Share the message

နှစ်စဉ်ကျန်းမာရေး စစ်ဆေးခြင်း

Valid: စက်တင်ဘာ 25, 2020 - စက်တင်ဘာ 25, 2020
ကျေးဇူးပြု၍ သင်နဲ့အဆင်ပြေဆုံးဖြစ်မယ့် ဆေးရုံ ပရိဝုဏ် ကိုရွေးချယ်ပါ။

ဆစ်မီတဝေ့ ဆူခွန်ဗစ် | ဆစ်မီတဝေ့ ဆရီနာခရင်

wellness-checkup

ကျန်းမာတဲ့ လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ဆေးရုံသို့နှစ်စဉ်ကျန်းမာရေး စစ်ဆေးဖို့လာရောက်ခြင်းဟာ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ ဘန်ကောက်ဆစ်မီတဝေ့ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခြင်းကိုပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး လူနာ၏ကျန်းမာရေးကို ခြုံငုံသုံးသပ်ပြီး ကျွန်တော်တို့၏ ဆရာဝန်များက လူနာနဲ့သင့်တော်တဲ့ လူနေမှုပုံစံစတဲ့ ပြောင်းလဲမှုများကို အကြံပြုရန် ခွင့်ပြုထားပေးပါတယ်။ ဒီလိုစစ်ဆေးမှုပြုခြင်းအားဖြင့် နောင်အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဖြစ်နိုင်ခြေများကို တားဆီးကာကွယ်နိုင်ရန်လည်း အထောက်အကူဖြစ်စေပါတယ်။ ကျွန်တော်တို့ဆရာဝန်များ လူနာရဲ့ကျန်းမာရေးပြဿနာကို ခွဲခွဲခြားခြားသိမြင်လေလေ၊ လူနာနဲ့အသင့်တော်ဆုံး နဲ့အထိရောက်ဆုံး ကုသမှုများကို ပေးနိုင်လေလေဖြစ်ပါတယ်။ ဒါကြောင့် ဘန်ကောက်ဆစ်မီတဝေ့ဆေးရုံမှာဆိုရင် ကျွန်တော်တို့လူနာများအားလုံးကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရန် အကြံပြုလျက်ရှိနေပါတယ်။

ဘယ်လို ကျန်းမာရေးစစ်ဆေးမှုများကို ရရှိနိုင်ပါသလဲ။

ကျွန်တော်တို့ဆစ်မီတဝေ့ဆေးရုံမှာ ဆိုရင် ပြည့်စုံတိကျတဲ့ သီးခြားသတ်မှတ်စစ်ဆေးမှုများ နဲ့ကျန်းမာရေးစစ်ဆေးခြင်းများ ကို လူနာများအတွက် ဝန်ဆောင်မှုပေးလျက်ရှိနေပါတယ်။ ဒါ့အပြင် ဂေါက်ရောဂါ၊ အရိုးပွရောဂါ၊ သွေးတိုးရောဂါ၊ ဆီးအိမ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းရောင်ခြင်း ၊ အဆုတ်ပိုးဝင်ခြင်း နှင့် အခြားသော ရောဂါများကိုလည်း ကျွန်တော်တို့ ဆေးရုံက စီမံခန့်ခွဲ၍ စစ်ဆေးမှုများပြုပေးပါတယ်။

ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း

ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း ကတော့ ပဏာမလုပ်ဆောင်ရမယ့် ကျန်းမာရေးစစ်ဆေးမှုတစ်ခုဖြစ်ပါတယ်။ သမားတော်များက ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုအဆင့်အတန်း နဲ့ကျန်းမာရေးစောင့်ရှောက်မှုများအားလုံးအတွက် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်များကို ပေးလျက်ရှိပါတယ်။

ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေအား စမ်းသပ်စစ်ဆေးခြင်း

ဤစစ်ဆေးမှုများသည် ကျောက်ကပ်ချို့ယွင်းမှုလက္ခဏာများ စစ်ဆေးရန် အတွက်ပါဝင်ပါတယ်။

  • BUN – သွေးယူရီးယားနိုက်ထရိုဂျင်ပမာဏကိုတိုင်းတာခြင်း
  • Creatinine test – ကျောက်ကပ်လုပ်ဆောင်မှုပမာဏကို တိုင်းတာခြင်း

အသည်းရောဂါဖြစ်နိုင်ခြေအားစမ်းသပ်စစ်ဆေးခြင်း

ဤစစ်ဆေးမှုများသည် အသည်းရောင်ခြင်းကိုတိုင်းတာနိုင်သည့် အသည်းအင်ဇိုင်းများ ပုံမမှန်ခြင်းကို စစ်ဆေးခြင်း နှင့် အသည်းခြောက်ခြင်းများကို စစ်ဆေးရန်အတွက် ပါဝင်ပါတယ်။

  • ALP – alkaline phosphatase ပမာဏကို စစ်ဆေးခြင်း
  • AST – aspartate aminotransferase ပမာဏကို စစ်ဆေးခြင်း
  • ALT – alanine aminotransferase ပမာဏကို စစ်ဆေးခြင်း
  • Direct bilirubin – အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း နဲ့ သည်းခြေရည်လုပ်ဆောင်ချက် ပမာဏကို စစ်ဆေးခြင်း
  • Total bilirubin – အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း နဲ့ သည်းခြေရည်လုပ်ဆောင်ချက် ပမာဏကို စစ်ဆေးခြင်း
  • Total protein – သွေးထဲမှာရှိတဲ့ ပရိုတင်းဓါတ် ပမာဏကို စစ်ဆေးခြင်း

နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေအား စမ်းသပ်စစ်ဆေးခြင်း

ဤစစ်ဆေးမှုများမှာ သွေးကြောပိတ်ဆို့ခြင်းနဲ့နှလုံးကြွက်သားများပျက်ဆီးစေနိုင်ခြင်း စစ်ဆေးမှုများပါဝင်ပါတယ်။

  • ABI – ခြေထောက်နှင့်လက်သွေးဖိအား ကို တိုင်းတာခြင်း
  • EKG – electrocardiogram စစ်ဆေးမှု နှလုံး၏ လျှပ်စစ်လှုပ်ရှားမှု ကိုတိုင်းတာခြင်း
  • EST – ပြေးစက်ဖြင့် ပြေးပြီး နှလုံးလှုပ်ရှားလုပ်ဆောင်ချက်များ စမ်းသပ်စစ်ဆေးခြင်း
  • HDL cholesterol – ကောင်းတဲ့ ကိုလက်စရောကို တိုင်းတာခြင်း
  • LDL cholesterol – မကောင်းတဲ့ ကိုလက်စရောကို တိုင်းတာခြင်း
  • Total cholesterol – ကိုလက်စရော ပမာဏကို တိုင်းတာခြင်း
  • Triglyceride – သွေးတွင်းအဆီဓါတ်များကိုတိုင်းတာခြင်း

ကင်ဆာ ဖြစ်နိုင်ခြေ ရှိမရှိ စမ်းသပ်စစ်ဆေးခြင်း

ဤစစ်ဆေးမှုများမှာ ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မီးယပ်ကင်ဆာ၊ အူမကြီးကင်ဆာ နဲ့အစာအိမ်ကင်ဆာတို့ကိုဆောလျင်စွာ ရှာဖွေတွေ့ရှိနိုင်မှုကို အထောက်အကူပြုပါတယ်။

  • AFP – sအသည်းကင်ဆာစစ်ဆေးခြင်း
  • CEA – အူမကြီးကင်ဆာစစ်ဆေးခြင်း
  • PSA – ဆီးကျိတ်ကင်ဆာ စစ်ဆေးခြင်း
  • Pap smear – သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း
  • Digital mammogram – ရင်သားကင်ဆာ စစ်ဆေးခြင်း
  • Upper and lower abdominal ultrasound – အစာအိမ်၊ ပန်ကရိယ နှင့် အခြားသော ကင်ဆာများရဲ့ သွင်ပြင်များ ကို စမ်ဆေးခြင်း

သိုင်းရွိုက်လုပ်ဆောင်ချက်များကို စမ်းသပ်စစ်ဆေးခြင်းများ

  • TSH – သိုင်းရွိုက်ဟော်မုန်းလှုံ့ဆော်ပေးတဲ့ ဟော်မုန်းကို စစ်ဆေးခြင်း
  • Free T3 – သွေးကြောထဲရှိ သိုင်းရွိုက်ဟော်မုန်း ကို စစ်ဆေးခြင်း
  • Free T4 – သွေးကြောထဲရှိ သိုင်းရွိုက်ဟော်မုန်း ကို စစ်ဆေးခြင်း/li>

ကျန်းမာရေးစစ်ဆေးခြင်းအတွက် ပြင်ဆင်ချက်များ

  • သွေးစစ်ဆေးမှုပြုရန်အတွက် ၈ – ၁၂ နာရီ ကြိုတင် ၍ အစားအသာက် မပြုပါနှင့်။
  • ကြိုတင်ရက်ချိန်းထက် ၁၀ မိနစ်စောလာပါ။
  • ယခင်က ကျန်းမာရေးဆေးစစ်ချက်အဖြေများကို တစ်ပါတည်းယူဆောင်လာပါ။

ကျေးဇူးပြု၍ သင်နဲ့အဆင်ပြေဆုံးဖြစ်မယ့် ဆေးရုံ ပရိဝုဏ် ကိုရွေးချယ်ပါ။

ဆစ်မီတဝေ့ ဆူခွန်ဗစ် | ဆစ်မီတဝေ့ ဆရီနာခရင်

More from this section