Share the message

Minimally Invasive Surgery ဖြင့်အကျိတ်များကိုဖယ်ရှားခဲ့ခြင်း

 

သမာရိုးကျ အစာသီးခြင်းမှ ပြောင်းလဲလာသော ကင်ဆာပြဿနာ

နိုင်ငံခြားတွင်နေထိုင်သော မြန်မာတစ်ယောက်ဟာ ခက်ခဲမှုနည်းပါးပြီး လွယ်ကူရိုးရှင်းသော နည်းပညာဖြင့် ခွဲစိတ်ကုသနည်း (Minimally Invasive Surgery – MIS) ဖြင့် အကျိတ်များကို ဖယ်ရှားရန်အတွက် ရှာဖွေခဲ့ပါ တယ်။ ကို Albert က MIS နည်းဖြင့် အစာပြွန်ကင်ဆာ ကိုဖယ်ရှားကုသနိုင်မည့် ဆရာဝန်ကိုရှာဖွေရင်းမှ ဆစ်မီတဝေ့ဆေးရုံသို့ရောက်ရှိလာကြောင်းပြောပြခဲ့ပါတယ်။

ဝေဒနာစတင်လာချိန်

၂၀၁၅ တွင် အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်ခဲပါတယ်။ ၂၀၁၅ နှစ် ဩဂုတ်လ ထဲမှာ ကျွန်တော် အစာသီးခြင်း ပြဿနာဖြစ်ခဲပါတယ်။ အထူးသဖြင့် မနက်စာ စားတဲ့အချိန်မှာဖြစ်ပါတယ်။ ပါမုန့်ကို ကျွန်တော်စားမယ်၊ မြန်မြန်စားပါလိမ့်မယ်။ ကျွန်တော် က အစာစားမြန်သူ တစ်ယောက်ဖြစ်တဲ့အတွက်
ကျွန်တော်မြန်မြန်လေးစားခဲ့တယ် ပြီးနောက်မှာ ကျွန်တော် သစ်သီးဖျော်ရည်ကို သောက်တယ်။ ဒါပေမဲ့ ကျွန်တော် မျိုချလို့မရဘူး ပြီးတော့ ကျွန်တော်ပြန်အန်ထွက်လာတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်အသက်ရှူလို့မရခဲ့ဘူး။ကျွန်တော် ဒီလိုတစ်ကြိမ်ဖြစ်ခဲ့ဖူးတယ်၊ ကျွန်တော်ထင်တယ် စက်တင်ဘာလလောက်ကပေါ့။အ နောက်ပိုင်းမှာ ဆိုရင်တစ်လ ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ဖြစ်ခဲ့ပါတယ်။ တစ်ချို့အချိန်တွေလဲရှိခဲ့ပါတယ်။ ကျွန်တော်ရေကို ကြိုးစားပြီး မျိုချတဲ့ အခါမှာအကုန်ပြန် အန်ထွက်လာခဲ့တယ်။ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ ၂၀၁၆ မှာဆိုရင်ကျွန်တော် ကားမောင်းနေရင်း နဲ့ ကျွန်တော်အထွေထွေအားဆေးပြားကို သောက်တဲ့အခါမှာဆေးပြားက တော်တော်လေးကြီးတဲ့အတွက် ကျွန်တော်စပြီး သီးတော့တာပါပဲ။ ရေလဲ မကူနိုင်ခဲ့ပါဘူး။ ကျွန်တော်ပြန်လဲ အန်မထုတ်နိုင်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ အားဆေးပြားကြီးက ကြီးလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။အဲ့ဒါကြောင့် ဆေးပြားက ကျွန်တော့်ရဲ့ အစာပြွန်မှာ တစ်နေပါတယ်။

ရောဂါလက္ခဏာ ရှာဖွေဆောင်ရွက်ခြင်း

ဒါကြောင့် ကျွန်တော် ဆေးရုံကို စစ်ဆေးဖို့ရန်အတွက် သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့၊ နေ့လည်လောက်ပိုင်းပေါ့သူတို့ ကျွန်တော့်ကို အစာအိမ်မှန်ပြောင်း ကြည့်ပေးခဲပါတယ်။ အဲ့ဒီအခါမှာ ပုံမှန်မဟုတ်ကြောင်းတွေ့ခဲ့ပါတယ်။ အနာတစ်ခုပေါ့ဗျာ။ သူတို့ အဲ့အနာကို အသားစစစ်ခဲ့တယ်။ အဖြေထွက်လာတော့ အစာပြွန်ကင်ဆာလို့ သံသယရှိခဲ့တယ်။ အဲ့ဒီအနာက တော်တော်လေးကိုနက်ပါတယ်။

အဲ့ဒီနောက်မှာ ဒုတိယအကြိမ် အသားစစစ်ဆေးခဲ့ပြန်ပါတယ်။ ရောဂါဗေဒပညာရှင်က ကင်ဆာဖြစ်နိုင်ချေရှိတဲ့ပုံမှန်မဟုတ်တဲ့ ဆဲလ်လေးများက ဘယ်အဆင့်ထိရောက်နေလဲဆိုတာ ၁၀ဝရာခိုင်နှုန်းမသေချာဘူးဖြစ်နေပါတယ်။ ၎င်းက မီးခိုးရောင်ဆင့်မှာဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန်က အစာပြွန်ကင်ဆာ အဆင့် (၃)ရှိ ခွဲစိတ်ကုသမှု ကို ပြုလုပ်ဖို့ ခွဲစိတ်ဆရာဝန်ကြီးဆီလွှဲချင်ခဲ့ပါတယ်။ ဒါပေမဲ့အစာအိမ်အူလမ်းကြောင်းအထူးကုဆရာဝန် ကတော့ ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ ထပ်စစ်ဆေးချင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်မို့လို သူက ကျွန်တော့်ကို နောက်ထပ် အစာအိမ်အူလမ်းကြောင်း ကိုအာထရာစောင်းရိုက်စစ်သည့် အထူးကုဆရာဝန်ဆီသို့ ထပ်လွှဲခဲပါတယ်။အနာရဲ့အတိမ်အနက်က ဘယ်လောက်ထိ ရောက်ရှိနေပြီလည်းဆိုတာသိဖို့ရန်အတွက် အစာအိမ်ကြည့်မှန်ပြောင်းမှာ အာထရာစောင်းပါတဲ့ ကိရိယာနဲ့ ကြည့်ခဲ့ပါတယ်။ ၁ဝရက်ကြာပြီးနောက်မှာတော့ EUS အဖြေထွက်လာပါတယ် အဲ့ဒီနောက်မှာ အစာအိမ်နဲ့အူလမ်းကြောင်းဆရာ ဝန်ကြီး က ကင်ဆာ အဆင့် (၁)တောင်မရောက်သေးပါဘူးလို့ ကျွန်တော့်ကို သတင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဆာ ဖြစ်တော့မည့်အလားအလာရှိတာမို့ ကျွန်တော်တို့ ကုသမှုကိုဆောင်ရွက်ရန်ပြောပါတယ်။ နောက် ၄လ ၅ လကြာတဲ့အခါ ကျွန်တော်ထင်ပါတယ် ဇွန်လ လယ်လောက်မှာ ၎င်းအနာ ကို endoscopic submucosal dissection နည်းဖြင့် ဖယ်ရှားနိုင်မည့်နည်းလမ်းကို သူရှာတွေ့ခဲ့ပါတယ်။ ၎င်းကို ESD လို့ခေါ်ပါတယ်။

ကုသမှုခံယူရန်ပြင်ဆင်ခြင်း

ဂျပန်ဆရာဝန်များက ၎င်းနည်းပညာနဲ့ ပတ်သက်ပြီး အရမ်းကိုတော်ကြပါတယ်။ ဒါကြောင့် အစာအိမ်နဲ့အူလမ်း ကြောင်း ဆရာဝန်ကြီးက ဂျပန်မှာ ခွဲစိတ်ကုသမှုခံယူဖို့အတွက် ခေါ်ဆောင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂျပန်ဆရာ ဝန်ကြီးများက အချို့သော ရှုပ်ထွေးခက်ခဲမှုကြောင့် ကျွန်တော့်ကို ခွဲစိတ်ကုသမှုမပြုပေးခဲ့ပါဘူး။ အစာရေမြိုလမ်းကြောင်းအရမ်းကျဉ်းသည့်အတွက် အနာကိုဖယ်ထုတ်လို့မရခဲ့ဖူးပေါ့

သို့ပေမဲ့လည်းသူတို့တွေ က ကင်ဆာဆဲလ်များဆိုတာကို အတည်ပြုခဲ့ကြပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်တို့က ထိုင်းနိုင်ငံကို ပြန်ခဲ့ကြတယ် ပြီးတဲ့နောက်မှာတော့ အစာအိမ်နဲ့အူလမ်းကြောင်းဆရာဝန်က ဒီအနာကို ခွဲစိတ်ဖယ်ရှားရမယ်လို့ အကြံပြုခဲ့ပါတယ်။ ကျွန်တော် ၎င်းကို ဖယ်ရှားဖို့ စီစဉ်ခဲ့ပါတယ်။ သို့ပေမဲ့ ဆေးရုံတော်တော်များများ က ကျွန်တော့်ပြဿနာ အတွက် ခွဲစိတ်ကုသမှုကြီးပြုလုပ်မှ ရမှာဖြစ်ပါတယ်။ ၎င်းဟာ တော်တော်လေးနာကျင်မှာဖြစ်တဲ့အပြင် ပြန်လည်သက်သာဖို့အချိန်တော်တော်ကြာမှာဖြစ်ပါတယ်။ သူတို့ကျွန်တော်ကို အသေးစိတ်မပြောပြခဲ့ကြပါဘူးဒါပေမဲ့ ကျွန်တော် ၎င်းကို ကျွန်တော်ကိုယ်တိုင် ရှာဖွေ ပြီးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

MIS နှင့် ဆစ်မီတဝေ့ ကိုရွေးချယ်ခဲ့ခြင်း

ကျွန်တော်လည်း MIS နည်းပညာ( ခက်ခဲမှုနည်းပါးပြီး လွယ်ကူရိုးရှင်းသော နည်းပညာဖြင့် ခွဲစိတ်ကုသမှုနည်း) ဖြင့် ခွဲစိတ်ကုသနိုင်မည့် ခွဲစိတ်ပါရဂူကို ကျွန်တော်ရှာဖွေခဲ့ပါတယ်။ ၎င်းရှာဖွေမှုဟာဆိုရင် လပေါင်းအနည်းငယ် ကြာပါတယ်။ ပြီးတော့ ကျွန်တော်ကအဲ့အချိန်တုန်းကဆိုရင် အသီးအရွက်ပဲစားပြီးကိုယ်အလေးချိန်ကျဖို့အတွက် အစာလျှော့နေတဲ့အချိန်ပါ။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော် ဖေဖော်ဝါရီလ လယ်လောက်မှာ ကျွန်တော်ဒီကို ရောက်လာခဲ့တယ် ဘာလို့လဲဆိုရင် ဒီဆေးရုံမှာ MIS နည်းနဲ့ ကုသမှုပေးနိုင်မပေးနိုင်ကို ကျွန် တော်သိချင်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ ဒါနဲ့ ကျွန်တော် Dr. Pitulak နဲ့တွေ့ခဲ့တယ်။ သူမကပြောခဲ့ပါတယ်။ ကျွန်တော်တို့ ခွဲစိတ်ကုပြီးဖယ်ထုတ်ခြင်းကိုပြုနိုင်ပါတယ်။ သူမ က ကျွန်တော့်ကို Dr. Chingyiam နဲ့တွေ့ဖို့ထပ်လွှဲပါတယ်။ သူက ခွဲစိတ်ကုသနိုင်မယ်လို့ ပြောပါတယ်။ သူက အစာပြွန်ကင်ဆာ နှင့်ဆိုင်သော ခွဲစိတ်ကုသမှုများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးသူလဲဖြစ်ပါတယ်။သို့သော် လည်းပဲ ဗိုက်မှာ အပေါက်ဖောက်၍ ကင်မရာဖြင့် ခွဲစိတ်မှုမျိုးတော့မပါပါ။ဒါနဲ့ ကျွန်တော် က အိုခေလို့ပြောခဲ့ပြီး ကျွန်တော်တို့ ခွဲစိတ်မှုအတွက် အချိန်ဇယားကို ဆွဲခဲ့ကြပါတယ်။ မတ်လ ၆ ရက်မှာ ကျွန်တော် ခွဲစိတ်ကုသမှုပြုခဲ့ပါတယ် ပြီးတော့ ခွဲစိတ်ကုသမှုက အောင်မြင်ခဲ့ပါတယ်။ ယခု ၁၇ ရက်နေ့မှာ ကျွန်တော်ဆေးရုံကနေ ဆင်းတော့မှာဖြစ်ပါတယ်။ ကျွန်တော် ဒီရရှိတဲ့ အဖြေရလဒ်နဲ့ ဒီမှာ ရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုများအတွက် အရမ်း ဝမ်းသာပိတိဖြစ်မိတယ်။ ကျွန်တော်တို့ ခွဲစိတ်မှုက အောင်မြင်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ခွဲစိတ်ကုသမှုနောက်ပိုင်းကာလ

နာကျင်ပါတယ် ဒါပေမဲ့ ပြန်လည်နလန်ထူလာမှုက တော်တော်လေးမြန်ပါတယ်။ ကျွန်တော်အတော်အံ့ဩသွားတာက ၂ (သို့) ၃ ရက်တွင်းမှာဖြစ်ပါတယ်။ ကျွန်တော်အခု လမ်းပြန်လျှောက် နေပါပြီး အစာလည်းပြန်စားနေပါပြီ။ ခွဲစိတ်ကုသတဲ့ အစာအိမ်တစ်ဝိုက်နဲ့ အစာပြွန် အားလုံး ဟာ အခုဆို အားလုံးကောင်းပါပြီ။ ကျွန်တော် အတွင်းပိုင်းနာကျင်မှုကို မခံစားရပါဘူး။ ခွဲစိတ်မှုဟာ တော်တော်လေးကို ကောင်းပါတယ် ပြီးတော့ အခုဆို ကျွန်တော် အစာကောင်းကောင်းစာနိုင်ပြီ။ ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာ ကျွန်တော် အန်ခြင်း၊ အစာသီးခြင်း၊ နာကျင်ခြင်း မရှိတော့ပါဘူး။ ဒါဟာ အရမ်းကိုကောင်းတဲ့ အဖြေရလဒ်ပဲဖြစ်ပါတယ်။

အစာပြွန်ကင်ဆာဖြစ်ဖို့အလားအလာရှိနေသောသူများ (သို့) အစာပြွန်ကင်ဆာရှိ နေသောအခြေအနေ တွင် ရှိနေသူများကို အကြံပြုလိုချက်

ကျွန်တော့်အနေနဲ့ အားလုံးကိုပြောချင်တာကတော့ ကင်ဆာ အကြောင်းကိုလေ့လာကြပါလို့ ဘာလို့လဲဆိုတော့ ကျွန်တော်အနနဲ့ အရင်ကဆိုရင် အစာပြွန်ကင်ဆာ ဆိုတာကို ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြားဖူးခဲ့ဘူး။ ကျွန်တော် ကြားဖူးတာကတော့ ဦးနှောက်ကင်ဆာ၊ အစာအိမ်ကင်ဆာ ၊ အူကင်ဆာ၊ ပန်းကရိယ နဲ့ အခြား အမျိုးအစားကင်ဆာတွေပါပဲ။ ဒါပေမဲ့ ကျွန်တော် အစာပြွန်ကင်ဆာကိုတော့ တစ်ခါမှ မကြားဖူးဘူးပေါ့နော်။ နာကျင်မှုမရှိတဲ့အတွက် ကျွန်တော် လျစ်လျူရှု့ခဲ့တယ်။ သင်ဘာကိုမှခံစားရမှာမဟုတ်ပါဘူး။ တစ်ခါတစ်လေတော့နာကျင်မှုကို ခံစားရပါလိမ့်မယ်။ ရင်ပူသလိုမျိုးခံစားရပါတယ်။ ဒါပေမဲ့ သာမန်နေထိုင်စားသောက် နိုင်ခဲ့တာ ဆိုရင် နှစ်တော်တော်လေးကြာခဲ့ပြီး သင့်ထဲမှာ ကင်ဆာ ရှိနေတယ်ဆိုတာသင်သတိမထားမိလိုက်ပါ ဘူး။ ဒါကြောင့် ကျွန်တော် အားလုံးကိုပြောပြချင်တယ် အခြားသော ကင်ဆာများနှင့်ပတ်သက်ပြီး သတိထားလေ့လာစေချင်တယ်။ ပြီးတော့ ပုံမှန်ကျန်းမာရေးဆေးစစ်မှုတွေ ပြုလုပ်သင့်တယ်။သူငယ်ချင်းများထက် တက်ကျွမ်းသောသူများထံမှ အကြံဥာဏ်တောင်းခံပါ။

Dr. Pitulak ၊ Dr. Chingyiam နှင့် ဆစ်မီတဝေ့ ဆေးဘက်ဆိုင်ရာ အဖွဲ့၏ ကုသမှု နှင့် စောင့်ရှောက်မှု များ

Dr. Pitulak က အရမ်းကို ချစ်ကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ လူနာတွေအပေါ်မှာ အရမ်းကို စောင့်ရှောက်တယ်။ သူမ ဟာဆိုရင် အချိန်ယူပြီး အသေးစိတ်ကို ရှင်းပြတယ်။ ဘယ်အရာတွေ ကဘယ်လိုလုပ်ရမလဲ၊ ဘယ်အရာတွေက ဆောင်ရွက်သင့်သလဲ၊ သူမ အချိန်တော်တော်လေးပေးခဲ့ပါတယ်။ သူမဘယ်လောက်ပဲ မအားမလပ်သည်ဖြစ်နေပါစေ။ သူမ ကျွန်တော်ဆီ မှာလာပြီး အချိန်ယူပါတယ်။
တကယ်ပါ သူမဟာ တကယ့်ကို ချစ်စရာကောင်းပြီး စောင့်ရှောက်တတ်တဲ့သူပါ။

Dr. Chingyiam အသိပညာနှင့်ကြွယ်ဝပြည့်စုံတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အတွေ့အကြုံများဟာဆိုရင်လည်း အံ့ဩထူးခြားဖွယ်ကောင်းပါတယ်။ သူတော်တော်များများကို သိတယ်။သူလူနာတော်အပေါ် စောင့်ရှောက်တယ်။တကယ် နှလုံးသားထဲကနေပါ။ နာရီ ပေါင်း ၁၀ နာရီကြာ ကျွန်တော်နဲ့အတူရှိခဲ့တယ်။ ကျွန်တော်ကို ကုသမှုများပေးခဲ့တယ်။၁၀၀ % သေချာစွာ ပြန်လည်နလန်ထူလာဖို့ရန် အတွက်ဆောင်ရွက်ခဲ့ပါတယ်။သူ ကင်ဆာတွေ ကို အကုန်လုံးထုတ်ပစ်လိုက်ပြီလို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်လုံးဝကို ယုံကြည်မှုရှိရှိပြောနိုင်တာက ကျွန်တော်သူ့ကြောင့်ပြန်လည်ကျန်းမာလာတာပါ။အဲ့ဒီဟာတွေက ကျွန်တော့်ဆီ ပြန်တော့မှ ပြန်လာတော့မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့သူက မကောင်းတဲ့ အပိုင်းတွေကို အကုန်ရှင်းထုတ်လိုက်ပြီဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ကျွန်တော်သူ့ကိုပြောပါတယ်။ ဒေါက်တာ မကောင်းတဲ့ အပိုင်းတွေကို အကုန်ထုတ်လိုက်ပြီဖြစ်တဲ့အတွက်အခုဆိုရင် ကျွန်တော်ကောင်းသွားပြီ။သူတို့တွေ ဟာဆိုရင် သူတို့ရဲ့ကိုယ်ပိုင် အချိန်များတောင် မရှိတော့သလောက်ပါပဲ။သူတို့ ကျွန်တော်တို့ နဲ့ အချိန်တော်တော်များများ ကုန်ပါတယ်။ကျွန်တော်တို့နေကောင်းကျန်းမာတာ သေချာဖို့ရန်အတွက်ဖြစ်ပါတယ်။
ဒါက ကျွန်တော်သူတို့နဲ့တွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေပဲဖြစ်ပါတယ်။