ဆေးမှတ်တမ်းများနှင့် အခြားအချက်အလက်များ

 

လူကြီးမင်းအနေနဲ့ Samitivej ကနေ ပြန်လည်ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ အချိန်မှာ နောက်ဆုံးအနေနဲ့ ဆောင်ရွက်ရမည့် ကိစ္စလေးအနည်းငယ်တော့ ရှိပါတယ်။ ကျွန်တော်တို့ရဲ့ ဘဏ္ဍာရေးနှင့် ငွေတောင်းခံလွှာ စနစ်ဟာ ရိုးရှင်းပြီး ပွင့်လင်းမြင်သာမှု ရှိပါတယ်။ လူကြီးမင်း ကျွန်တော်တို့နဲ့ အတူရှိနေစဉ်အတွင်း ရိုက်ခဲ့တဲ့ ဓါတ်မှန်တွေအပါအဝင် လူကြီးမင်းရဲ့ ဆေးမှတ်တမ်းများနှင့် အစီရင်ခံစာများရဲ့ မိတ္တူတစ်စုံကို လက်ခံရရှိချင်တယ်ဆိုရင်လည်း ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ ထုတ်ပေးမှာဖြစ်ပါတယ်။

 

ကျွန်တော်တို့ ဆေးရုံအတွင်းမှာရှိတဲ့ ဆေးဆိုင်မှာပဲ လိုအပ်တဲ့ ဆေးဝါးအားလုံးကိုလည်း ချက်ချင်းထုတ်ယူ ရရှိနိုင်ပါတယ်။ လူကြီးမင်းအနေနဲ့ လူကြီးမင်းရဲ့ ဆရာဝန်သို့မဟုတ် ကျွန်တော်တို့နဲ့ အဆက်အသွယ်မပြတ် ဆက်လက် စောင့်ရှောက်မှုကို ခံယူလိုတယ် ဆိုရင်တော့ ကျွန်တော်တို့က အမြဲတမ်း ကူညီဖို့ အသင့်ပါပဲ။ ကျွန်တော်တို့နဲ့ အတူရှိနေစဉ်အတွင်းမှာ ကျေနပ်နှစ်သက်စဖွယ်ဖြစ်ပြီး မိခင်နိုင်ငံကို ပြန်ရောက်တဲ့အခါမှာလဲ အလျှင်အမြန်ပဲ ပြန်လည်ကျန်းမာလာဖို့ကို ကျွန်တော်တို့က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။