ဆစ်မီတဝေ့ နှင့် BNH ဆေးရုံများရဲ့ Deputy CEO ဖြစ်သလို ဆစ်မီတဝေ့ ကလေးဆေးရုံရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Dr. Surangkana Techapaitoon နဲ့ တာဝန်ရှိသူများအဖွဲ့ဟာ Takeda Co.Ltd ရဲ့ Growth and Emerging Markets Business Unit ဥက္ကဌဖြစ်သူ Gamze Yüceland ဦးဆောင်တဲ့ တာဝန်ရှိသူများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါတွေ့ဆုံမှုမှာ ထိုင်းနိုင်ငံအတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အတွက် လုပ်ဆောင်ရာမှာ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အရေးပါမှုနဲ့ အရှေ့တောင်အာရှရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အချက်အချာနေရာ တစ်ခု ဖြစ်လာစေဖို့အတွက် အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုအတွင်း Takeda Co.Ltd အဖွဲ့သားများဟာ ဆစ်မီတဝေ့ဆေးရုံမှာ ရရှိနိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေးအမျိုးအစားအသစ် တစ်ခုကို ထိုးနှံခဲ့ကြပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ အသက် (၄)နှစ်မှ အသက် (၆၀) အထိ ထိုးနှံနိုင်ပြီး Serotypes အမျိုးအစားသွေးလွန်တုပ်ကွေးရောဂါအတွက် ကာကွယ်နိုင်မှု (၈၀.၂) ရာခိုင်နှုန်း ၊ ဆေးရုံတက်ကုသခြင်းကို လျှော့ချနိုင်မှု (၉၀.၄) ရာခိုင်နှုန်း ရှိပါတယ်။ အဆိုပါကာကွယ်ဆေးဟာ သွေးလွန်တုပ်ကွေး ဖြစ်ခဲ့ဖူးသူရော မဖြစ်ဖူးသေးသောသူ များပါ ကိုယ်ခံစွမ်းအားကြိုတင်စစ်ဆေးမှုမလိုအပ်ဘဲ ထိုးနှံနိုင်မှာဖြစ်ပါတယ်။ အဆိုပါကာကွယ်ဆေးဟာ လုံးဝ လုံခြုံစိတ်ချမှုရှိတာကို သိရှိထားဖို့ အရေးကြီးပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ ထိုင်းနိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုနဲ့အတူ သွေးလွန်တုပ်ကွေးရောဂါကင်းစင်မှု ရှိစေရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါတယ်။ ဆစ်မီတဝေ့ဆေးရုံအနေနဲ့ ဘယ်သူ့ကိုမှ နာမကျန်း မဖြစ်စေချင်တာကြောင့် ကာကွယ်ဆေးနဲ့ သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကာကွယ်ဆေး အကြောင်း ဆောင်းပါးအပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုပါ။ https://smtvj.com/Dengue-EN