Share the message

ဆစ္မီတေ၀့ သြန္ဘူရီ

Bangkok ရဲ့ Thonburi ဧရိယာက ဆုတံဆိပ်ရ ကျန်းမာရေး စောင့်ရှောက်မှု

 

337, Somdet Phra Chao Tak Sin Rd, Khwaeng Samre, Khet Thon Buri, Krungthep Mahanakorn 10600, Thailand

 

ဆေးရုံကွန်ရက်အတွင်းရှိ အဓိကဆေးရုံခွဲ လေးခုအနက်က တစ်ခုဖြစ်တဲ့ Samitivej Thonburi ဆေးရုံကြီးဟာ နိုင်ငံသားတွေအပြင် အခြားနိုင်ငံက လာရောက် အခြေချနေထိုင်သူတွေနဲ့ နိုင်ငံတကာက လူနာတွေအတွက် Samitivej ရဲ့ စံသတ်မှတ်ချက်ဖြစ်တဲ့ အကောင်းမွန်ဆုံး ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးကို ထိန်းသိမ်းထားဖို့ရာ ကတိပြုထားတဲ့ ဆေးရုံတစ်ရုံပဲ ဖြစ်ပါတယ်။

 

STH-front

 

ခုတင် (၁၅၀) ဆန့် ဆေးရုံကြီးမှာ ခေတ်အမီဆုံး ဆေးဘက်ဆိုင်ရာ ကိရိယာတွေနဲ့ အဆင့်မြင့် နည်းပညာပစ္စည်းတွေကို ပံ့ပိုးထားပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ထမ်းအင်အားမှာ အလုပ်မှာနှစ်မြှုတ်လုပ်ကိုင်ကြတဲ့ အထူးကုသမားတော်တွေနဲ့ သူနာပြုတွေ ပါဝင်ပြီး အားလုံးဟာ အတွေ့အကြုံနှစ်ပေါင်းများစွာ ရှိသူတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဆရာဝန်တွေဟာ အများအားဖြင့် နိုင်ငံရပ်ခြားမှာ လက်မှတ်ရရှိခဲ့တဲ့အပြင် ထိုင်းနိုင်ငံတွင်းမှာပါ ရထားတဲ့သူတွေဖြစ်ပြီး အများစုမှာ နှစ်ပေါင်းများစွာသော နိုင်ငံတကာ လက်တွေ့အတွေ့အကြုံတွေ ရှိပြီးဖြစ်ပါတယ်။

 

ဟောဒီက Samitivej Thonburi ဆေးရုံကြီးမှ ဘယ်လိုရောဂါရှိတဲ့ လူနာဖြစ်စေ လှိုက်လှဲစွာ ကြိုဆိုလျှက်ရှိပါတယ်။ စကားပြန် ဝန်ဆောင်မှုတွေကိုလည်း ဝမ်းမြောက်ဝမ်းသာဖြင့် ဖြည့်ဆည်းပေးလျက်ရှိတဲ့အပြင် လူနာတစ်ဦးတစ်ယောက်စီရဲ့ လာရောက်ကုသစဉ်ကာလအတွင်းမှာ ပိုမိုနှစ်လိုဖွယ်ရှိစေဖို့ သက်သာလွယ်ကူစေတဲ့ အခြေအနေများစွာကိုလည်း ဖန်တီးပေးထားပါတယ်။ Thonburi ဆိုသည်မှာ ဒီလိုအရည်အသွေးတွေရှိတဲ့ တစ်ခုတည်းသော ဆေးရုံဖြစ်သည့်အားလျှော်စွာ ကျွန်တော်တို့တွေဟာ ဒေသခံ ထိုင်းလူနာတွေရဲ့ လိုအပ်ချက်တွေကိုလည်း ဖြည့်တင်းပေးလျှက်ရှိပါတယ်။

ကျန်းမာရေးဆောင်းပါးများ

မျက်ခွံလေးတွေ သန့်ရှင်းမှ မျက်စိစွန်မှု ကင်းဝေးရ…
“ငါ့ပစ္စည်းယူထားပြီး ပြန်မပေးဘူးနော်… အေး… မျက်စိစွန်ပါစေတော်.....” ကျွန်တော်တို့ငယ်ငယ်က ကျိန် ခဲ့ကြဖူးတယ်။ စာဖတ်သူရော.. ညစ်ပတ်တဲ့နေရာတွေသွားပြီးရင် မျက်စိစွန်ဖူးလား။ မစွန်ဖူးလောက်ပါဘူးနော်။ သူများပစ္စည်းယူထားတာရှိရင် ပြန်ပေးလိုက်..