Share the message

Haploidential Hematopoietic ခေါ် ရိုးတွင်းချဉ်ဆီ စတမ်းဆဲလ် အစားထိုးကုသခြင်း

နာရင်သည် ယခုအရွယ်မှာ ၅နှစ်နှင့် ၅လရှိနေပါသည်။

 

ပါတ်ဝါရာ (နာရင်)သည် အသက်အရွယ် ၂နှစ်နှင့် ၅လသားအချိန်၌ ဆစ်မီတဝေ့ဆေးရုံကြီးတွင် ရိုးတွင်းခြင်ဆီ စတမ်းဆဲလ် အစားထိုးကုသမှု ခံယူခဲ့ သူဖြစ်ပါသည်။ နာရင်သည် အသက် (၁၁)လသားအရွယ် ကတည်း၌ပင် သာလာစီးမီးရား သွေးအား နည်းရောဂါ စတင်သိရှိချိန်မှစ၍ သွေးသွင်းမှုကို ခံယူနေခဲ့ရပါသည်။ သူမ၏ အသားအ ရေသည် ဖြူဖတ်ဖြူရော် ဖြစ်လာပြီး အချိန်တိုင်းလိုလို လျင်မြန်စွာ အားအင်ကုန်ခမ်း နေပါသည်။ ထိုသို့သော အခြေအနေများကြောင့် ကျွန်တော်တို့သည် သမီးလေးပေါ် တွင် အလွန်အမင်း စိုးရိမ်လာခဲ့၍ ကုသမှုနည်းလမ်း သတင်းအချက်အလက်များ ရှာဖွေ ရာ၌ ဒေါက်တာ ဆုလဒတ်အကြောင်း သိရှိခဲ့ရပါသည်။ ထို့နောက် ဆရာ၏ကုသမှု အကြောင်းအရာများကို အသေးစိတ် စုံစမ်းသိရှိလာပြီး ဆရာကြီးအပေါ်၌ ပို၍ယုံကြည် စိတ်ချမှုရှိလာကာ ဆန်မစ်တဝေ့ ဆေးရုံကြီးသို့ သွားရောက်ရန် ဆုံးဖြတ်ချက်ချခဲ့ပါ သည်။ နာရင်သည် ဖခင်ဆီမှ Haploidential Hematopoietic ခေါ် ရိုးတွင်းချဉ်ဆီ စတမ်းဆဲလ်အစားထိုး ကုသမှု ခံယူခဲ့ပြီးနောက်တွင် သူမ သွေးဆက်သွင်းသွားရန် မလို တော့ဘဲ ကျန်းမာရေးပြန်လည် ကောင်းမွန်ခဲ့ပါသည်။ ကျွန်မတို့ မိသားစုအားလုံးသည် ဤကုသမှုတွင် ဆဲလ်အလှူရှင်ကို ကာလ ကြာရှည်စွာစောင့်ဆိုင်းရန် မလိုဘဲ ရိုးတွင်းချဉ်ဆီ စတမ်းဆဲလ် အစားထိုးကုသမှုကြီးကို လျှင်မြန်စွာဆောင်ရွက်နိုင်ခြင်းအတွက် အလွန်ပင် ဝမ်းသာဂုဏ်ယူမိပါသည်။ ထပ်မံပြီး ဆရာဝန်ကြီးများ၊ ဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ဆေးရုံကြီးမှ သူနာပြုများအားလုံး၏ ထူးခြားလှသော ဂရုတစိုက် စောင့်ရှောက်ပေးမှုများအတွက် ကျေးဇူးအထူးပင် တင်ရှိပါ သည်။

နာရင် ဆေးရုံတက်ကုသမှုခံယူစဉ် တစ်လျှောက်တွင် အကောင်းဆုံးဂရုစိုက်ပြီး သာလွန်သော ကြိုတင်ရှင်းပြချက်များ ပေးသွားသည့် Dr. SuradejDr. Pornchanok,ဒေါက်တာ ဆုလဒတ်၊ ဒေါက်တာပွန် ချနုတ်နှင့် တာဝန်ရှိ သူနာပြုခေါင်းဆောင် ဂျီရာဖွန်နှင့်အတူ သူနာပြုများ အားလုံး၏ ကျေးဇူးကို မေ့မရတော့ပေ။ ကျွန်တော်တို့သည် ဤဆေးရုံကြီး၏ ဆေးကုသမှုများကို အလွန်ကျေနပ် အားရမှုရှိပါသည်။ ပုံမှန်ဆေးကုသမှုအပြီး နောက်ပိုင်း ဆရာဝန်နှင့် စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ပါတော့ သည်။

ဒူလရာဖတ် ခူရမ်ခမ် (ဖခင်)၊ နာဝာဖတ် ပန်ရာ(မိခင်)
မူရမ်မြို့နယ်၊ ချင်းမိုင် (နာရင် မိသားစုဝင်များ နေထိုင်သည့်မြို့)

 

Under care of:

Pornchanok Iamsirirak, M.D. Summary:

Pediatrics

Pediatrics


Professor Suradej Hongeng, M.D. Summary:

Pediatrics

Pediatric Hematology And Oncology