကျေနပ်မှုရှိစေပြီး ယုံကြည်မှုရဲ့ ရလဒ်တစ်ခုပဲဖြစ်ပါတယ်။  ” လို့ Dr.Pitulak Aswkul က ပြောကြားခဲ့ပါတယ်။

အဆင့်သတ်မှတ်ချက်