Share the message

ရုတ်ချည်းဖြစ်ပေါ်လာတဲ့ ခြေထောက်ထုံကျင်မှုဝေဒနာကို ဆစ်မီတဝေ့ ဆေးရုံမှာ အမြန်စစ်ဆေးပြီး ကုသခြင်းဖြစ်စဉ်

ရုတ်ချည်းဖြစ်ပေါ်လာတဲ့ ခြေထောက်အကြောများရဲ့ အသိအာရုံ ပျောက်ဆုံးခြင်း ဝေဒနာကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသခြင်းနှင့် ဆစ်မီတဝေ့ဆေးရုံမှာ သက်သောင့်သက်သာဆေးကုသ အနားယူနေနိုင်ခဲ့သူ Fiona

ရုတ်တရက်မျှော်လင့်မထားတဲ့ သူမရဲ့ ခြေထောက်တွေကို ထိန်းချုပ်နိုင်စွမ်းပျောက်ဆုံးသွားပြီး အလွန်ကြီးမားတဲ့နာကျင်မှုကို ခံစားရလိုက်တဲ့အချိန်မှာ Fiona Bridget Atracta ဟာ ထိတ်လန့်မှု၊ ဝေခွဲမရမှု၊ စိုးရိမ်မှုတွေ အပြည့်နဲ့ အရေးပေါ် ဆေးကုသခံယူဖို့အတွက် ဆစ်မီတဝေ့ဆေးရုံသို့ ရောက်ရှိလာခဲ့ပါတယ်။ X-rays ၊ သွေးဆေးစစ်ချက်တွေနဲ့ MRI Scan အစရှိသည့် စစ်ဆေးနည်းများနဲ့ ဆစ်မီတဝေ့ အဖွဲ့သားများရဲ့ ကူညီမှုများနှင့် တစ်ခဏအတွင်းမှာ ဆေးစစ်ချက်ပြုလုပ်ပြီးတဲ့အခါမှာ သူမရဲ့ ခြေထောက်ကျန်းမာရေးအခြေအနေဟာ Cauda Equina Syndrome လို့ခေါ်တဲ့ အာရုံကြောတွေကို ဖိမိနေတဲ့ ရောဂါဝေဒနာကို ခံစားနေရပြီး Syndrome Tarlov Cyst လို့ခေါ်တဲ့ ကျောရိုးအောက်ခြေမှာ အကျိတ်ဖြစ်ပွားနေကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီအတွက် လိုအပ်တဲ့ဆေးကုသမှုတွေအကုန်လုံးကိုခံယူနေတဲ့အချိန်မှာလည်း ကုသမှုအဆင့်တိုင်းကို လူနာကို သတင်းပို့အသိပေးလို့နေပါတယ်။ ကုသခံယူမှုအပြီးမှာတော့ Fiona ဟာ အန္တရာယ်ကင်းနဲ့ သက်သာပျောက်ကင်းစွာ နာလန်ပြန်ထူနိုင်ခဲ့ပါတယ်။

အားလုံး အဆင်ပြေချောမွေ့စွာပြီးဆုံးသွားတဲ့နောက်မှာတော့ Fiona က သူမရဲ့ ဖြစ်ကြောင်းကုန်စင်များနဲ့ ဆစ်မီတဝေ့ ဆေးရုံမှ အဖွဲ့သားများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း အခုလိုပဲ ပြောကြားသွားပါတယ်။

ချက်ချင်းဆိုသလို သူမရဲ့ ခြေထောက်အတွင်းရှိ အာရုံကြောများ ထုံထိုင်းမှုကို ခံစားရလိုက်ရတဲ့အခိုက်အတန့်မှာ ထိတ်လန့်မှုအပေါ်

ကျွန်မဟာ မခံမရပ်နိုင်အောင်နာကျင်လွန်းတဲ့ ကိုက်ခဲခြင်းကို ခံစားလိုက်ရတယ်။ အဲဒီအချိန်တစ်ခဏလေးမှာပဲ ကျွန်မရဲ့ ခြေထောက်တွေထိတွေ့ မှုအာရုံအသိမရှိတော့ပါဘူး။ ခြေထောက်တစ်ခုလုံး ဘာခံစားမှုမရှိတော့ပဲ ကျွန်မရဲ့ ခါးအောက်ပိုင်းတစ်ခုလုံးက လုံးဝကို ထုံထိုင်းသွားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မတိုင်ခင်အတောအတွင်းမှာ ထူးဆန်းတဲ့ခံစားမှုတစ်ခုက မခံစားနိုင်လောက်အောင် နာကျင်နေခဲ့တာပါ။ ဒီနာကျင်မှုက ကျွန်မ ဆီးတောင်သွားလို့ မရခဲ့ပါဘူး။ အရေးပေါ်အခြေအနေဖြစ်နေတဲ့အတွက် လူနာတင်ကားက ကျွန်မကို ဆစ်မီတဝေ့ ဆေးရုံသို့ ခေါ်ဆောင်သွားပြီး ကျွမ်းကျင်တဲ့ဆေးဆရာဝန်ကြီးများ နဲ့ သူနာပြုတွေချက်ချင်းကိုစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ MRI Scan ဖတ်တာတွေ၊ X- Rays နဲ့ သွေးစစ်ဆေးမှုတွေ အားလုံးကို သေချာစိစစ်စွာ စစ်ဆေးပြီးတဲ့အချိန်မှာတော့ ဖြစ်ရခြင်း အဓိကအကြောင်းပြချက်ကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဆစ်မီတဝေ့ဆေးရုံမှာ ဆေးစစ်ချက်ခံယူမှု နဲ့ လိုအပ်သောဆေးကုသခြင်းများခံယူမှုအပေါ်

ဆေးရုံကို ရောက်ရှိတဲ့ပထမအစမှာတော့ ဆရာဝန်က ခါးဆစ်ရိုးညပ်တဲ့လက္ခဏာလို့ ယူဆပုံရပါတယ်။ ဒါပေမယ့် ဆရာဝန်ဟာ ကျွန်မမှာ ပုံမှန်မဟုတ်တဲ့ ရောဂါဖြစ်နေတာကို သေချာစွာအဖြေရှာတွေ့ခဲ့ပါတယ်။ ဒီအတွက် ချက်ချင်းပဲ အကြောင်းပြန်ခဲ့ပြီးတော့ တတ်နိုင်သမျှအမြန်ဆုံး ခွဲစိတ်ကုသမှုပြုလုပ်ရမယ်ဆိုတာကို ကျွန်မကို အကြံပေးရှင်းပြပါတယ်။ ဆရာဝန်က သူကိုယ်တိုင်ပဲ ကျွန်မကို ပြုလုပ်သင့်သည်များအားလုံးကို အသေးစိတ်အကြံပေးရှင်းပြပေးပါတယ်။ အဲ့ဒီအတွက် ကျွန်မက ရောဂါရဲ့ဘယ်လိုနောက်ဆက်တွဲ လက္ခဏာတွေကို ခံစားရနိုင်လဲဆိုတာကို ကြိုသိနှင့်ခဲ့ပါတယ်။ MRI က ရလာတဲ့ ပုံရိပ်တွေကိုလည်း မြင်ခဲ့ရပြီးတော့ ခွဲစိတ်မှုမှာ ဘယ်နေရာတွေပါဝင်မလဲဆိုတာကိုပါ ဆရာဝန်က ပြောကြားခဲ့ပါတယ်။ ဆေးကုသနေတုန်းမှာလည်း ကျွန်မ အချိန်ပြည့် ဂရုစိုက်မှုခံခဲ့ရပါတယ်။ ကျွန်မကိုယ်တိုင်လည်း အခုလိုမျိုးဖြစ်လိမ့်မယ်လို့ မတွေးမိတဲ့အပြင် အခုလိုမျိုး ကြီးမားလွန်းလှတဲ့ ခွဲစိတ်ကုသမှုမျိုးကိုလည်း တစ်ကြိမ်တစ်ခါမှ မခံယူဖူးတဲ့အတွက် ကျွန်မ အရမ်းကိုပဲထိတ်လန့်ကြောက်ရွံ့ခဲ့ပါတယ်။ သို့ပေမယ့် ကျွမ်းကျင်ပါးနပ်စွာ ခွဲစိတ်ကုသပေးခဲ့တဲ့ ဆရာဝန်တွေရဲ့ ကျေးဇူးကြောင့် ခွဲစိတ်ကုသမှုက အဆင်ပြေချောမွေ့စွာနဲ့ ပြီးသွားခဲ့ပါတယ်။ ထပ်မံပြီး ကျွန်မရဲ့ နှလုံးက ခွဲစိတ်မှုအတွက် လုံလောက်တဲ့ ကျန်းမာမှုရှိမရှိ နှလုံး (Echocardiogram) နဲ့ စစ်ဆေးချက်တွေပြုလုပ်ခဲ့ပါတယ်။ အဓိကပြောချင်တာက ဆစ်မီတဝေ့ ဆေးရုံမှ ဆရာဝန်တွေဟာ ကျွန်မတစ်ခါမှ မစဉ်းစားမိတဲ့အရာတွေကိုတောင်မှာ ဂရုစိုက်ပြီးဆောင်ရွက်ခဲ့တာပါ။

နာလန်ထူခါစ အချိန်ကာလအတွင်း အပေါ်

ကုသမှုအားလုံးကို စိတ်ကျေနပ်မှုအပြည့်အဝရှိလို့နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မခံစားခဲ့ရတာထက် အဆမတန်သက်သာလာတယ်လို့ခံစားရတဲ့အတွက်ကြောင့်ပါ။ ဆေးရုံမှာ နာလန်ပြန်ထူနေစဉ်မှာလည်း သူနာပြုတွေက ကျွန်မကို လိုလေသေးမရှိကြည့်ရှုစောင့်ရှောက်ပေးခဲ့ကြပါတယ်။ ကျွန်မ နေလို့ သိပ်မကောင်းတဲ့အခါ၊ လိုအပ်တာတစ်ခုခုရှိလို့ ခလုတ်နှိပ်ခေါ်လိုက်တာနဲ့ သူနာပြုတွေက ကျွန်မဆီ ချက်ချင်းဆိုသလို အပြေးရောက်လာကြပြီး မညည်းမငြူပဲ လုပ်ပေးကြရှာပါတယ်။ ကျွန်မဟာ တကယ့်ကို ကောင်းကောင်းမွန်မွန်နဲ့ အားလုံးရဲ့ ကြည့်ရှုစောင့်ရှောက်ခြင်းကို ခံခဲ့ရပါတယ်။ ဒီအတွက်လည်း ကျွန်မဟာ ဆစ်မီတဝေ့  ဆေးရုံမှ သူနာပြုနှင့် ဝန်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။

 

Dr. Paiboon နဲ့ သူရဲ့ ဆေးကုသပေးတဲ့ အဖွဲ့သားတွေရဲ့ ဆေးကုသပေးမှုနဲ့ စောင့်ရှောက်မှု အပေါ်

Dr. Paiboon ဟာ ကျွန်မကိုသယ်ဆောင်လာတဲ့ဆေးရုံကားပေါ်က ဆင်းဆင်းချင်း ပထမဆုံးမြင်တွေ့လိုက်ရတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ သူက အရမ်းကို ကျွမ်းကျင်ပြီး ထူးချွန်ထက်မြက်တဲ့အပြင် ဖြစ်ကြောင်းကုန်စဉ်အစအဆုံးအထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းသွားခဲ့ပါတယ်။ ဖြစ်ကြောင်းကုန်စဉ်တိုင်းကို အမှန်အတိုင်းနဲ့အရှိအတိုင်းဝန်ခံခဲ့သလို ကျွန်မရဲ့ စိုးရိမ်မှုတွေနဲ့ မေးမြန်းမှုတွေ အားလုံးကို အထစ်အငေါ့မရှိ ဖြေကြားပေးခဲ့ပါတယ်။ ကျွန်မ နာလန်ပြန်ထနေပြီးတော့ သိသာတာက တစ်နေ့ထက်တစ်နေ့ ပိုပြီး သက်သာလာတာပဲဖြစ်ပါတယ်။ ကျွန်မ ဒီဆေးရုံကို ရောက်ရောက်ချင်းအချိန်နဲ့ ယှဉ်ရင် သိသိသာသာကို သက်သာလာပါပြီ။ သူက တကယ်ကို အံ့အားသင့်ဖွယ်ကောင်းပြီး ထူးချွန်ထက်မြက်လှတဲ့ ဆရာဝန်ကောင်းတစ်ယောက်ပါ။ ဒါ့အပြင် ဆေးကုသပေးတဲ့အဖွဲ့သား အားလုံးကလည်း တကယ်ကိုရည်မွန်ထက်မြက်ပြီး အရမ်းကို အကူအညီပေးကြပါတယ်။ ပြစ်ချက်၊ လစ်ဟာချက်တစ်ကွက်မှမရှိအောင်ကို ကောင်းလွန်းနေခဲ့ပါတယ်။ ဆေးရုံမှာရှိနေစဉ် ဘေးနားမှာ ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့လူတိုင်းက တကယ့်ကိုအံ့ဩစရာပါပဲ။ ကျွန်မ အကောင်းတကာ့ အကောင်းဆုံးသော ဆေးကုသခံယူမှုတွေနဲ့ သက်သာပျောက်ကင်းအောင် ပြုလုပ်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

ထပ်တူကျတဲ့ ရောဂါအခြေအနေမျိုး ခံစားရလာနိုင်တဲ့ လူတွေအတွက် အကြံပြုချက်

အကယ်၍များ တစ်စုံတစ်ခုက မှားယွင်းနေတယ်လို့ ခံစားရတယ်ဆိုရင် ချက်ချင်းပဲ နားလည်တတ်ကျွမ်းတဲ့သူနဲ့ သွားရောက်တိုင်ပင်ပါ။ ဘာဖြစ်လို့လည်းဆိုရင် သင်ထင်နေတဲ့အတွေးက မှန်ကောင်းမှန်နေနိုင်ပါတယ်။ ကျွန်မစိတ်ထဲမှာ ကျွန်မခန္ဓာကိုယ်ထဲမှာ ရောဂါတစ်ခုခု ဖြစ်နေပြီလို့ ထင်နေရတယ်။ ပြီးတဲ့အခါမှာ အခုလိုဖြစ်နေတာကလည်း ပုံမှန်ဖြစ်ရိုးစဉ်မဟုတ်ဘူးလို့ မကြာခဏတွေးနေခဲ့တယ်။ သို့ပေမယ့် ဒီလောက်အထိ ကိစ္စက ကြီးထွားလာမယ်လို့မထင်ခဲ့ဘူး။ ကျွန်မထင်ခဲ့တာက ဒီအတိုင်း သူ့အလိုလို သက်သာပျောက်ကင်းသွားမယ်ပဲ ထင်ခဲ့မိတာပါ။ ဒါ့ကြောင့် သင်လည်း ကျွန်မလိုမျိုးမဖြစ်ရလေအောင် ချက်ချင်းပဲ ဆေးပညာကျွမ်းကျင်သူဆီ သွားရောက်ပြသပြီးဆွေးနွေးတိုင်ပင်ပါ။ သူတို့ရဲ့ အကြံဥာဏ်များနဲ့ ထင်မြင်ချက်တွေကို ခံယူပါ။ နားထောင်ပါ။ အဲ့ဒီအချက်တွေကို ပြီးမြောက်အောမင် ဆောင်ရွက်ပါ။ ကျွန်မရဲ့ အခြေအနေအမှန်ကို MRI Scan ပြုလုပ်မှ သိရှိရသလိုပါပဲ။ တကယ်လို့သာ ကျွန်မ MRI Scan မပြုမိလိုက်ဘူးဆိုရင် အခုလိုမျိုး မြန်မြန်ဆန်ဆန်နဲ့ ကျွန်မရဲ့ အခြေအနေအမှန်ကို သိရှိရနိုင်မှာမဟုတ်ပါဘူး။ မိမိကျန်းမာရေးအခြေအနေကိုသိရဖို့အတွက် ဆေးစစ်ချက်တွေအားလုံးဟာ အမှန်တကယ်ကိုပဲ အကျိုးရှိနေခဲ့ပါတယ်။

ကိစ္စရပ်တွေအားလုံး ဖြစ်ပြီးနောက် ကိုယ်တိုင်ခံစားခဲ့ရတဲ့ အတွေ့အကြုံ

ကျွန်မ ဒီ ဆစ်မီတဝေ့ဆေးရုံတွင်းရှိ သူနာပြုနှင့် ဝန်ထမ်းများအားလုံး နဲ့ အုပ်ချုပ်ရေးပိုင်းက လူများအပါအဝင် လူတိုင်း လူတိုင်းကို ကျေးဇူးတင်လို့ လုံလောက်မယ်မထင်ပါဘူး။ ဒါက ဆေးအဖွဲ့တင်မကပဲ.. ဆစ်မီတဝေ့  ဆေးရုံမှာရှိနေတဲ့ လူတွေအားလုံးကိုပါ။ အစားအသောက်တွေကလည်း အင်မတန်ကောင်းပါတယ်။ တကယ်လို့ ကျွန်မအစားအသောက်အဆင်မပြေခဲ့ဘူးဆိုရင်တောင်မှ ချက်ချင်းလဲလှယ်ပေးတယ်။ ဘယ်အရာမှ အခက်အခဲမရှိခဲ့ပါဘူး။ ကျွန်မကို တကယ့်ကို မျက်ခြေမပြတ်ပဲ အသေးစိတ်ကြည့်ရှုစောင့်ရှောက်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီဆေးရုံရဲ့ ဝန်ဆောင်မှုနဲ့ လူနာတစ်ယောက်အပေါ် ကြည့်ရှုစောင့်ရှောက်ခြင်းတွေအပေါ်မှာ ကျွန်မရဲ့ ပြောချင်တဲ့စကားကတော့ အံ့မခန်းကို ကောင်းမွန်လှတဲ့ ဆေးရုံတစ်ခုလို့ပဲပြောချင်ပါတယ်။

 

 

 

Under care of:

Paiboon Kityadhiguna, M.D. Summary:

Orthopedics

Orthopedics