Share the message

ဆစ်မီတဝေ့ ဆူခွန်ဗစ်

ဆုတံဆိပ် ရရှိထားပြီး နိုင်ငံတကာအဆင့်မီတဲ့ ကျန်းမာရေး စောင့်ရှောက်မှု Bangkok မြို့လည်မှာရှိနေပါတယ်

 

 

Samitivej Sukhumvit Hospital

 

ထိုင်းနိုင်ငံ Bangkokမြို့ရှိ Samitivej Sukhumvitဆေးရုံကြီးဟာဆိုရင် JCI အသိအမှတ်ပြုထားသော နိုင်ငံတကာအဆင့်မှီ ကျန်းမာရေးစောင့်ရှောက်မှု ဆုရရှိထားတဲ့ ဆေးရုံတစ်ရုံပဲ ဖြစ်ပါတယ်။  ၁၉၇၉ မှာတည်ဆောက်ခဲ့ပြီး ဆေးရုံရဲ့ အရည်အသွေးမြင့်တဲ့ စောင့်ရှောက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေအပေါ်မှာထားတဲ့ အာမခံချက်က Samitivej Sukhumvit ကို ဆေးဘက်ဆိုင်ရာ နည်းပညာမှာ ရှေ့တန်းကို ရောက်စေခဲ့ပါတယ်။ ယနေ့အခါမှာတော့ ဆေးရုံကြီးဟာ ပြည်တွင်းက ပြည်သူတွေနဲ့ ထိုင်းနိုင်ငံမှာ လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေရဲ့ ရွေးချယ်စရာ ဆေးရုံတစ်ခုဖြစ် အသိမှတ်ပြုခံနေရပြီ ဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ အထင်ကရ ဆေးဝါးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဗဟိုဌာန တစ်ခုလည်း ဖြစ်လာပါပြီ။

 

Samitivej Sukhumvit ဆေးရုံကြီးဟာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) တို့ရဲ့ အသိအမှတ်ပြုခြင်းကို ခံထားရပြီး ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ် မှာတော့ “မိခင်နှင့် ကလေးအတွက် သင့်လျော်သောဆေးရုံ (Mother & Baby Friendly Hospital)”  အဆင့် သတ်မှတ်ခံရတဲ့ ထိုင်းနိုင်ငံအတွင်းမှပထမဆုံး ဆေးရုံဖြစ်လာပါတယ်။ အခြားထင်ရှားတဲ့ ဆုတံဆိပ်တွေထဲမှာတော့ ၂၀၀၄ ခုနှစ်မှာ ဝန်ကြီးချုပ်ကချီးမြှင့်တဲ့ အသိအမှတ်အပြု အခံရဆုံးသော ဝန်ဆောင်မှုလုပ်ငန်းဆုနဲ့ ထိုင်းနိုင်ငံ ဆေးရုံများ တရားဝင်အသိအမှတ်ပြုရေး ဘုတ်အဖွဲ့ရဲ့ တရားဝင် အသိအမှတ်ပြု စာလွှာတို့ ပါဝင်ပါတယ်။ Samitivej Sukhumvit ဆေးရုံကြီးမှာ ကျွန်တော်တို့ထားရှိတဲ့အမြင်ကတော့ ကျွန်တော်တို့ရဲ့ လူနာတွေကို အရည်အသွေး အမြင့်မားဆုံးအဆင့် ပေးဖို့ပဲ ဖြစ်ပါတယ်။

 

Samitivej Sukhumvit Hospital

အခြေခံကျန်းမာရေးစောင့်ရှောက်မှုကစလို့ အထူးကုဝတ်ဆောင်မှုတွေအထိ ကျယ်ပြန့်သော ဝန်ဆောင်မှုများကို Samitivej Sukhumvit မှ ပံ့ပိုးဆောင်ရွက်ပေးနေပါတယ်။ ခုတင် (၂၇၀)၊ စမ်းသပ်ခန်း (၈၇) ခန်းနဲ့ စောင့်ရှောက်ပေးမည့်သူ (၁၂၀၀) ကျော်ရှိတဲ့ ဒီဆေးရုံကြီးကို Bangkok မြို့လယ်ရဲ့ ရွေးချယ်ဖို့အကောင်းဆုံး၊ အပြည့်စုံဆုံး ကျန်းမာရေး လုပ်ငန်းအဖြစ် နှစ်ပေါင်းကြာရှည်စွာ အသိအမှတ်ပြုထားကြပါတယ်။

 

ဒီဆေးရုံကြီးရဲ့ အထူးကုတွေပါဝင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ ကျွမ်းကျင်အဖွဲ့ဟာ အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေအစုံအလင်နဲ့ နှလုံးခွဲစိတ်မှုကနေ အသည်းအစားထိုးကုသမှုတွေအထိ ခက်ခဲနက်နဲတဲ့ ခွဲစိတ်ကုသမှုတွေကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒီဆေးရုံကြီးမှာ ခေတ်အမီဆုံး၊ အဆင့်အမြင့်ဆုံး နည်းပညာတွေနဲ့ ပစ္စည်းကိရိယာတွေကို ပံ့ပိုးပေးထားပါတယ်။

 

ကျွန်တော်တို့ရဲ့ နိုင်ငံတကာဌာနကတော့ နိုင်ငံခြားသားလူနာတွေနဲ့ ဧည့်သည်တွေကို နေ့ရောညပါ မနားတမ်း အကူအညီပေးလျှက်ရှိပါတယ်။ နိုင်ငံခြားသားတွေကို ဗီဇာနဲ့ အခြားလူဝင်မှုဆိုင်ရာ လိုအပ်ချက်တွေအတွက် အကူအညီပေးနိုင်ဖို့ ဆေးရုံကြီးမှာ လူဝင်မှုကြီးကြပ်ရေး ကောင်တာလည်း ထားရှိပါတယ်။

 

Samitivej ပလာဇာမှာ7-Eleven လို နေ့စဉ်သုံးသက်သာဆိုင်တွေ၊ ဘဏ်တွေနဲ့ Starbucksလို အပြည်ပြည်ဆိုင်ရာ လုပ်ငန်းချိန်းကြီးတွေအထိ ဆိုင်ခန်းပေါင်း (၂၀) လောက်ရှိပါတယ်။ အဲ့ဒီအပြင် လက်လီဆိုင်တွေ၊ အစားအသောက်နဲ့ အအေးဆိုင်တွေလည်း ပါရှိပါသေးတယ်။

 

Samitivej Sukhumvitဆေးရုံကြီးကို သွားကြမယ်

ကျန်းမာရေးဆောင်းပါးများ

ဒီနေ့ ခေတ်စားနေတဲ့ ဗီတာမင် နဲ့ “ဓာတ်စာ” ဆေးလုံးလေးတွေအကြောင်း…
ဗီတာမင် နဲ့ ဖြည့်စွက်အာဟာရ (ဓာတ်စာ လို့လဲခေါ်ကြတယ်) ဆေးလုံးလေးတွေ မှာ ကောင်းကျိုးရှိသလို ဆိုးပြစ်တွေလဲ ရှိကြပါတယ်။ နောက်ဆုံးပေါ် အကောင်းဆုံး ဆိုတဲ့
အစာလျော့စားနည်း ၁၀မျိုး
သင့်ရှေ့မှာ မိသားစုတစ်စုလမ်းဖြတ်လျှောက်သွားတယ် ဆိုကြပါစို့။ အဲ့ဒီအချိန်မှာ သင်သတိထားမိတာတစ်ခုရှိပါသလား? ဘာကြောင့်မိသားစုဝင်အာလုံးကဝနေပြီး ဘာကြောင့်မိသားစုဝင်အားလုံးကပိန်နေရတာလဲ? ဒီလိုဖြစ်ရတဲ့အကြောင်း အရင်းများစွာရှိပါတယ်။ အဲ့ဒီအရေးကြီးတဲ့အချက်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ပတ်ဝန်းကျင်နဲ့ ဆိုင်တဲ့အချက်အလက်များပဲဖြစ်ပါတယ်။