Share the message

ဆစ္မီတေ၀့ ဆီရီရခ်ာ

နိုင်ငံတကာ ဆုတံဆိပ်ရ ဆေးရုံကြီးနှင့် ဆေးဝါးကုသမှုဆိုင်ရာ ခရီသွားလုပ်ငန်း၊ ထိုင်းနိုင်ငံ အရှေ့ပိုင်း

 

Samitivej ဟာ ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ ထိပ်တန်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးရုံတစ်ခုဖြစ်ပါတယ် – ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုထားတဲ့ ဆေးရုံတစ်ရုံဖြစ်ပြီး ထိုင်းနိုင်ငံက ထိပ်တန်း ကျန်းမာရေးဗဟိုဌာနတစ်ခုအနေနဲ့ နာမည်ရရှိထားပါတယ်။ ကျွန်တော်တို့ရဲ့ အဆောက်အဦးတွေဟာ ဆေးပညာဆိုင်ရာ ပစ္စည်းကိရိယာများ အပြည့်အစုံတပ်ဆင်ထားပြီး ထိုင်းနိုင်ငံအတွင်းမှာ အကောင်းဆုံး ရောဂါရှာဖွေမှုနဲ့ ဆေးဝါးကုသမှုတို့ကို ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ Sriracha ဆေးရုံကြီးရဲ့ ထိုင်းနိုင်ငံ ဆေးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဌာနဟာလည်း နိုင်ငံသားများ၊ ကမ္ဘာလှည့်ခရီးသွားများနဲ့ နိုင်ငံသားအဖြစ် ခံယူထားသူများအတွက် ဝန်ဆောင်မှုများစွာကို ဆောင်ရွက်ပေးလျှက်ရှိပါတယ်။ အကယ်၍များ လူကြီးမင်းဟာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ဆေးရုံတစ်ခုက လက်မှတ်ရဆရာဝန်များအဖွဲ့နဲ့တူ အရည်အသွေးမြင့် ကျန်းမာရေး စောင့်ရှောက်မှုတစ်ခုကို ရှာဖွေနေတယ်ဆိုရင်ဖြင့် ကျွန်တော်တို့ရဲ့ထိုင်းနိုင်ငံ အရှေ့ပိုင်း ဆေးရုံကြီးမှာ လာရောက် အနားယူလိုက်စေချင်ပါတယ်။ ကျွန်တော်တို့ဆေးရုံ နေရာဟာဆိုရင် Suvarnabhumi လေယဉ်ကွင်း အနီးနားမှာပဲ ဖြစ်တဲ့အတွက် အလွယ်တကူ လာရောက်နိုင်ပါတယ်။

 

Samitivej SrirachaဟာBangkokမြို့ရဲ့ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ခုတင် ၁၅၀ ဆန့် ဆေးရုံကြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ဆေးရုံဖြစ်လို့ ဆေးရုံရဲ့ စောင့်ရှောက်မှု အရည်အသွေးနဲ့ နွေးထွေးပျူငှာမှုဟာဆိုရင် ဒေသတွင်းမှာတော့ဂုဏ်သတင်းမွှေးပျံ့ခဲ့ပြီး ဖြစ်ပါတယ်။

 

ssh

ထိုင်းနိုင်ငံရဲ့ အဓိက စက်မှုဇုန်တစ်ခုအတွင်းမှာ တည်ရှိပြီး ပျားပန်းခပ်မျှ စည်ကားလှတဲ့ Laem Chabang ဆိပ်ကမ်းအနီးမှာ မဟာဗျူဟာကျစွာဖြင့် တည်ရှိနေတဲ့Samitivej Sriracha ဟာ အရှေ့ဘက် ကမ်းရိုးတန်းတစ်လျှောက်က ကော်ပိုရေးရှင်းတွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် အဓိက ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးရုံတစ်ရုံပဲ ဖြစ်ပါတယ်။Srirachaအနေနဲ့ Pattayaနဲ့ Hua Hinတို့လို အပန်းဖြေမြို့တွေနဲ့ ထိစပ်နေတဲ့ အချက်ဟာလည်း အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို ရှာဖွေနေတဲ့ ကမ္ဘာလှည့်ခရီးသွားများစွာကို ဆွဲဆောင်လျှက်ရှိပါတယ်။

 

ပစ္စည်းကိရိယာအစုံအလင် တပ်ဆင်ထားတဲ့ အထူးကြပ်မတ်ကုသခန်း (၁၅) ခန်းနဲ့ ခွဲစိတ်ခန်း (၆) ခန်းတို့ ပါဝင်ပြီး အလုပ်ထဲမှာပဲ နှစ်မြှုတ်ထားကြတဲ့ အထူးကုတွေအပြင် ပြုစုစောင့်ရှောက်သူတွေနဲ့ ဖြည့်စွက်ထားတဲ့ ဒီဆေးရုံကြီးဟာ ဒေသခံအသိုင်းအဝိုင်းတွေအကြားမှာ ဦးစားပေး ရွေးချယ်ခံရတဲ့ ဆေးရုံတစ်ရုံဖြစ်ပြီး ဒေသခံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ထားပြီး ဖြစ်ပါတယ်။ Samitivej Sriracha အနေနဲ့ မိမိတို့ဟာ ဒေသခံတွေနဲ့ တစ်သားတည်းဖြစ်နေတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲမှတ်ယူထားပြီး ပတ်ဝန်းကျင်က လူထုနဲ့ ကျွန်တော်တို့ရဲ့နိုင်ငံတကာမှ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ကျန်းမာရေးအတွက် ကလေးအထူးကုဆေးခန်း၊ သွားဘက်ဆိုင်ရာ ဝန်ဆောင်မှုများနဲ့ ကိုယ်လက်လှုပ်ရှားမှုဌာနတို့ကဲ့သို့ ဌာနများနဲ့ ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။

 

Samitivej ကွန်ရက်ရဲ့ မိသားစုဝင်အနေနဲ့ Samitivej Sriracha မှာလည်း ကျယ်ပြန့်လှတဲ့ နည်းပညာတွေနဲ့ Samitivej Sukhumvit နဲ့ Srinakarin တို့မှ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုမျိုးစုံကနေ အကြံပြုချက်တွေ ရယူနိုင်ပါတယ်။ ဒီကွန်ရက်အတွင်မှာ ပူးပေါင်းဆောင်ရွက်မှု ပိုကောင်းလာပြီး Sriracha မှ လူနာတွေအတွက် စဉ်ဆက်မပြတ်သော  စောင့်ရှောက်မှု ရလာစေမှာ ဖြစ်ပါတယ်။

 

ဆေးရုံကြီးဟာ လူကြီးမင်းတို့အတွက် အရည်အသွေးမြင့် စောင့်ရှောက်မှုနဲ့ အဆင့်မြင့်နည်းပညာသုံး ဆေးဝါးပစ္စည်း ကိရိယာများ ဆောင်ကြဉ်းပေးနိုင်ဖို့ကိုလည်း ရည်မှန်းဆောင်ရွက်လျှက်ရှိပါတယ်။ ၂၀၀၆ ခုနှစ်က ထပ်တိုးထားတဲ့ သံလိုက်ဓါတ်မှန်စက် (MRI) အပြင် လူကြီးမင်းတို့အတွက် အဆင့်အတန်းမြင့် အရည်အသွေးနဲ့ ဘက်ပေါင်းစုံမှာ အကောင်းဆုံးတွေ ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမြင်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့အတွက် အဆောက်အဦ ကိရိယာများနဲ့ ဝန်ဆောင်မှုတွေကို Samitivej Sriracha မှ ဆက်လက် တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

News & Events

Samitivej မှာ Look@MyBaby®
Samitivej Srinakarin ဆေးရုံကြီးတွင် Look@MyBaby® ဟူသည့် တန်ဖ..