ဘဏ္ဍာရေးနှင့် အခြားငွေတောင်းခံလွှာ ကိစ္စရပ်များ

 

Samitivej ဆေးရုံကြီးမှာတော့ ငွေပေးချေမှုဟာ ရိုးရှင်းပြီး လွယ်ကူပါတယ်။ ပြင်ပလူနာများအတွက်ဆိုလျှင် သူနာပြုတစ်ယောက်က လူကြီးမင်းကို ပြင်ပလူနာ ငွေသွင်းကောင်တာသို့ ခေါ်ဆောင်ပေးသွားပါလိမ့်မယ်။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ အာမခံအချက်အလက်ကို ငွေကိုင်ဆီသို့ ပြဖြစ်အောင် ပြသပေးစေလိုပါတယ်။ လူကြီးမင်း ငွေပေးချေပြီးသွားတာနဲ့ တစ်ပြိုင်နက်တည်း ဆေးစာအတိုင်းဆေးလက်ခံဖို့ရာ လူကြီးမင်းကို ဆေးကောင်တာသို့ လမ်းညွှန်ပေးမှာပဲ ဖြစ်ပါတယ်။ကျေးဇူးပြုပြီး ငွေလက်ခံဖြတ်ပိုင်းကို လူကြီးမင်းနဲ့အတူ ယူဆောင်လာခဲ့ဖို့ မမေ့စေလိုပါ။

 

အတွင်းလူနာတွေအတွက် ဆိုလျှင်တော့ ဆောင်ရွက်စရာရှိတာတွေ အားလုံးကို လူကြီးမင်းဆီကို လာရောက်ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။ ငွေကိုင်က ငွေပေးချေဖို့အတွက် လူကြီးမင်းရဲ့ အခန်းကို လာရောက်ပေးမှာဖြစ်ပြီး ငွေပေးချေပြီးတဲ့နောက်မှာလည်း ဆေးဝါးတွေအားလုံးကို လူကြီးမင်းရဲ့ အခန်းထဲသို့ အရောက်ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ အကယ်၍များ မိသားစုဝင်တစ်ဦးက ဒါမှမဟုတ် အခြားကြားခံအဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တစ်ဦးက လူကြီးမင်းရဲ့ အခန်းပြင်ပမှာပဲ ငွေပေးချေမှုကို ဆောင်ရွက်လိုပါတယ်ဆိုရင်တော့ Samitivej Sukhumvit ဆေးရုံကြီးရဲ့ ဒုတိယထပ်မှာရှိတဲ့ အတွင်းလူနာငွေသွင်းကောင်တာသို့ သွားရောက်နိုင်ပါတယ်။

 

financial