Share the message

ဆစ်မီတဝေ့ ဆရီနာကရင်

Suvarnabhumi လေဆိပ်အနီးမှ ထူးခြားကောင်းမွန်သော ကျန်းမာရေး စောင့်ရှောက်မှု

 

 

Samitivej Srinakarin ဆေးရုံကြီးဟာBangkokမြို့မှာရှိတဲ့ ထိုင်းလူမျိုးတွေအပြင် လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေနဲ့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ ကျန်းမာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတာဟာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပါပြီ။ ဒီဆေးရုံကြီးဟာဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ ထိပ်တန်းကျန်းမာရေးစောင့်ရှောက်တဲ့ လုပ်ငန်းတစ်ခုအဖြစ် ကမ္ဘာတစ်ဝှမ်းလုံးက အသိအမှတ်ပြုထားကြပြီး ဆုတံဆိပ်ပေါင်းများစွာ ရရှိထားတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။ ဒီဆုတွေအနက်က ပထမဆုံးကတော့ ဆေးဝါးအဖွဲ့အစည်းတွေမှာ ရရှိနိုင်တဲ့ဆုတွေအနက်က အမြင့်ဆုံးအပြည်ပြည်ဆိုင်ရာ ချီးကျူးဂုဏ်ပြုမှုတစ်ခုဖြစ်တဲ့ အမေရိကန် JCI ကပေးတဲ့ Samitivej ရဲ့ အသိအမှတ်ပြုစာလွှာဖြစ်ပါတယ်။ အဲဒီအပြင် ဒီဆေးရုံကြီးဟာ ၂၀၀၁ ခုနှစ်မှာ ISO 9002 လက်မှတ်ရထားပြီး ၂၀၀၃ ခုနှစ်မှာလည်းဆေးရုံအရည်အသွေး တိုးတက်မှု အသိအမှတ်ပြုရေး အဖွဲ့ကြီးက ပေးအပ်တဲ့ ဆေးရုံ အသိအမှတ်ပြုလက်မှတ် (HA) ကိုလည်း ရရှိထားပါတယ်။

 

Medical History

Bangkok နဲ့ Pattayaကို ချိတ်ဆက်ထားတဲ့ အမြန်လမ်းမကြီးအနားမှာ တည်ရှိတဲ့ ခုတင် (၄၀၀) ဆံ့ ဆေးရုံကြီးဟာဆိုရင် Suvarnabhumi လေဆိပ်မှ လွယ်ကူစွာ လာရောက်နိုင်ပါတယ်။ (၇) ဟတ်တာနီးနီး ကျယ်ဝန်းပြီး လှပစွာတဲ့ ပန်းဥယျာဉ်တွေနဲ့ ရေကန်ငယ်လေးတွေ အပြည့်ဝန်းရံထားတဲ့အတွက် လူနာတွေအနေနဲ့ အမြန်ဆုံးပြန်လည်ကျန်းမာလာဖို့ အထောက်အကူဖြစ်စေတဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

 

ဒီဆေးရုံကြီးမှာသံလိုက်ဓါတ်မှန်စက် (MRI)၊ မျိုးဆက်သစ်ကွန်ပျူတာ ဓါတ်မှန်စက် (Spiral-CT) နဲ့ ကင်ဆာရောဂါကုသမှုအတွက် အဏုမြူ ဓါတ်ရောင်ခြည်စက် (LINAC) တို့အပါအဝင် နောက်ဆုံးပေါ် ခေတ်မီ ပစ္စည်းကိရိယာတွေ တပ်ဆင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ အရေးပေါ်ခန်းကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ပြည့်စုံစွာတပ်ဆင်ထားပြီး ၂၄ နာရီပတ်လုံး ဖွင့်လှစ်ကုသပေးလျှက်ရှိပါတယ်။ ဆေးရုံကြီးမှာ အထူးပိုးသတ် ပစ္စည်းကိရိယာတွေ ထားရှိတဲ့အပြင် ကူးစက်ရောဂါများ မပြန့်နှံ့ရအောင် ကာကွယ်ဖို့အတွက် လေဖိအားပေး အခန်းတွေလည်း ရှိပါတယ်။ ဆေးဝါးကုသမှုဆိုင်ရာ နည်းပညာနယ်ပယ်ဟာ လျှင်မြန်စွာပြောင်းလဲတိုးတက်နေတဲ့ နယ်ပယ်တစ်ခုဖြစ်တယ်ဆိုတာ ကောင်းစွာသိထားပြီး ကျွန်တော်တို့ရဲ့ လူနာတွေကို အဆင့်အမြင့်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အတွက် ကျွန်တော်တို့ရဲ့ ပစ္စည်းကိရိယာ၊ အဆောက်အဦတွေကို စဉ်ဆက်မပြတ် ပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်လျှက်ရှိပါတယ်။

 

Samitivej Srinakarin ဆေးရုံကြီးရဲ့ အကြီးမားဆုံး အားသာချက်ကတော့ အလုပ်ကို နှစ်မြှုတ်ပြီး လုပ်ကိုင်တတ်ကြတဲ့ အဆင့်မြင့် လေ့ကျင့်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အထူးကုသမားတော်များနဲ့ သူနာပြုများအဖွဲ့ဟာ နှစ်ပေါင်းများစွာသော လက်တွေ့အတွေ့အကြုံတွေနဲ့ ပြုစုကုသပေးမှာပဲ ဖြစ်ပါတယ်။ အများစုဟာ ထိုင်းနိုင်ငံတွင်းမှာ လေ့ကျင့်သင်ကြားထားတဲ့အပြင် နိုင်ငံရပ်ခြားမှာ ပညာသင်ကြားထားသူ၊ အလုပ်လုပ်ခဲ့သူများပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လူနာတွေကို အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ စဉ်ဆက်မပြတ်ပေးဖို့အတွက်အာမခံထားကြသူတွေ ဖြစ်ပါတယ်။


 

ကျန်းမာရေးဆောင်းပါးများ

ကလေးငယ်များတွင် အစာအိမ်နှင့်အူလမ်းကြောင်းအောက်ပိုင်း သွေးထွက်ခြင်း - ဘာလုပ်သင့်လဲ။
အစာအိမ်နှင့် အူလမ်းကြောင်းအောက်ပိုင်း သွေးထွက်ခြင်း ဆိုသည်မှာ အူလမ်းကြောင်းအောက်ပိုင်းတစ်လျှောက် မည်သည့်နေရာတွင်မဆို သွေးယိုစိမ့်ထွက်ခြင်းကို ဆိုလိုပါသည်။
အဝလွန်နေတဲ့ကလေး သွေးတိုးရောဂါဖြစ်နိုင်သလား
ကလေးတွေမှာ သွေးပေါင်ချိန်တွေ မြင့်နေတာဟာ အလွန်စိုးရိမ်ဖွယ်ရာကောင်းတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အခုတလော အဝလွန်တဲ့ကလေးတွေ သိသိသာသာ များလာတာနဲ့အမျှ ကလေးတွေကြားမှာ သွေးတိုးရောဂါ ဖြစ်လာတာတွေလည်း အများကြီးတွေ့လာရပါတယ်။