Share the message

ပင်မ သွေးလွှတ်ကြောဖောင်းလာခြင်းရောဂါ

 

ပင်မသွေးလွှတ်ကြောဖောင်းလာခြင်းရောဂါကို အရေးပေါ်အောင်မြင်စွာကုသနိုင်ခြင်း

ဖင်လန်နိုင်ငံသားတွေဖြစ်ကြတဲ့ Juha Taavetti Kaunisto နှင့် သူ့ရဲ့ အမျိုးသမီး Pirjo Helenius တို့ဟာ သူတို့ရဲ့ စိတ်ကူးအိမ်မက်အပန်းဖြေခရီးစဉ်တစ်ခုဖြစ်တဲ့ ဖူးခက်အနီးတဝိုက်နားမှာရှိတဲ့ အပူပိုင်းကျွန်းစု Koh Lanta ကို အားလပ်ရက်လာရောက်အပန်းဖြေဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း Juha ဟာ ပြင်းထန်တဲ့ ဝမ်းဗိုက်နာကျင်မှုရောဂါ ဝေဒနာကို ခံစားလာရတဲ့အချိန်မှာ အခြေအနေတွေအားလုံးက မျက်စိ တစ်မှိတ်အတွင်းမှာတင် ဆိုးရွားစွာနဲ့ပဲ မထင်မှတ်ထားတာတွေဖြစ်လာခဲ့ပါတယ်။

ဘန်ကောက်မြို့ကို ပြန်လည်ပျံသန်းလာခဲ့ပြီးတဲ့အချိန်မှာ Juha ရဲ့ ရောဂါအခြေအနေဟာ ပိုမိုဆိုးရွားလို့လာပါတယ်။ ဒီအတွက် ဆစ်မီတဝေ့ဆေးရုံဆီ ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ဆေးရုံမှာ CT Scan (ကွန်ပျူတာဓာတ်မှန်) ဖြင့်ဖတ်ပြီး ဝမ်းဗိုက်ပိုင်းကို အာထရာဆောင်ရိုက်ပြီး စမ်းသပ်စစ်ဆေးပြီးချိန်မှာတော့ သူဟာ Abdominal Aortic Aneurysm (AAA) လို့ခေါ်တဲ့ ပင်မသွေးလွှတ်ကြောဖောင်းလာခြင်းရောဂါကို ခံစားနေရတယ်ဆိုတာကို အတည်ပြုချက်ရရှိခဲ့ပါတယ်။

စမ်းသပ်စစ်ဆေးချက်များအရ Juha ဟာ ခန္ဓာကိုယ်အတွင်းပိုင်း သွေးယိုစိမ့်ခြင်းဝေဒနာကို လက်ရှိအချိန်အထိခံစားနေရပြီး သွေးပမာဏ ၂၆၀၀ မီလီလီတာကို ဆုံးရှုံးပြီးဖြစ်ပါတယ်။ Juha ဟာ Pulmonary embolism ရောဂါဝေဒနာကိုပါ ခံစားခဲ့ဖူးတဲ့အတွက် လက်ရှိကျန်းမာရေး အခြေအနေဟာ အသည်းအသန်ဖြစ်နေခဲ့ပြီး အသက်ကိုပါ ထိခိုက်နိုင်တဲ့အလားအလာရှိနေတာပဲဖြစ်ပါတယ်။ ချက်ချင်းခွဲစိတ်ဖို့ လိုအပ်ခဲ့ပေမယ့် နောက်ထပ် အခက်တွေ့တဲ့အရာတစ်ခုရှိနေခဲ့ပါတယ်။ အဲ့ဒါကတော့ Juha ရဲ့ သွေးအုပ်စုဟာ ထိုင်းနိုင်ငံမှာ အလွန်ရှားပါးတဲ့ Rh Negative ဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

လူနာကိုခွဲစိတ်ကုသမယ့်အဖွဲသားများကို သွေးကြောအထူးကု ပရော်ဖက်ဆာ Piyanut Pootrakool မှဦးဆောင်ပြီး လျင်မြန်စွာပြင်ဆင်ပါတယ်။ ဘန်ကောက်မှာရှိတဲ့ ဖင်လန်သံရုံးဆီကို ဆေးကုသခွဲစိတ်မှုအတွက် လုံလောက်တဲ့သွေးကို ရရှိအောင်ရှာဖွေဖို့ အရေးပေါ်အကူအညီတောင်းခံခဲ့ပါတယ်။ အရေးပေါ်လိုအပ်နေတဲ့သွေးကို အောင်မြင်စွာရှာဖွေနိုင်ခဲ့တဲ့အတွက် ညနေပိုင်းမှာ ခွဲစိတ်မှုကို စတင်နိုင်ခဲ့ပါတယ်။ လူနာအတွက် လိုအပ်နေတဲ့ Rh Negative သွေးကို လှူဒါန်းပေးခဲ့တာကတော့ ထိုင်းနိုင်ငံကြက်ခြေနီအသင်း မှဖြစ်ပါတယ်။

ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီး Juha က သူရဲ့ အမျိုးသမီးနဲ့ ဖင်လန်နိုင်ငံရှိ နေအိမ်ကို ပြန်မရောက်ခင်အချိန်အတောအတွင်းမှာ သက်သာပျောက်ကင်းစွာနဲ့ နာလန်ပြန်ထူနိုင်ခဲ့ပါတယ်။

Pirjo က ဆစ်မီတဝေ့ဆေးရုံကိုမရောက်ခင်စပ်ကြားမှာ ဘယ်လိုအခြေအနေတွေတွေ့ကြုံခဲ့ရတယ်ဆိုတာနဲ့ သူမရဲ့ ခင်ပွန်း ဘယ်လိုမျိုး ဆေးကုသမှုကို ခံယူခဲ့ရသလဲဆိုတွေကို အခုလိုပဲ ပြောပြပေးခဲ့ပါတယ်။

သူမရဲ့ ခင်ပွန်း ဆေးကုသမှုလာရောက်မခံယူခင်မှာ ခံစားခဲ့ရတဲ့ ပြဿနာတွေအပေါ်

ကျွန်မရဲ့ ခင်ပွန်းက ဝမ်းဗိုက်အစာအိမ်နားတဝိုက်မှာ ပြဿနာတွေရှိနေခဲ့ပြီးတော့ ဝမ်းဗိုက်အောက်ပိုင်းမှာ အလွန်နာကျင်နေပြီး သူရဲ့ နောက်ကျောဘက်ကလည်း နာကျင်မှုတွေကို အများအပြားခံစားခဲ့ရပါတယ်။ သူရဲ့ မျက်နှာက အလွန်ဖျော့နေပြီး ဘာအရောင်မှကို မရှိတော့တဲ့အထိ ခံစားခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူက ချက်ချင်းဆိုသလို ခေါင်းမူးလာတဲ့အတွက် သူ ထိုင်လည်းမထိုင်နိုင် ထလည်းမထနိုင်တော့ပါဘူး။ သူ မေ့မျောပြီး အသိစိတ်ပျောက်တော့မယ့်အထိတောင် ဖြစ်ခဲ့ပါတယ်။

ဆစ်မီတဝေ့ဆေးရုံအပေါ် သူတို့ရဲ့ သိရှိထားမှု နဲ့ ဘာကြောင့် ဒီဆေးရုံကို ရွေးချယ်ဖြစ်ခဲ့လဲ ဆိုတဲ့အပေါ်

ကျွန်မတို့ရဲ့ အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ SOS International ကို ဆက်သွယ်စုံစမ်းကြည့်လိုက်တဲ့အချိန်မှာ သူတို့က ဒီဆေးရုံကိုပဲ သွားဖို့ ညွှန်ကြားခဲ့ကြတယ်။ SOS International ပြောပြပုံအရ သူတို့ကိုယ်တိုင်ကလည်း ဆစ်မီတဝေ့ဆေးရုံနဲ့ အလုပ်အတူတကွတွဲလုပ်ဖူးပြီး ကိစ္စအားလုံးဟာ အမြဲတမ်းအဆင်ပြေချောမွေ့ခဲ့တယ်လို့လည်း သိရှိရပါတယ်။

အခုလိုမျိုး ထပ်တူကျတဲ့ ရောဂါအခြေအနေဖြစ်ပွားနိုင်တဲ့ လူနာတွေရှိခဲ့ရင် သူတို့အပေါ် မျှဝေပေးချင်တဲ့ အကြံပြုချက်

အခုလို အရေးပေါ်အခြေအနေမှာ ကုသပေးခဲ့ကြတဲ့ ဆေးပညာရှင်များအဖွဲ့က အရမ်းကိုကျွမ်းကျင်ပြီးစေ့စပ်လွန်းလှပါတယ်။ ဒီအတွက် ကျွန်မတို့က ယခုခွဲစိတ်ကုသမှုအပေါ်ကို စိတ်ကျေနပ်မှုအပြည့်အဝရရှိခဲ့ပါတယ်။ ဆေးကုသပေးခဲ့တဲ့ဆရာဝန်တွေအားလုံးက ဆေးစစ်ချက်မှုတွေကို အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့ပြီး သူနာပြုတွေကလည်း စေ့စပ်သေချာပြီး ဖော်ရွေပြုငှာစွာဆက်ဆံကြပါတယ်။ ကျွန်မတို့တစ်တွေ အစမှ အဆုံးအထိ အလုံးစုံစိတ်ကျေနပ်မှုကို အပြည့်အဝရရှိခဲ့ပါတယ်။

အခုလိုမျိုး ထပ်တူကျတဲ့ ရောဂါအခြေအနေဖြစ်ပွားနိုင်တဲ့ လူနာတွေရှိခဲ့ရင် သူတို့အပေါ် မျှဝေပေးချင်တဲ့ အကြံပြုချက်

ကျွန်မတို့ဇနီးမောင်နှံအတွက်ကတော့ ယခုခွဲစိတ်ကုသမှု့နှင့် ဆေးကုသခံယူမှုများစတဲ့ ကိစ္စအဝဝအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ အောင်မြင်စွာပြီးဆုံးလို့သွားခဲ့ပါတယ်။ နောက်ပြီး ကျွန်မ ရဲ့အလုပ်ဝန်ထမ်းတစ်ယောက်ဆီကနေ ပြန်ကြားဖြစ်တာက ယခုခွဲစိတ်မှုက အင်မတန်မှ ခက်ခဲလွန်းလှပါတယ်။ အခန့်မသင့်တဲ့အခါ ကျွန်မရဲ့ ခင်ပွန်း အသက်ဆုံးရှုံးရနိုင်တဲ့အထိ အသက်အန္တရာယ်ကျရောက်နိုင်ပါတယ်လို့လည်း သိရရှိပါတယ်။ ကျွန်မအသေချာဆုံး အာမခံနိုင်တာကတော့ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်ဟာ ဒီ ဆစ်မီတဝေ့ဆေးရုံမှာပဲ သွားရောက်ပြသဖို့ လူနာတိုင်းကို ညွှန်ပြပေးနေတော့မှာပဲဖြစ်ပါတယ်။ လူနာအားလုံးအပေါ်မှာရော လူနာတစ်ယောက်ချင်းဆီအပေါ်မှာပါ ရောဂါဝေဒနာများပျောက်ကင်းသက်သာအောင် ကုသပေးနေခြင်းများဟာ ပြောစရာမရှိလောက်အောင် ကောင်းမွန်ပြီး ရောဂါကုသပေးတဲ့ စက်ပစ္စည်းများရဲ့ အရည်အသွေးတွေဟာလည်း မြင့်မားလို့နေတာပဲဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက

Please complete the form below and we'll get back to you within 48 hours with a response

 

 

Under care of:

Piyanut Pootracool, M.D. Summary:

Surgery

Vascular Surgery