The Cell Therapy & Gene Therapy Symposium 2025


ကင်ဆာရောဂါတိုက်ဖျက်ရေးအတွက် ရာမာသီဗောဓိဆေးရုံ (Ramathibodi Hospital ) နဲ့ ဆစ်မီတဝေ့ဆေးရုံ တို့၏ ပေါင်းစည်းမှုအင်အား - ကုသရေးဆိုင်ရာချဉ်းကပ်မှုအသစ်တစ်ခုအကြောင်းမျှဝေခြင်း
The Cell Therapy & Gene Therapy Symposium 2025

ဒီကနေ့ ဆေးဘက်ဆိုင်ရာ တီထွင်ဆန်းသစ်မှုကတော့ သွေးကင်ဆာ (leukemia) နဲ့ ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ဝေဒနာရှင်တွေအတွက် ၇၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင် ကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး အစိုးရဆေးရုံတွေကနေ ပုဂ္ဂလိကဆေးရုံတွေဆီကို ဆေးပညာဆိုင်ရာ အသိပညာတွေ မျှဝေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

ဒီကနေ့ ဆေးဘက်ဆိုင်ရာ တီထွင်ဆန်းသစ်မှုကတော့ သွေးကင်ဆာ (leukemia) နဲ့ ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ဝေဒနာရှင်တွေအတွက် ၇၀ ရာခိုင်နှုန်းအထိ ပျောက်ကင်းအောင် ကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး အစိုးရဆေးရုံတွေကနေ ပုဂ္ဂလိကဆေးရုံတွေဆီကို ဆေးပညာဆိုင်ရာ အသိပညာတွေ မျှဝေပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးပညာဌာန၊ ရာမာသီ‌ဗောဓိဆေးရုံ၊ မဟီဒေါတက္ကသိုလ် နဲ့ ဆစ်မီတဝေ့ဆေးရုံကွန်ရက်တို့အကြား အခုလိုမျိုး ပူးပေါင်းဆောင်ရွက်မှုဟာ  ဆဲလ်ကုထုံးနဲ့ မျိုးရိုးဗီဇကုထုံး ကဏ္ဍရဲ့ ဆန်းသစ်တီထွင်မှုကနေတစ်ဆင့် ထိုင်းနိုင်ငံ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းကို နိုင်ငံတကာ အဆင့်အထိ မြှင့်တင်နိုင်စေဖို့ မှတ်တိုင်သစ် တစ်ခုကို စိုက်ထူပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကုထုံးက ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်နိုင်အောင် ပြုပြင်ထားတဲ့ ကိုယ်ခံအားဆဲလ်တွေကို ဖန်တီးပေးတာ ဖြစ်တဲ့အပြင်  အာဆီယံမှာ ပထမဆုံးကုသမှုအမျိုးအစား လည်းဖြစ်ပါတယ်။

အသိပညာမျှဝေခြင်းအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က ဆစ်မီတဝေ့ ဆရီနာခရင် ဆေးရုံမှာ ကျင်းပခဲ့တဲ့ “The Cell Therapy & Gene Therapy Symposium 2025” နိုင်ငံတကာညီလာခံနဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က ၇ ရက်နေ့အထိ Mövenpick BDMS Wellness Resort Bangkok မှာ ကျင်းပခဲ့တဲ့ ညီလာခံတွေမှာ တင်ပြခဲ့ပါတယ်။ အဆိုပါ ညီလာခံမှာ ထိုင်းနိုင်ငံဆရာဝန်ကြီးများ နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူတွေ စုပေါင်းဆုံတွေ့ကြပြီး (thalassemia) သွေးအားနည်းဝေဒနာရှင်တွေအတွက် သွေးဥဆဲလ် အစားထိုးကုသခြင်း၊ ဆေးယဉ်ပါးသွေးကင်ဆာ drug-resistant leukemia နဲ့ ပြန်ရည်ကျိတ်ကင်ဆာ lymphoma ရောဂါ စတာတွေကို ကုသပေးဖို့ CAR T-cell တီထွင် ဖန်တီးမှု၊  မျိုးဗီဇကုထုံးကဏ္ဍရဲ့ ဖွံ့ဖြိုးတိုးတက်လာမှု၊ ဆက်စပ်ရောဂါဆိုင်ရာ နောက်ဆက်တွဲရှုပ်ထွေးမှုတွေကို စီမံခန့်ခွဲခြင်း၊ ကမ္ဘာ့အဆင့်စံနှုန်းတွေအတိုင်း ဆောင်ရွက်တဲ့ ကုသရေးဆိုင်ရာသုတေသနလုပ်ငန်းတွေ စတဲ့ ကဏ္ဍတွေ မှာ သူတို့ရဲ့ အတွေ့အကြုံဗဟုသုတတွေကို ဆွေးနွေး ဖလှယ် ခဲ့ကြပါတယ်။ ဒါ့အပြင် ရောဂါကုသရေးဆိုင်ရာ အဆင့်မြင့်ဆေးဘက် ဆိုင်ရာနည်းပညာနယ်ပယ်မှာ ဦးဆောင်သူဖြစ်လာမယ့် ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍကိုလည်း သည် ညီလာခံကြီးက အတည်ပြုပေးခဲ့ပါတယ်။

Professor Suradej Hongeng, MD, ပါမောက္ခ Suradej Hongeng ၊ MD, ပါမောက္ခ (ကလေး အထူးကု)၊  ဒု-နာယက (အထူးရေးရာဌာန)၊  ဥက္ကဌ (ဆဲလ်ကုထုံး (cell therapy) နှင့် မျိုးရိုးဗီဇကုထုံး (gene therapy) ဆိုင်ရာ အထူးပြုစင်တာ)၊ ဆေးပညာ ဌာန - ရာမာသီဗောဓိ ဆေးရုံ၊ မဟီဒေါတက္ကသိုလ်၊  ဆစ်မီတဝေ့အင်တာနေရှင်နယ်ကလေးဆေးရုံ - ကလေးသွေးရောဂါ နှင့် သွေးကင်ဆာ အထူးကု ဆရာဝန်ကြီးက “ကလေးတွေ‌ရော လူကြီးတွေမှာပါ သေဆုံး ရခြင်းရဲ့အဓိကအကြောင်းရင်းဟာ  (thalassemia) သွေးအားနည်းရောဂါ နဲ့ သွေးကင်ဆာ နှစ်မျိုးလုံးကြောင့် ဖြစ်ကြောင်း” ရှင်းပြပါတယ်။ ဒါပေမယ့် ဆေးဘက်ဆိုင်ရာ တိုးတက်မှုတွေကနေ လူနာတွေအတွက် အသက်ရှင်သန် နိုင်ခြေကို မြှင့်တင်ပေးတဲ့ ကုသမှုချဉ်းကပ်နည်းအသစ် တွေကို လမ်းခင်းပေးထားပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ကီမိုကုထုံး အပြင် သာလာဆီးမီးယား)၊ အချို့သော ကင်ဆာအမျိုးအစားတွေနဲ့ မွေးရာပါ ကိုယ်ခံအားချို့ယွင်းမှု ဝေဒနာရှင်တွေအတွက် ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်းကဲ့သို့သော အခြား အရေးကြီးတဲ့ ကုသမှုနည်းလမ်းတွေလည်း ရှိနေပါတယ်။ အထူးသဖြင့် မိဘ သို့မဟုတ် မိသားစုဝင်တစ်ဦးဆီက ပင်မဆဲလ်များကို အသုံးပြုတဲ့ Haploidentical ပင်မဆဲလ် အစားထိုးကုသမှုဟာလည်း ထူးခြားတဲ့ ရလဒ်တွေကို ပြသခဲ့ပြီး ကုသမှု ခံယူခဲ့တဲ့ ကလေးတွေဟာ တစ်နှစ် အတွင်း အသက်ရှင်သန်နိုင်မှု ၁၀၀ ရာခိုင်နှုန်းအထိ ရှိကြောင်း တွေ့ရှိရပါတယ်။ သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာတို့အတွက် CAR T-cell ကုထုံး (ဆဲလ်နှင့် မျိုးရိုးဗီဇကုထုံးတစ်မျိုး) ဟာ လက်ရှိဆေးဝါးတွေကို တုံ့ပြန်မှုမရှိတဲ့ ဆေးယဉ်ပါးလူနာ (၃၀ ရာခိုင်နှုန်းခန့်) အတွက် အထူးထိရောက်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ ဒီနည်းလမ်းကတာ့ လူနာ၏ သွေးဖြူဥတွေကို စုဆောင်းပြီး ဓာတ်ခွဲခန်းမှာ မျိုးရိုးဗီဇပြုပြင်ပြီးတဲ့နောက် ကင်ဆာဆဲလ်များကို တိုက်ရိုက်တိုက်ခိုက်ဖို့ ပြန်လည်ထည့်သွင်းခြင်းပဲ ဖြစ်ပါတယ်။ ဒီကြိုးပမ်းမှုဟာ အရင်က ကုသလို့မရလို့ ယူဆခဲ့တဲ့ လူနာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ် တွေ ထွန်းညှိပေးနိုင်ခဲ့ပြီး အောင်မြင်မှုမှာလည်း ၇၀ ရာခိုင်နှုန်းအထိရှိကာ ကုသစရိတ်ကိုလည်း ငါးဆကျော် အထိ လျှော့ချပေးနိုင်ခဲ့ပါတယ်။

Clinical Professor Arthit Angkhananont, M.D., Clinical Professor Arthit Angkhananont, M.D., ဌာနမှူး - ဆေးပညာဌာန၊ ရာမာသီဗောဓိ ဆေးရုံ က “ဆဲလ်ကုထုံးနှင့် မျိုးရိုးဗီဇကုထုံးတွေကို ပေါင်းစပ်ထည့်သွင်းခြင်းအားဖြင့် သည်ကုသမှုကို နိုင်ငံတကာစံနှုန်းများသို့ မြှင့်တင်နိုင်ရေး အတွက် ဆေးပညာဌာန၊ ရာမာသီဗောဓိဆေးရုံ၊ မဟီဒေါ တက္ကသိုလ်နှင့် ဆစ်မီတဝေ့ဆေးရုံကွန်ရက်တို့ ပူးပေါင်းပြီး သည်ညီလာခံကို ကျင်းပတာဖြစ်ကြောင်း” ပြောကြားခဲ့ ပါတယ်။ ဒါဟာ အစိုးရကဏ္ဍမှ ပုဂ္ဂလိကကဏ္ဍသို့ နည်းပညာများ လွှဲပြောင်းပေးခြင်းကို ကိုယ်စားပြုပြီး ကုသရန်နေရာ၊ စောင့်ဆိုင်းရမည့်အချိန် စတဲ့ အကန့်အသတ်တွေကို လျှော့ချနိုင်ပြီး တချိန်တည်းမှာပဲ အဆင့်မြင့်နည်းပညာနဲ့ မြင့်မားတဲ့စောင့်ရှောက်မှု စံနှုန်းတွေကို ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သည်ပူးပေါင်းဆောင်ရွက်မှုကို အိမ်နီးချင်း အာဆီယံ နိုင်ငံများသို့ တိုးချဲ့နိုင်ပြီး ဒေသတွင်းရှိ လူနာများအတွက် ခေတ်မီဆန်းသစ်တဲ့ တီထွင်မှုတွေကို ရယူဖို့ အခွင့်အလမ်းတွေလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ ကျွမ်းကျင်ပညာရှင်များနဲ့ အသိပညာ ဖလှယ်ခြင်းဟာလည်း ထိုင်းနိုင်ငံဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့  စွမ်းရည်များကို ခိုင်မာစေရုံသာမက လူနာတွေအတွက် အဆင့်မြင့်ကုသမှုများ၊  ဆိုးရွားသော ရောဂါများကို ကျော်လွှားရန် မျှော်လင့်ချက်အသစ်များ ရရှိစေမှာဖြစ်ပါတယ်။

ဆစ်မီတဝေ့နှင့် BNH ဆေးရုံများ၏ ဒုတိယအမှုဆောင် အရာရှိချုပ်နှင့် ဆစ်မီတဝေ့ အပြည်ပြည်ဆိုင်ရာ ကလေးဆေးရုံ၏ ဒါရိုက်တာဖြစ်သူ Surangkana Techapaiboon, M.D., က “ဆစ်မီတဝေ့ ကလေးကင်ဆာ စောင့်ရှောက်မှုဌာနကို လည်ပတ်လုပ်ကိုင်နေခြင်းနှင့် ရိုးတွင်းခြင်ဆီအစားထိုးကုသမှုများကို နှစ် ၂၀ ကျော်ကြာ ပေးစွမ်းနေခြင်းတို့ကြောင့် ကျယ်ပြန့်တဲ့ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံရှိပြီးဖြစ်ပါတယ်။ ရာမာသီဗောဓိဆေးရုံ၊ မဟီဒေါတက္ကသိုလ်နှင့် ပူးပေါင်းပြီး သွေးကင်ဆာနှင့် ပြန်ရည်ကျိတ်ကင်ဆာဝေဒနာရှင်တွေကို ကုသဖို့အတွက် ဆဲလ်နှင့် မျိုးရိုးဗီဇကုထုံးကို ပေါင်းစပ်ထားတဲ့ CAR T-cell နည်းပညာကို သုတေသနပြုလုပ်ပြီး အသုံးချခဲ့ပါတယ်။ သည်ပူးပေါင်းဆောင်ရွက်မှုဟာ ကုထုံးရဲ့ထိရောက်မှုကို မြှင့်တင်ပေးရုံသာမက လူနာတွေအတွက်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေဖို့မလိုဘဲ ပုဂ္ဂလိကဆေးရုံ မှာပဲ ကုသမှုခံယူနိုင်ပါတယ်။ သည်ဝန်ဆောင်မှုတွေကို ထိုင်းနိုင်ငံဓာတ်ခွဲခန်းတွေကို အသုံးပြုပြီး နိုင်ငံတကာ အသိအမှတ်ပြု GMP-standard ကုသမှုလုပ်ငန်းစဉ်များနဲ့ အညီ ဆောင်ရွက်ပေးထားခြင်းဖြစ်ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံကို အာရှဆေးဘက်ဆိုင်ရာဗဟိုချက်တစ်ခု ဖြစ်လာစေရန် တွန်းအားပေးတဲ့ နောက်ထပ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကို ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါ တယ်” လို့ ပြောကြားခဲ့ပါတယ်။
ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာ ထင်ရှားတဲ့ဧည့်သည်တော်တွေမှာ အောက်ပါ ပုဂ္ဂိုလ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
Professor Philippe Leboulch ပြင်သစ်နိုင်ငံ ပဲရစ်-ဆာကလဲ တက္ကသိုလ် (Paris-Saclay University) နှင့် အမေရိကန်ပြည်ထောင်စု ဟားဗတ် တက္ကသိုလ် (Harvard University) မှ ဆရာဝန်နှင့် သုတေသီတစ်ဦးဖြစ်ပြီး မျိုးရိုးဗီဇဆိုင်ရာ ရောဂါအမျိုးမျိုးမှာ ဗီဇပြောင်းလဲ ဖို့အတွက် lentiviruses များကို သယ်ဆောင်ပေးသည့် ဗက်တာများကို တီထွင်ခဲ့သူဖြစ်ပါတယ်။ သူက beta-thalassemia ဝေဒနာရှင်များအတွက် မျိုးရိုးဗီဇကုထုံးကို ပထမဆုံး အောင်မြင်စွာ စတင်ခဲ့သည့် သုတေသနအဖွဲ့၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ဆရာကြီးက “မျိုးရိုးဗီဇကုထုံး၏ အနာဂတ်ဆိုင်ရာ အားလုံး” ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပါတယ်။ 

ဂျပန်နိုင်ငံ၊ နာဂိုယာတက္ကသိုလ်မှ သွေးနှင့် ရိုးတွင်းခြင်ဆီ ဆိုင်ရာ ရောဂါများကို အထူးပြုတဲ့ ကလေးသွေးရောဂါ အထူးကုဆရာဝန်ကြီးဖြစ်သူ ပါမောက္ခ Prof. Hideki Marumatsu, M.D., Ph.D., ရိုးတွင်းခြင်ဆီပျက်စီး၍သွေးအားနည်းခြင်း (aplastic anemia) နှင့် အမျိုးမျိုးသော ရိုးတွင်းခြင်ဆီ ချို့ယွင်းမှုများကို ကုသရာမှာ ကျွမ်းကျင်သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ကလေးဘဝ Aplastic Anemia Cohort လေ့လာမှုမှတစ်ဆင့် ရေရှည်စောင့်ကြည့်လေ့လာမှု များကိုလည်း ပြုလုပ်ခဲ့ပါတယ်။  “Aplastic Anemia နှင့် မျိုးရိုးလိုက် ရိုးတွင်းခြင်ဆီချို့ယွင်းမှုတို့တွင် သွေးထုတ်လုပ် ပေးသည့် ပင်မဆဲလ် အစားထိုးကုသမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါတယ်။

ဒီညီလာခံကြီးကတော့ လူနာတွေရဲ့ ဘဝအရည်အသွေး ရေရှည်တည်တံ့စွာ မြှင့်တင်နိုင်ဖို့အတွက် အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ပူးပေါင်းဆောင်ရွက်မှုရဲ့ ခိုင်မာသောခွန်အားကို ထင်ဟပ်စေပါတယ်။ ထိုင်းနှင့် နိုင်ငံတကာက ဆေးဘက်ဆိုင်ရာ ပညာရှင်များကို အနာဂတ်ကုသမှုများအတွက် ပြင်ဆင်နိုင်စေဖို့ ထိုင်းနိုင်ငံနှင့် ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ အသိပညာဖလှယ်နိုင်သည့် ပလက်ဖောင်းတစ်ခုကိုလည်း တည်ဆောက်ပေးခဲ့တာပဲ ဖြစ်ပါတော့တယ်။

အဆင့်သတ်မှတ်ချက်