နေရာထိုင်ခင်းများ

 

ဆေးရုံမှာ တက်ရောက်ကုသဖို့ လိုအပ်တဲ့ နိုင်ငံတကာက အတွင်းလူနာတွေအတွက် ကျွန်တော်တို့မှာ ပြိုင်ဘက်ကင်းတဲ့ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်တဲ့ အခန်းတွေ စီစဉ်ထားရှိပါတယ်။ ရွေးချယ်စရာတွေကတော့ ခေတ်ပေါ် သာယာအဆင်ပြေမှုများနဲ့ သက်တောင့်သက်သာရှိလှတဲ့ Superior အခန်းတွေကနေ အခန်းတွဲများ၊ ရေပန်းများ၊ Flat TV များနဲ့ ခမ်းနာထည်ဝါလှတဲ့ Presidential Suite တွေအထိ စုံလင်လှပါတယ်။ Bangkok နဲ့ Samitivej နှစ်နေရာလုံးမှာ ကျွန်တော်တို့ရဲ့ အခန်းတွေအားလုံးကို လူကြီးမင်းတို့ အိမ်မှာနေထိုင်ရသလို ခံစားရစေဖို့ ဖွဲ့စည်းပုံဖေါ်ထားပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ရွေးချယ်စရာတွေအနက်က တစ်ချို့ကတော့ –

 

Presidential Suite

ဈေးနှုန်း -ထိုင်းဘတ် ၁၅၀၀၀ မှစ၍

ကျွန်တော်တို့ရဲ့ အခန်းတွေထဲက ဇိမ်ခံပစ္စည်းတွေနဲ့ အပြည့်စုံဆုံးအခန်းဖြစ်တဲ့ စတုရန်းမီတာ (၈၀) ကျယ်၀န်းတဲ့ ဒီအခန်းဟာ ပြန်လည်ကျန်းမာလာဖို့အတွက် ပြိုင်ဘက်ကင်းလောက်အောင်ကို ဇိမ်ကျတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါတယ်။ တစ်ဆက်တည်းရှိတဲ့ အခန်းတွေနဲ့ အိပ်ယာအပိုတွေကြောင့် နေရာတွေ အများကြီးရှိပြီး ဧည့်သည်တွေအတွက်လည်း သက်တောင့်သက်သာရှိစေမှာပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ဖန်သားပြင်နဲ့ ရုပ်မြင်သံကြားစက်နှစ်လုံး၊ ရေချိုးခန်းနှစ်ခု၊ တယ်လီဖုန်းနှစ်လုံးအပြင် အခြားသော အသုံးအဆောင်တွေဟာ လူနာအတွက်တော့ တက်ရောက်ကုသနေစဉ်အတွင်း ကျေနပ်စရာအကောင်းဆုံး ဖြစ်စေမှာပါပဲ။

 

President

ဈေးနှုန်း -ထိုင်းဘတ် ၉၀၀၀ မှစ၍

ကျယ်ပြန့်လှတဲ့ စတုရန်းမီတာ (၇၀) အရွယ်အစားရှိတဲ့ President အခန်းကိုတော့အေးချမ်းပြီး ခန့်ညားတဲ့ အငွေ့အသက်ရရှိစေဖို့အတွက် ဂန္တဝင်ဆန်တဲ့ သစ်သားပရိဘောဂတွေနဲ့ အားဖြည့်ပေးပါတယ်။ တက်ရောက်ကုသနေချိန်အတွင်း ချစ်ခင်ရတဲ့သူတွေနဲ့ နီးနီကပ်ကပ်နေချင်တဲ့ မိသားစုဝင်တွေအတွက်တော့ ပင်မအခန်းနဲ့ ဆက်သွယ်ထားတဲ့ အခန်းတွေပါ၀င်တဲ့ ယခုအခန်းဟာအကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ဖန်သားပြင်နဲ့ ရုပ်မြင်သံကြားစက်နှစ်လုံး၊ ်ရေပန်းပါရှိတဲ့ ရေချိုးခန်းနှစ်ခန်း၊ ပရိဘောဂတွေနဲ့ ကျယ်ဝန်းလှတဲ့ လသာဆောင်၊ အိပ်ယာအပိုတစ်လုံးအပါအဝင် အပိုဆောင်း မွမ်းမံထားမှုတွေနဲ့ အားလုံးသော အခြေအခံအသုံးအဆောင်တွေဟာ ထူးခြားတဲ့ အတွေ့အကြုံကိုပေးနိုင်ပါလိမ့်မယ်။

 

VIP

ဈေးနှုန်း -ထိုင်းဘတ် ၆၅၀၀ မှစ၍

 

VIP အခန်းတွေရဲ့ အကျယ်အဝန်းဟာ နေရာအပေါ်လိုက်ပြီး (၇၄) စတုရန်းမီတာကနေ ဧရာမအရွယ် (၈၄) စတုရန်းမီတာအထိ အကျယ်အဝန်း အမျိုးမျိုးရှိနိုင်ပြီး ကျေနပ်နှစ်လိုဖွယ်ဖြင့် ပြန်လည်ကျန်းမာလာဖို့ရာ နေရာတစ်ခုကို ဖန်တီးပေးပါတယ်။ သီးသန့်အခန်းတွေဟာ အလည်လာတဲ့ မိသားစုနဲ့ ဆွေမျိုးတွေအတွက်တော့ မိမိအိမ်အလား ခံစားရစေဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ နွေးထွေးလှတဲ့ ပတ်ဝန်းကျင်လေးမှာ ဧည့်သည်ရေချိုးခန်းအပြင် ဖန်သားပြင်ကြီးမားတဲ့ ရုပ်မြင်သံကြားစက်နှစ်လုံးနဲ့ ဧည့်သည်များ သက်တောင့်သက်သာ အိပ်စက်အနားယူဖို့အတွက် အိပ်ယာအပိုတစ်လုံးကိုပါ တပါတည်း ထပ်ဆောင်းထည့်ပေးထားပါတယ်။

 

Deluxe

ဈေးနှုန်း -ထိုင်းဘတ် ၅၀၀၀ မှစ၍

Deluxe အခန်းမှာတော့Superior အခန်းမှာပါ၀င်တဲ့ ပုံမှန်အသုံးအဆောင်တွေ အားလုံးပါဝင်ပြီး နေရာပိုမိုကျယ်ဝန်းကာ စဉ်းစဉ်းစားစား ထည့်ထားပေးတဲ့ အပိုလေးဆောင်းလေးတွေလည်း ထပ်ပြီးတော့ ရှိနေပါသေးတယ်။ ဟင်းလင်းပြင်ထား ပရိဘောဂတွေနဲ့ လသာဆောင်ကတော့ အနားယူဖို့အတွက် သက်တောင့်သက်သာရှိလှတဲ့ နေရာတစ်ခုကို ဖန်တီးပေးပြီး လူနာများပိုမိုအဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် ရုပ်မြင်သံကြားစက်၊ အခမဲ့အဖျော်ယမကာနဲ့ နိုင်ငံတကာသတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းတွေကိုပါ ထည့်ပေးထားပါတယ်။ Deluxe အခန်းတွေရဲ့ အကျယ်အဝန်းကတော့ နေရာအပေါ်မူတည်လို့ (၄၅) စတုရန်းမီတာမှ (၅၄) စတုရန်းမီတာအထိ ရှိပါတယ်။

 

Superior

ဈေးနှုန်း -ထိုင်းဘတ် ၄၀၀၀ မှစ၍

ကျွန်တော်တို့ရဲ့ Superior အခန်းတွေမှာတော့ မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင်တွေအားလုံး ပါ၀င်ပါတယ် ဆိုတာထက် အနည်းငယ်တောင် ပိုနေပါသေးတယ်။ ဒီအခန်းတွေရဲ့ အကျယ်အဝန်းကတော့ နေရာအပေါ်မူတည်ပြီး (၃၇) စတုရန်းမီတာကနေ (၄၂) စတုရန်းမီတာအထိ ကျယ်၀န်းပြီး ရုပ်မြင်သံကြားစက်၊ သက်တောင့်သက်သာရှိစေမဲ့ ပရိဘောဂတွေအပြင် နေ့စဉ်အဖျော်ယမကာနဲ့ နိုင်ငံတကာသတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းတစ်စောင် စတာတွေကို ထားရှိပေးထားပါတယ်။

 

I.C.U.

ဈေးနှုန်း -ထိုင်းဘတ် ၆၀၀၀ မှစ၍

အထူးကြပ်မတ်ကုသခန်းတွေဟာ ရောဂါပြင်းထန်တဲ့လူနာတွေ ဒါမှမဟုတ် အရေးပေါ်အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် သီးသန့်ထားရှိပေးထားတဲ့ သီးသန့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီအခန်းတွေဟာ အထူးပြုစုစောင့်ရှောက်ကုသမှု လိုအပ်နေတဲ့ လူနာတွေကို ထားရှိဖို့ရာအတွက် နောက်ဆုံးပေါ် ဆေးပညာဆိုင်ရာ နည်းပညာပစ္စည်းတွေကို အထူးတလည် တပ်ဆင်ထားပါတယ်။

အစားအသောက်နဲ့ သူနာပြုဆိုင်ရာ ရွေးချယ်စရာများ အပါအဝင် အခန်းတွေရဲ့ ဈေးနှုန်းစာရင်း အပြည့်အစုံကို သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဌာန (Customer Service) ကို info@samitivej.co.th လိပ်စာနဲ့ ကျေးဇူးပြုပြီး ဆက်သွယ်စေလိုပါတယ်။