အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာ ကုသရေး စင်တာ

1st Floor, Japanese Hospital by Samitivej (opposite Samitivej Sukhumvit Hospital) Daily (7 days /week) - 08:00 - 18:00 66 (0) 2022-3410-11 info@samitivej.co.th
ဆစ်မီတဝေ့ ဆူခွန်ဗစ်

ရလဒ်များ

  • နှစ်စဉ် ဆစ်မီတဝေ့မှာ လုပ်ဆောင်ခဲ့တဲ့ မှန်ပြောင်းအသုံးပြု အူမကြီးနဲ့ အစာအိမ်ကင်ဆာ ကုသမှုပေါင်း (၃၈၀၀) မှာ နောက်ဆက်တွဲရောဂါ သုညရာခိုင်နှုန်းသာရှိခဲ့ပါတယ်  (၂၀၁၈ ဒီဇင်ဘာလတွင်ထုတ်ပြန်ခဲ့သည့် မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုနောက်ဆုံးစစ်တမ်းအရ)။

  • ဆစ်မီတဝေ့မှာ အသုံးပြုတဲ့ NBI နည်းပညာဟာ သာမန် ရောဂါရှာဖွေစစ်ဆေးမှု နည်းလမ်းများ နဲ့ယှဉ်ရင် (၂)ဆ ပိုမိုမြန်ဆန်ပါတယ်။

  • အဖုအကျိတ်ရှာဖွေနိုင်မှုနှုန်း (၆၁.၆၄) ရာခိုင်နှုန်း (၂၀၁၈ ဒီဇင်ဘာလတွင်ထုတ်ပြန်ခဲ့သည့် မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှုနောက်ဆုံးစစ်တမ်းအရ)။

အမေရိကန်အစာအိမ်နှင့်အူလမ်းကြောင်းမှန်ပြောင်းအသုံးပြုကုသမှုအဖွဲ့အစည်း(ASGE) ရဲ့ ထောက်ခံမှုရရှိထားတဲ့စံချိန်စံနှုန်းများ

 

အသည်းနှင့်အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာများကို

ကျွန်တော်တို့ဆစ်မီတဝေ့မှာ အသည်း ၊ ပန်ကရိယ ၊ အစာအိမ်အူလမ်းကြောင်း နှင့် သည်းခြေအိတ်ဆိုင်ရာပြဿနာများ ကိုရောဂါရှာဖွေခြင်းနှင့် ကုသခြင်းတို့အပြင် အောက်ဖော်ပြပါ ရောဂါကုသမှုများလည်းပါဝင်ပါတယ်။ 

  • အသည်းရောင်အသားဝါ A , B , C
  • အသည်းအဆီဖုံးရောဂါ။
  • မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့အသည်းရောဂါများ။
  • အသည်းမာခြင်း ၊ အသည်းခြောက်ခြင်း။
  • အသည်းပိုးဝင်ခြင်းကြောင့် အသည်းတွင်ပြည်တည်ခြင်း။
  • အသည်းကင်ဆာအဆင့်အမျိုးမျိုး။
  • အစာအချဉ်ပြန်ရောဂါ (GERD)။
  • အစာအိမ်အနာဖြစ်ခြင်း။
  • အစာအိမ်လမ်းကြောင်းရောင်ခြင်း(IBD)ကဲ့သို့သော နာတာရှည်အစာအိမ်အူလမ်းကြောင်း ပိုးဝင်ခြင်း။
  • ရုတ်တရက်(သို့)နာတာရှည်ဝမ်းလျှောခြင်း။
  • အစာအိမ်နှင့်အူလမ်းကြောင်းအပေါ်ဘက်နှင့်အောက်ဘက်တွင်သွေးယိုခြင်း။
  • လိပ်ခေါင်းရောဂါနှင့်စအိုအနေအထားပုံမမှန်ခြင်း။
  • အစာအိမ်နှင့်အူလမ်းကြောင်းမူမမှန်ခြင်းကြောင့် ဝမ်းပျက်ခြင်းနှင့် အစာအိမ်အောင့်ခြင်းများ။
  • အစာမျိုပြွန်အောက်ပိုင်းရှိကြွက်သားအစုအဝေးမဖွင့်နိုင်ခြင်းအပါအဝင် အစာမျိုပြွန် မူမမှန်မှုများ။
  • ရုတ်တရက်နှင့်နာတာရှည်ပန်ကရိယရောင်ခြင်း။
  • သည်းခြေကျောက်နှင့်သည်းခြေရည်လမ်းကျောက်တည်ခြင်း။
  • အစာအိမ် ၊ အူသိမ် ၊ အူမကြီး ၊ အစာမျိုပြွန် ၊ ပန်ကရိယ နှင့် သည်းခြေအိတ် စသည့်အစိတ်အပိုင်းများတွင် ဖြစ်သောကင်ဆာများ။

ဆစ်မီတဝေ့ဆေးရုံရဲ့ ဝန်ဆောင်မှုများမှာ စက်ကိရိယာ ၊ နည်းပညာနဲ့ စစ်ဆေးမှုနည်းလမ်း အပြည့်အစုံကို ပေါင်းစပ်ထားပြီး အောက်ပါအချက်များပါဝင်ပါတယ်။

  • ပုံရိပ်ဖမ်းစစ်ဆေးမှုများဖြင့်ရောဂါရှာဖွေခြင်း ( X-Ray , Ultrasound , CT Scan , MRI )
  • အသည်းတွင်ဖြစ်သည့်အနာနှင့် အသည်းကလာပ်စည်းအတွင်းဝင်နေသည့် အဆီများကို တိုင်းတာစစ်ဆေးသည့် FibroScan
  • အရေပြားကိုဖောက်ပြီးအသည်းတစ်သှူးစများကိုစုပ်ယူခြင်း
  • အသည်းရောဂါကုသမှု
  • အူမကြီးကင်ဆာရောဂါစစ်ဆေးမှုအတွက်အသုံးပြုသည့် NBI ခေါ် Narrow Band Imaging နည်းပညာ ၊ NBI နည်းပညာ၏ အသေးစိတ်များ။
  • မှန်ပြောင်းကိရိယာအသုံးပြုခွဲစိတ်ကုသမှု(Endoscopic Surgery) နှင့် ရောဂါပြဿနာအမျိုးမျိုး အတွက် မှန်ပြောင်းကိရိယာအသုံးပြုစစ်ဆေးလေ့လာခြင်း (ဥပမာ - အစာအိမ်နှင့် အူလမ်းကြောင်းတွင်ဖြစ်သော အကျိတ်များ ၊ သည်းခြေရည်လမ်းရောဂါပြဿနာများ)
  • ESD လို့ အတိုကောက်ခေါ်တဲ့ Endoscopic Submucosal Dissection နည်းပညာဟာ မှန်ပြောင်းအသုံးပြု ထိုးဖောက်မှု အနည်းဆုံး ခွဲစိတ်မှု တစ်ခုဖြစ်ပြီး ဝမ်းဗိုက်ကို ခွဲစိတ်ရန်မလိုဘဲ ကြီးမားတဲ့အဖုအလုံးလေးတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒီနည်းပညာကို အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာရောဂါတွေကို ကုသရာမှာ အသုံးပြုပါတယ်။ ထုံးစံအားဖြင့် ဆရာဝန်တွေဟာ မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးနေချိန် အဖုအလုံးမှာ မူမမှန်မှု တစ်ခုခု တွေ့ရတယ်ဆိုရင် ချက်ချင်းဖယ်ရှားရမှာဖြစ်ပါတယ် ။ ဒါပေမယ့်လည်း ကန့်သတ်ချက်တွေ ရှိပါတယ်။ အဆိုပါအဖုအလုံးတွေဟာ အရွယ်အစားကြီးမားနေခဲ့မယ်ဆိုရင် အဆိုပါ အဖုအလုံး(သို့) အကျိတ်ကို ဖယ်ရှားဖို့အတွက် သီးသန့် ခွဲစိတ်မှုတစ်ခု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ESD နည်းပညာဟာ အစာအိမ်(သို့) အူမကြီး အတွင်းမှ အဖုအလုံးတွေကို ခွဲစိတ်မှု တစ်စုံတစ်ရာ မလိုဘဲဖယ်ရှားနိုင်တာကြောင့် အရမ်းကို အသုံးဝင်တဲ့ နည်းပညာ အဖြစ်ညွှန်းဆိုရမှာပါ။ ဒါ့အပြင် ESD နည်းပညာဟာ သာမန်ခွဲစိတ်မှုရဲ့ အကျိုးဆက်တွေဖြစ်တဲ့ အမာရွတ်ကျန်ခြင်း၊ ပြန်လည်သက်သာလာဖို့နဲ့ လုံးဝပျောက်ကင်းဖို့ဆေးရုံမှာအချိန်ပေး ရခြင်း စတာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် လူနာတွေအနေနဲ့ ဘေးကင်းလုံခြုံမှု ၊ မြန်ဆန်မှုနဲ့ နောက်ဆက်တွဲပြဿနာတွေ မကြုံတွေ့ရဘဲ ပုံမှန်နေ့စဉ်နေထိုင်မှု နေ့ရက်များ ဆီသို့ ပြန်လည် ရရှိစေမှာပဲဖြစ်ပါတယ်။
  • X-Ray အသုံးပြု စမ်းသပ်စစ်ဆေးခြင်းဟာ အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာ ရောဂါ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။
  • အရေပြားအောက် အက်သနော အရည်ထိုးခြင်း(PEI) ကို အသည်းကင်ဆာကုသရာမှာ အသုံးပြုပါတယ်။
  • Transarterial Oily Chemoembolization(အတိုကောက် TOCE) ခေါ် အသည်းဆေးဖြန်းခြင်း (doxorubicin hydrochloride, iodized oil, and gelatin sponge တို့ပါဝင်)ဖြင့် Hepatocellular Carcinoma(အသည်းတွင်ဖြစ်သောကင်ဆာတစ်မျိုး) ကို ကုသပေးနိုင် ပါတယ်။
  • Transarterial Embolization (ပြွှန်ငယ်အသုံးပြုပြီး သွေးကြောမှတစ်ဆင့် သွေးကြောပိတ်စေ သောဆေးများအားအသုံးပြုခြင်း) ဖြင့် အသည်းနဲ့ အစာခြေလုပ်ငန်းစနစ်များမှ ရုတ်တရက် သွေးယိုစီးခြင်းများကို  ကုသပေးနိုင်ပါတယ်။
  • RFAခေါ် ရေဒီယိုအသံလှိုင်းသုံးပြီးအပူပေးကုသခြင်း(Radiofrequency Ablation) ဖြင့် အသည်းကင်ဆာကို စမ်းသပ်ကုသနိုင်ပါတယ်။
  • အသည်း ၊ သည်းခြေရည်လမ်း နှင့် အစာခြေစနစ် ရောဂါပြဿနာများအတွက် ခွဲစိတ်ကုသမှုများ။
  • အစာမျိုပြွန်အတွင်းရှိဖိအားနှင့်အရည်စီးဆင်းမှုကိုတိုင်းတာစစ်ဆေးခြင်း (High Resolution Impedance Manometry)
  • အစာမျိုပြွန်အတွင်းရှိဖိအားနှင့်အရည်စီးဆင်းမှုကို (၂၄)နာရီ စောင့်ကြည့်ခြင်း
  • အူသိမ်လုပ်ဆောင်မှုကြည့်ရှုစစ်ဆေးခြင်း
  • ခန္ဓာကိုယ်တွင်အာရုံခံကိရိယာများတပ်ဆင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများလုပ်ဆောင်မှုကို စစ်ဆေးခြင်း
  • Capsule Endoscopy ခေါ် ကင်မရာငယ်တပ်ဆင်ထားသောဆေးတောင့်မျိုချပြီး အစာခြေစနစ် ရောဂါပြဿနာများကို ရှာဖွေခြင်း
  • အူမကြီးကင်ဆာခွဲစိတ်ကုသမှု
  • မှန်ပြောင်းအသုံးပြုခွဲစိတ်ကုသမှု
  • ပစ်မှတ်ထားကုထုံး(Targete Therapy)

ဆေးဘက်ဆိုင်ရာစက်ကိရိယာများနှင့်ခေတ်မီနည်းပညာများ

  • ဝမ်းဗိုက်ကိုကြည့်ရှုသည့် X-Ray ဓာတ်မှန်နှင့် အာထရာစောင်းဓာတ်မှန်
  • CT scanner
  • MRI scanner
  • အစာအိမ်နှင့်အူလမ်းကြောင်းကိုမှန်ပြောင်းဖြည့်ကြည့်ရှုစစ်ဆေးသည့်ကိရိယာ (Endoscopic Gastrointestinal Screeningn Equipment)
  • ကင်မရာငယ်တပ်ဆင်ထားသောဆေးတောင့်မျိုချပြီးအစာအိမ်နှင့်အူလမ်းကြောင်း ကြည့်ရှုစစ်ဆေးသည့်ကိရိယာ (Capsule Edoscopy Gastrointestinal Screening Equipment)
  • အစာမျိုပြွန်ဖိအားကိုတိုင်းတာသည့်စက်ကိရိယာ(Esophageal Manometry Device)
  • အစာအိမ်နှင့်အူလမ်းကြောင်းအသားစယူစစ်ဆေးသည့်စက်ကိရိယာ(Gastrointestinal Biopsy Screening Equipment)
  • ခွဲစိတ်ကိရိယာ ၊ သမားရိုးကျခွဲစိတ်မှုသာမက မှန်ပြောင်းအသုံးပြုခွဲစိတ်မှုများလုပ်ဆောင်ပေး နိုင်သည့် ကောင်းစွာလေ့ကျင့်မှုရှိထားသော ခွဲစိတ်ဆရာဝန်များ
  • ကျောက်ကပ်သန့်စင်စက်( Dialysis Machinery)
  • အသည်းအလွှာသိပ်သည်းစနှင့် အဆီများကလာပ်စည်းအတွင်းဝင်ရောက်မှုကို တွက်ချက်ပေးနိုင်သည့် FibroScan ကိရိယာ (FibroScan Device)

ကျွန်တော်တို့ရဲ့ အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဟာ ကောင်းစွာလေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်သလို နောက်ဆုံးပေါ်ခေတ်မီနည်းပညာများအသုံးပြုပြီး နိုင်ငံတကာ အဆင့်မီ ရောဂါရှာဖွေမှုများနဲ့ ကုသမှု များကို လုပ်ဆောင်ပေးလျက်ရှိပါတယ်။ လူနာများရဲ့ ကနဦးအဆင့် ဖျားနာမှု များကို ဖြစ်စေတဲ့ အကြောင်းအရင်းများကို သေချာဖော်ထုတ်ခြင်းမှ စလို့ အစာခြေစနစ်ကျန်းမာရေး ပြဿနာများကို ခေတ်မီနည်းပညာများနဲ့ ကုသမှု ပေးတဲ့အဆင့်အထိ လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကုသမှုများကို မြန်ဆန်တိကျပြီး လုံခြုံဘေးကင်းစွာ အကျိုးထိရောက်မှုရှိစေဖို့ အမြဲ ကြိုးစားလျက်ရှိသလို လူနာများရဲ့ တန်ဖိုးရှိတဲ့ ဘဝနေထိုင်မှု အဆင့်မြင့်မားဖို့ အမြဲလုပ်ဆောင် ပေးနေပါတယ်။ မှန်ပြောင်းကိရိယာဖြင့်စစ်ဆေးပေးတဲ့ ကျွမ်းကျင်သူများဟာလည်း အထူးကုဆရာဝန်များနဲ့ အတူ အူမကြီးကင်ဆာ ရောဂါရှာဖွေမှုနဲ့ ကုသရေးအပိုင်းတွေမှာ ဆွေးနွေးတိုင်ပင်ဖို့ အရန်သင့်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့ ဆစ်မီတဝေ့ဆေးရုံဟာ ထိုင်းနိုင်ငံသားများ သာမက နိုင်ငံခြားသားလူနာများအတွက် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ စက်ကိရိယာများနဲ့ နည်းပညာများသာမက ကမ္ဘာတစ်ဝန်းမှ ဆေးဘက်ဆိုင်ရာပညာရှင်များ လက်ခံထား တဲ့ နိုင်ငံတကာအဆင့်မီနည်းပညာအတိုင်း ကုသမှုပေးနေတဲ့နေရာဖြစ်ပါတယ်။ ဆစ်မီတဝေ့ဆေးရုံဟာ Joint Commission International(JCI) အသိအမှတ်ပြုလက်မှတ်ကို လည်း ရရှိထားပါတယ်။

ဆစ်မီတဝေ့ဆေးရုံရဲ့အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျူ (The Liver and Digestive Institute) ဟာ ကျွန်တော်တို့ရဲ့ ကုသမှု အဆင့်အတန်း မြင့်တက်လာစေဖို့အတွက် အခ်ိုင်အမာ ကြိုးစားအားထုတ်မှုတစ်ခုကို ပြသနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် အစာခြေစနစ်ရောဂါများကို မှန်ပြောင်းအသုံးပြုကုသရာမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များ ၊ အထူးသဖြင့် မှန်ပြောင်းအသုံး ပြုပြီးရလာတဲ့ ကောင်းမွန်တဲ့ ပုံရိပ်များကို ကြည့်ရှုပြီး အစာခြေစနစ် အမြှေးပါးနံရံ အကဲဖြတ်သုံးသပ်မှုတွေမှာ နာမည်ကျော်တဲ့ ဂျပန်နိုင်ငံမှထိပ်တန်းဆေးရုံ Sano Hospital နဲ့လည်း မိတ်ဖတ်ဆေးရုံအဖြစ် ရှိနေပါတယ်။ Sano Hospital ရဲ့  ဒါရိုက်တာဖြစ်သလို အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျု ရဲ့ ဒါရိုက်တာလည်းဖြစ်တဲ့ Prof.Yasushi Sano ဟာ သူ့ရဲ့ မွေးရပ်မြေဂျပန်နိုင်ငံမှာ အူမကြီးရှိ အဖုအလုံး များကို ရောဂါရှာဖွေရာမှာ အသုံးပြုတဲ့ မျက်နှာပြင်ဆဲလ် အမျိုးအစားခွဲခြင်းနည်းလမ်း( Epithelium Classification Method)  ကို တီထွင်သူတစ်ဦး အဖြစ် အနောက်န်ိုင်ငံ ဆရာဝန်များ ကြားမှာ ထင်ရှားတဲ့ ချီးကျူးအသိအမှတ်ပြုမှု တစ်ခုကို ရရှိထားသူဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ဆစ်မီတဝေ့ဆေးရုံဟာ ဂျပန်နိုင်ငံမှ နည်းပညာ နှစ်ခုကို ကိုယ်ပိုင်အဖြစ် အသုံးပြုခဲ့ပြီး ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု အဆင့်အတန်းကို မြင့်မားစေခဲ့ပါတယ်။ ပထမတစ်ခုကတော့ တခြားနည်းပညာများထက် (၂) ဆ ပိုမို ရှာဖွေကြည့်ရှုနိုင်တဲ့  Narrow Band Imaging(NBI) နည်းပညာဖြစ်ပါတယ်။ NBI နည်းပညာဟာ အစာဟောင်းအိမ်နဲ့ အူမကြီး လမ်းကြောင်း တစ်လျှောက် အူမကြီးကင်ဆာဖြစ်လာနိုင်ခြေရှိတဲ့ မူမမှန်တဲ့ အဖုအလုံးလေးများကို ရောဂါရှာဖွေးစစ်ဆေးမှုမှာ အထောက်အကူပြုပါတယ်။ အဆိုပါနည်းပညာဟာ အမြှေးပါးနံရံများမှ ကြီးထွားမလာသေးတဲ့ အဖုအလုံးလေးများကို ရှာဖွေနိုင်ရုံ သာမက သာမန် စစ်ဆေးခြင်းနည်းလမ်းများ ထက် (၂) ဆ ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်စွမ်းရှိပါတယ်။ Sano Hospital က နေ ရယူအသုံးပြုတဲ့ ဒုတိယမြောက် နည်းပညာကတော့ ESD လို့ အတိုကောက် ခေါ်တဲ့ Endoscopic Submucosal Dissection နည်းပညာဖြစ်ပါတယ်။ ၎င်းနည်းပညာဟာ ထိုးဖောက်မှု အနည်းဆုံးခွဲစိတ်ကုသမှုတစ်ခုဖြစ်ပြီး ကြီးမားတဲ့အဖုအလုံးလေးတွေကို တစ်ကြိမ်တည်း နဲ့ ဖယ်ရှားနိုင်ပါတယ်။ လူနာရဲ့ ဝမ်းဗိုက်ကို ခွဲစိတ်ဖို့ မလိုအပ်တဲ့ ဒီခွဲစိတ်မှုဟာ အူမကြီးရှိ အဖုအလုံး လေးတွေနဲ့ အစာအိမ်ကင်ဆာကနဦးအဆင့်ကို ကောင်းစွာကုသပေးနိုင်ပါတယ်။ အသည်းရောဂါ ပြဿနာတွေ ဆိုးရွားစွာ ခံစားနေရတဲ့ လူနာတွေအတွက် အသည်းအစားထိုးကုသခြင်းကို လုပ်ဆောင်ပေးနိုင်တဲ့ ပုဂ္ဂလိကဆေးရုံအနည်းငယ်သာရှိပြီး အဲဒီအထဲမှာ ဆစ်မီတဝေ့ရဲ့  အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျုမှာ  ဆန်းသစ်တဲ့ နောက်ဆုံးပေါ်ခေတ်မီဆေး ဘက်ဆိုင်ရာစက်ကိရိယာ များအသုံးပြုပြီး အစာအိမ်အူလမ်းကြောင်းနဲ့ အသည်းပြဿနာများဖြစ်တဲ့ အသည်းပိုးဝင်ခြင်း ၊ အရက်အဆိပ်သင့်ခြင်း ၊ အသည်းကြွပ်ခြင်း ၊ အသည်းအဆီဖုံးခြင်း ၊ ပန်ကရိယ ရောင်ခြင်း ၊ သည်းခြေကျောက် ၊ အစာအိမ်ကင်ဆာ ၊ အူမကြီးကင်ဆာ နဲ့ တခြား ဆက်စပ်ရောဂါများအတွက်   မြန်ဆန်တိကျ ယုံကြည်စိတ်ချရတဲ့ စမ်းသပ်စစ်ဆေးကုသမှု များကို လုပ်ဆောင်ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အထူးကုဆရာဝန်များနဲ့ ဆေးဘက်ဆိုင်ရာကျွမ်းကျင် ပညာရှင်များဟာ ထိုင်းနိုင်ငံမှာသာမက ပြည်ပနိုင်ငံများမှာပါ အတွေ့အကြုံရှိပြီးသား သူတွေဖြစ်ပါတယ်။ အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျုဟာ ဆစ်မီတဝေ့ဆူခွန်ဗစ် ၊ ဂျပန်ဆေးရုံရဲ့ ပထမထပ်မှာတည်ရှိပြီး ဆရာဝန် (၁၁)ဦး ၊ သူနာပြု(၁၅)ဦး နဲ့အတူ လည်ပတ်ကုသပေးလျက်ရှိပြီး စမ်းသပ်စစ်ဆေးခန်း(၁၃)ခန်း ၊ မှန်ပြောင်းကြည့်သည့်အခန်း (၅) ခန်း ၊ လူနာများပြန်လည်သက်သာလာနိုင်ရန် နေထိုင်တဲ့အခန်း (၁၀) ခန်း ရှိပါတယ်။

ဆစ်မီတဝေ့ရဲ့ အသည်းနှင့်အစာခြေလုပ်ငန်းဆိုင်ရာအင်စတီကျုမှာ ထိုင်းနိုင်ငံသားလူနာများသာ မက နိုင်ငံခြားသား လူနာများအတွက်ပါ ကုသပေးလျက်ရှိပြီး နိုင်ငံခြားသားလူနာတွေထဲမှာ ဂျပန်လူမျိုး အများဆုံး လာရောက်ကုသကြပါတယ်။ နှစ်စဉ် ဆစ်မီတဝေ့ဆေးရုံမှာ လာရောက်ကုသတဲ့ ဂျပန် နိုင်ငံသားအရေအတွက်ဟာ (၁၃၅၀၀၀) အထိရှိပြီး ပျမ်းမျှတစ်နေ့ (၄၀၀) နှုန်းရှိပါတယ်။ ဒါဟာ ဂျပန်န်ိုင်ငံသားများအတွက် သူတို့ရဲ့ မိခင်နိုင်ငံပြင်ပမှာ အရေအတွက်အများဆုံးကျန်းမာရေး စောင့်ရှောက်မှုခံယူတဲ့ ဆေးရုံတစ်ခုအဖြစ်ရှိနေပါတယ်။ ဆေးရုံမှာ ဂျန်ဘာသာစကားပြောတတ်တဲ့ ကျန်းမာရေးဝန်ထမ်းများ ကို ခန့်အပ်ထားပြီး ကုသမှုနဲ့ ပြန်လည်ကျန်းမာလာစေဖို့ စောင့်ရှောက်မှုတွေကို နွေးထွေးပျူငှာစွာ ဂရုစိုက်မှုအပြည့်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ ဆေးရုံမှာ လာရောက်ကုသမှုခံ ယူတဲ့ လူနာတစ်ယောက်ချင်းစီတိုင်း မြန်မြန်ဆန်ဆန်နဲ့ ကျန်းမာရေးပြန်ကောင်းလာတဲ့ အခြေအနေ အထိ စောင့်ရှောက်မှုပေးနိုင်ဖို့ အဓိကယုံကြည်ထားပြီး အဆင်ပြေသက်သာစေမယ့် ပံ့ပိုးမှုများကို လည်း စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ဆီ တက်ရောက်ကုသတဲ့ လူနာရဲ့အခြေအနေကို ကောင်းစွာနားလည်သဘောပေါက်ပြီး ကုသမှုရဲ့ အရေးကြီးပြီး နက်နဲတဲ့ အသေးစိတ်အချက်အလက်များကို သတိပြုမိဖို့အတွက် လူနာတစ်ဦးလျှင် အနီးကပ်သူနာပြု တစ်ဦး စီစဉ်ထားပေးကာ အကောင်းဆုံးသော ဝန်ဆောင်မှုများကိုပေးလျက်ရှိ တာကြောင့် လူနာတွေရဲ့ အားကိုးအားထားရာ အဆင့်မီ ဆေးရုံတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နေပါ တယ်။