ဆစ်မီတဝေ့မှ Veterans General Hospital သို့ ဆေးရုံသုံးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း

လူထုအကျိုးပြုမျှဝေမှုအနေဖြင့် ဆစ်မီတဝေ့ဆေးရုံမှ Veterans General Hospital
သို့ဆေးရုံသုံးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း

ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံရဲ့ ဒါရိုက်တာဖြစ်သူ Dr. Adinun Kittiratanapaibool မှ ဦးဆောင်ပြီး Veterans General Hospital ဆေးရုံသို့ ဆေးရုံသုံးပစ္စည်းများဖြစ်သော EKG စက်များ၊ သွေးပေါင်ချိန်စက်များ၊  ကျောက်ကပ်ဆေးစက်များ၊ အီလက်ထရောနစ်လူနာကုတင်များ ၊ ဝှီးချဲများ (Wheel Chairs) လှူဒါန်းပေးအပ်ခဲ့ပါတယ်။ အဆိုပါလှူဒါန်းပစ္စည်းများကို Veterans General Hospital ဆေးရုံရဲ့ ဒါရိုက်တာ Dr. Chittima Preecha ၊ Veterans General Hospital ဆေးရုံရဲ့ (ဆေးပညာဌာန) လက်ထောက်ဒါရိုက်တာ Dr. Chatsumarn Tantikul ၊ Royal Thai Navy ၊ Veterans General Hospital ဆေးရုံရဲ့ (သူနာပြုဌာန) လက်ထောက်ဒါရိုက်တာ SubLt. Thidanuch Peanchuchai တို့မှ လက်ခံလွှဲပြောင်းရယူခဲ့ပါတယ်။ အဆိုပါလှူဒါန်းမှုဟာ လူနာများအတွက်ထိရောက်တဲ့ စောင့်ရှောက်မှုနှင့်အတူ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်းကိုမြှင့်တင်ရာတွင် ပုဂ္ဂလိကနှင့် အစိုးရ အခန်းကဏ္ဍကြားအောင်မြင်တဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖော်ဆောင်မှုအဖြစ် ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အဆိုပါပဏာမကြိုးပမ်းအားထုတ်မှုဟာ လူမှုဝန်းကျင်အတွက် အမြင့်မားဆုံးကောင်းကျိုးများကို ပေးစွမ်းနိုင်ပြီးတန်ဖိုးတစ်ခုကို ဖန်တီးနိုင်မယ်ဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ် ၊သြဂုတ်လ(၂) ရက်နေ့က ဆစ်မီတဝေ့ဆရီနာခရင်ဆေးရုံတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်