ဆေးမှတ်တမ်းများနှင့် အစီရင်ခံစာများ

Samitivej မှ လူနာအားလုံးရဲ့ အလုံးစုံသော ဆေးမှတ်တမ်းအပြည့်အစုံ မိတ္တူတစ်စုံကို ပေးအပ်လိုက်မှာပဲ ဖြစ်ပါတယ်။

 

ဆေးမှတ်တမ်းဟောင်းများကို တောင်းခံသော လူနာများ

လူကြီးမင်းရဲ့ ဆေးမှတ်တမ်းကို အချက်အလက်အားလုံး ပါဝင်ပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့အတွက် အလုပ်ဖွင့်ရက်အတွင်း ခုနှစ်ရက်မှ ဆယ်ရက်အထိ ကြိုတင်တောင်းခံဖို့ မေတ္တာရပ်ခံအပ်ပါတယ်။လူကြီးမင်းရဲ့ ဆေးကုသမှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ဖို့ရာ လူကြီးမင်းအနေနဲ့ သဘောတူညီချက်ကို စာဖြင့် ပေးပို့ရမှာဖြစ်ပြီး၊ နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ဓါတ်ပုံပါ၀င်တဲ့ အခြားအထောက်အထားကဒ် တစ်မျိုးမျိုးလည်း ပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။

 

လက်ရှိ တက်ရောက်ကုသမှုအတွက် ဆေးမှတ်တမ်းများ တောင်းခံသော အတွင်းလူနာများ

ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အတွင်းလူနာတွေအတွက်တော့ လူကြီးမင်းရဲ့ဆေးကုသမှုနဲ့ ဆက်စပ်တဲ့ မှတ်တမ်းတွေအားလုံးကို ဆေးရုံဆင်းချိန်မှာ ရရှိနိုင်အောင် သေချာစွာ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်အားလုံးကို စုစည်းနိုင်ဖို့ရာ ကျွန်တော်တို့ကို အချိန်ပေးတဲ့အနေနဲ့ လူကြီးမင်းတို့က ဒီမှတ်တမ်းတွေကို ဆေးရုံစတင် တက်ရောက်စဉ်ကတည်းက ကြိုတင်တောင်းခံထားဖို့ကိုတော့ အထူးမေတ္တာရပ်ခံအပ်ပါတယ်။

 

ပုံရိပ်ဖေါ်စစ်ဆေးမှု မှတ်တမ်းများကို တောင်းခံသော လူနာများ

ဓါတ်မှန် ဒါမှမဟုတ် ရိုက်ထားခဲ့တဲ့ အခြား ပုံရိပ်ဖေါ်စစ်ဆေးမှုတွေကို အီလက်ထရောနစ်အချက်အလက် (Electronic file format) အနေနဲ့လည်း ကျွန်တော်တို့ ပေးနိုင်ပါတယ်။ နောက်နောင်များမှာ အသုံးပြုဖို့အတွက် ဓါတ်မှန်နဲ့ စတာတွေရဲ့ မိတ္တူတစ်စုံကို လိုချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကြိုတင်အသိပေးစေလိုပါတယ်။ ပုံရိပ်ဖေါ်စစ်ဆေးချက် မှတ်တမ်းတွေကို စီဒီအခွေနဲ့ ပေးတာဖြစ်ပြီး လူကိုယ်တိုင်ဖြစ်စေ စာတိုက်ကတဆင့်ဖြစ်စေ ထုတ်ယူနိုင်ပါတယ်။ ပုံရိပ်ဖေါ်စစ်ဆေးချက် မှတ်တမ်းတွေကို အီးမေးနဲ့တော့ ပို့ပေးလို့မရပါဘူး။

 

ဆေးမှတ်တမ်းတွေရဲ့ မိတ္တူ ဒါမှမဟုတ် စကင်ဖတ်ထားတာကို လူကြီးမင်းရဲ့ မိခင်နိုင်ငံကို မေးလ်ပြန်ပို့ပေးစေလိုတယ်ဆိုရင် ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ အီးမေးဆက်သွယ်မှုအဖွဲ့ကို လူကြီးမင်းရဲ့ စုံစမ်းမေးမြန်းမှုနှင့်တကွ svhrefer@samitivej.co.th အီးမေးလိပ်စာကနေ ဆက်သွယ်ပေးစေလိုပါတယ်။