နည်းပညာခေတ်မှာကလေးငယ်များရဲ့ စက္ခုအလင်းအန္တရာယ်ကင်းစေဖို့

နည်းပညာခေတ်မှာကလေးငယ်များရဲ့ စက္ခုအလင်းအန္တရာယ်ကင်းစေဖို့

အနှစ်ချုပ်

  • မိဘတွေအနေနဲ့ မိမိတို့ရဲ့ရင်သွေးငယ်တွေကို စမတ်ဖုန်းနဲ့ Tablet တွေ အချိန်အကြာကြီး သုံးခွင့်ပြုလိုက်တယ်ဆိုရင် ကလေးတွေအတွက် အဝေးမှုန်ခြင်း(Nearsightendness)  နဲ့ Attention Deficit Hyperactivity Disorder (ADHD) ခေါ် ပုံမှန်အခြေအနေထက်တက်ကြွမှုလွန်ကဲတဲ့စိတ်ပိုင်း ဆိုင်ရာပြဿနာတွေအထိ ဖြစ်နိုင်ပါတယ်။

  • ဒစ်ဂျစ်တယ်ဖန်သားပြင် ( စမတ်ဖုန်း ၊ Tablet စသဖြင့်) ကို စက္ကန့်(၃၀) လောက် မကြည့်ဘဲနေခြင်း ဟာ သင့်မျက်လုံးတွေကို အနားပေးဖို့အတွက် လွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သင့်အနေ နဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေကနေထွက်တဲ့ အလင်းရောင် (Blue Light) တွေကို တစ်နေ့ (၆)နာရီထက် အာရုံစူးစိုက်ကြည့်ခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

     

ကမ္ဘာတစ်ဝန်း တိုးတက်လာတဲ့ နည်းပညာတွေဟာ နေ့စဉ် လူနေမှုဘဝအခြေခံကိစ္စရပ်တွေထဲမှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။ မိဘအုပ်ထိန်းသူတွေဟာ သူတို့ရဲ့ကလေးငယ်များကို  ကြည်လင်ပြတ်သားစွာမြင် တွေ့နိုင်တဲ့ စမတ်ဖုန်းများနဲ့Tablet တွေကို ဆက်သွယ်ရေးနဲ့ ဖျော်ဖြေတင်ဆက်မှုများကြည့်ရှုဖို့ အသုံးပြုခွင့်ပေးထားလာကြပါတယ်။ ဒါပေမယ့် ပြောကိုပြောရမယ့် အချက်တစ်ချက်က တော့ အဲဒီ အီလက်ထရွန်းနစ်ပစ္စည်းတွေဟာ ကလေးတွေအတွက် ခဏပဲသုံးသုံး အကြာကြီးပဲသုံးသုံး  အန္တရာယ်ဖြစ်စေတဲ့ဆိုးကျိုးနဲ့ ပြဿနာတွေ ရှိလာနိုင်တာပါ။

ဒစ်ဂျစ်တယ်ပစ္စည်းတွေကနေထွက်တဲ့ အလင်းရောင်(Blue Light) ဟာ မျက်လုံးထဲမှာရှိတဲ့ အစိုဓာတ် (Moisture) ကို လျော့နည်းလာစေကာ မျက်တောင်ခတ်မှုနှုန်း(Eye Blink Rate)  ကျဆင်းစေတာ ကြောင့် ကလေးငယ်တွေ အချိန်ကြာကြီးစိုက်ကြည့်မယ်ဆိုရင် မျက်လုံးခြောက်ခြင်းနဲ့ မျက်လုံး ကျိန်းစပ်ခြင်း ဖြစ်လာပါတယ်။ ဒါဟာ အဝေးမှုန်ခြင်းနဲ့ မျက်စိကိုက်ခြင်း ၊ ခေါင်းကိုက်ခြင်း တို့လို နာကျင်မှုရောဂါလက္ခဏာတွေ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေမြင့်တက်လာစေပါတယ်။ ပြင်ပအလင်းရောင်နဲ့ထိတွေ့ခြင်းဟာ မျက်လုံးကျန်းမာရေးအတွက် ကောင်းပြီး အဝေးမှုန်ဖြစ်နိုင်ခြင်း ကို လျှော့ချပေးပါတယ်။  

ကလေးငယ်တစ်ဦးကိုမွေးဖွားပြီး အသက်(၆)နှစ်မပြည့်ခင် အချိန်ဟာ ကလေးငယ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ သင်ယူလိုစိတ်အတွက် အရေးအကြီးဆုံး အချိန်အပိုင်းအခြားဖြစ်ပါတယ်။ မိဘတွေ အနေနဲ့ ကလေးတွေကို စမတ်ဖုန်းနဲ့ Tablet တွေ အချိန်အကြာကြီး သုံးခွင့်ပြုခြင်းကြောင့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ တခြားလုပ်ဆောင်မှု (Activity) တွေ အများကြီးလိုအပ်တဲ့ အခြေအနေဖြစ်စေပါတယ်။ အကျိုးဆက် အနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်တောင့်တင်းသန်မာမှုအပေါ် သက်ရောက်မှုရှိပြီး Attention Deficit Hyperactivity Disorder (ADHD) ခေါ် ပုံမှန်အခြေအနေ ထက်တက်ကြွမှုလွန်ကဲ တဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာကြီးထွားလာနိုင်တဲ့ အန္တရာယ်ဖြစ်စေပါတယ်။

 

ကလေးများရဲ့မျက်လုံးကိုအန္တရာယ်မဖြစ်အောင်ကြိုတင်ကာကွယ်ထားရမည့်အချက်များ

  • ဖန်သားမျက်နှာပြင်အလင်းရောင်ကိုလျှော့ချပေးနိုင်ဖို့ ကလေးများအတွက်အလင်းရောင် လုံလောက်စွာ ရနိုင်တဲ့ပတ်ဝန်း ကျင်ဖြစ်အောင်ဖန်တီးပေးပါ။
  • Screen များကို အချိန်ကြာရှည်စွာစိုက်ကြည့်ခြင်းမှရှောင်ကျဉ်ပါ။ အဝေးတစ်နေရာကိုကြည့်ပြီး မျက်လုံးကိုအနားပေးပါ ။  မျက်လုံးအားစိုက်မှုများခြင်းကို လျှော့ချနိုင်ရန် ပန်းခြံမှာလည်ပတ်ကြည့်ရှုဖို့ အချိန်ပေးပါ။
  • အနည်းဆုံးတစ်နှစ်လျှင်တစ်ကြိမ် မျက်လုံးစစ်ဆေးမှုပြုလုပ်ပါ။

ကလေးငယ်များကို မိဘများကိုယ်တိုင်က သင်ကြားခြင်း ၊ စိတ်ပါဝင်စားအောင်ဆွဲဆောင်ခြင်း တို့ဟာ ကလေးငယ်တွေ လေ့လာသင်ယူဖို့အတွက် အကောင်းဆုံးနဲ့ အရေးအကြီးဆုံး အကြောင်းရင်းတွေထဲက တစ်ချက်ပဲ ဖြစ်ပါတယ်။  ကလေးတွေ တက်တက်ကြွကြွနဲ့ ပိုတိုးတက်လာ အောင် မိဘများကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်ပါတယ်။ အိမ်အပြင်ဘက်မှာလုပ်ရတဲ့ လှုပ်ရှားလုပ်ဆောင်မှုတွေဟာ သူတို့ကို လက်ခံယုံကြည်လာအောင် အထောက်အကူပြုပြီး သူတို့အတွက်အဲဒီအချိန်တွေဟာ ဖုန်းပွတ်ရတာထက်ပိုပျော်ဖို့ ကောင်းတဲ့ အချိန်တွေဖြစ်လာမှာပါ။ ပန်းချီဆေးခြယ်ခြင်း ၊ ကိုယ်တိုင်ပစ္စည်းပြုလုပ်ခြင်း ၊ အားကစားလုပ်ခြင်း ၊ အတူတကွပန်းပင်ရေလောင်းခြင်း ၊ အပြင်ထွက်လမ်းလျှောက်ခြင်း ၊ ပန်းခြံသွားရောက် လည်ပတ်ခြင်း ၊ ပြခန်းများသွားရောက်လေ့လာခြင်းတို့ဟာလည်း ကလေးငယ်တွေအတွက် ပျော်စရာလည်းဖြစ် ဗဟုသုတလည်းရတာကြောင့် မိဘများအနေနဲ့ မိမိတို့ရဲ့ကလေးငယ်များအတွက် လုပ်ပေးသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

 

 

အဆင့်သတ်မှတ်ချက်

မှတ်ပုံတင်ပြီးသားလား။