ဆေးကောင်တာဆိုင်ရာ အချက်အလက်များနှင့် ဆေးဝါးများ

 

လူကြီးမင်းအနေနဲ့ သမားတော်နဲ့ ပြသပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဆေးဝါးတွေကို လွယ်ကူစွာ ထုတ်ယူနိုင်ဖို့ရာ Samitivej မှ စီစဉ်ပေးထားပါတယ်။ လူကြီးမင်းရဲ့ ဆရာဝန်နဲ့ တွေ့ပြီးတာနဲ့ တစ်ပြိုင်နက် လူကြီးမင်းရဲ့ဆေးစာကို ဆေးရုံရဲ့ ကွန်ပျူတာစနစ်ထဲသို့ ထည့်သွင်းပေးမှာပဲ ဖြစ်ပါတယ်။ ပြင်ပလူနာတွေကတော့ သူတို့ပြသတဲ့ ဆရာဝန်ရဲ့ရုံးခန်းနဲ့ အနီးဆုံးငွေသွင်းကောင်တာမှာ ငွေပေးချေရပြီး လူကြီးမင်းတို့ရဲ့ ဆေးစာမှာ ပါ၀င်တဲ့ဆေးဝါးတွေကို ထုတ်ယူဖို့ အနီးဆုံးဆေးကောင်တာသို့ သွားလိုက်ရုံပဲ ဖြစ်ပါတယ်။ တစ်ရက်တည်းမှာ ဆရာဝန်များစွာနဲ့ ပြသရတဲ့ လူနာတွေကတော့ နောက်ဆုံးပြသတဲ့ ဆရာဝန်နဲ့ အနီးဆုံးက ဆေးကောင်တာမှာသာ သူတို့ရဲ့ဆေးတွေ သွားရောက်ထုတ်ယူသင့်ပါတယ်။

 

 

အတွင်းလူနာတွေအတွက် ပိုပြီးတော့ သက်တောင့်သက်သာရှိစေဖို့ရာ ငွေပေးချေမှုအပြင် ဆေးဝါးများပေးအပ်ခြင်းကိုပါ လူကြီးမင်းရဲ့ အခန်းထဲမှာ လာရောက်လုပ်ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။

အရေးပေါ်ခန်းမှာရှိတဲ့ ဆေးကောင်တာကတော့ ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

 

ဆေးဝါးများအားလုံးကို လူကြီးမင်း လာရောက်ကုသပြီး ဆေးရုံမှ မထွက်ခွာမီ ထုတ်ယူရမည်ဖြစ်ပါသည်။