ဘာသာစကားနှင့် စကားပြန်များ

 

Samitivej အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးမှာ လာရောက်ကုသကြတဲ့ လူနာအများစုဟာ  နိုင်ငံခြားတိုင်းပြည်တွေကနေ လာရောက်ကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက လာရောက်ကုသတဲ့ လူနာတွေအနေနဲ့ သူတို့ရဲ့ ဆရာဝန်များနဲ့ ထိထိရောက်ရောက် ဆက်ဆံပြောဆိုနိုင်ဖို့ဆိုတာ အလွန်ပဲ အရေးကြီးပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ ဘာသာစကားများစွာကို တတ်ကျွမ်းတဲ့ ဆေးရုံတွင်း စကားပြန်ဝန်ထမ်းအင်အား အမြောက်အများ ရှိနေပါတယ်။ အင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ မြန်မာဘာသာစကား၊ ဂျပန်ဘာသာစကားနဲ့ အာရဗီဘာသာစကားတို့ကို ပြောဆိုတဲ့ လူနာတွေအတွက် ပုံမှန်ရုံးချိန် (နေ့စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီ) အတွင်း စကားပြန်တွေက ဝမ်းမြောက်ဝမ်းသာစွာနဲ့ အခမဲ့ပံ့ပိုးကူညီပေးလျှက် ရှိပါတယ်။

 

ရုံးချိန်ပြင်ပအတွက် စကားပြန်လိုအပ်တယ်ဆိုရင်လည်း ကျွန်တော်တို့က ဝမ်းပန်းတသာ စီစဉ်ပေးမှာဖြစ်ပေမယ့် ဒီအတွက်တော့ လူနာရှင်အနေနဲ့ ထပ်ဆောင်းကုန်ကျစရိတ် ကျသင့်သွားမှာ ဖြစ်ပါတယ်။ ဆေးရုံမှ ရုရှားဘာသာ ဒါမှမဟုတ် တရုတ်ဘာသာ အစရှိတဲ့ အခြားဘာသာစကားတို့အတွက်လည်း စကားပြန်များ ပံ့ပိုးပေးနိုင်ပါတယ်။ ဒီအတွက် ကုန်ကျစရိတ်ကိုတော့ လူနာကပဲ ကျခံရမှာဖြစ်ပါတယ်။ တကယ်လို့ လူကြီးမင်းလာရောက် ကုသစဉ်ကာလမှာ စကားပြန်တွေနဲ့ ပတ်သက်ပြီး မေးမြန်းချင်တာများ ရှိခဲ့ရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို info@samitivej.co.th လိပ်စာကတဆင့် ဆက်သွယ်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

 

 

 

language