ဘဏ္ဍာရေးကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းခြင်း

 

Samitivej ဆေးရံကြီးမှာတော့ ငွေပေးချေမှုဟာ ရိုးရှင်းပြီး လွယ်ကူပါတယ်။ပြင်ပလူနာများအတွက်ဆို သူနာပြုတစ်ယောက်က လူကြီးမင်းကို ပြင်ပလူနာ ငွေသွင်းကောင်တာသို့ ခေါ်ဆောင်ပေးသွားပါလိမ့်မယ်။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ အာမခံအချက်အလက်ကို ငွေကိုင်ဆီသို့ ပြသပေးစေလိုပါတယ်။ လူကြီးမင်း ငွေပေးချေပြီးသွားတာနဲ့ တစ်ပြိုင်နက်တည်းဆေးစာအတိုင်း ဆေးလက်ခံဖို့ရာ လူကြီးမင်းကို ဆေးကောင်တာသို့ လမ်းညွှန်ပေးမှာပဲ ဖြစ်ပါတယ်။

 

အတွင်းလူနာတွေအတွက်ဆိုရင်တော့ ဆောင်ရွက်စရာရှိတာတွေအားလုံးကို လူကြီးမင်းဆီသို့ လာရောက်ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။ ငွေကိုင်က ငွေပေးချေဖို့အတွက် လူကြီးမင်းရဲ့ အခန်းကို လာရောက်ပေးမှာဖြစ်ပြီး ငွေပေးချေပြီးတဲ့နောက်မှာလည်း ဆေးဝါးတွေအားလုံးကို လူကြီးမင်းရဲ့ အခန်းထဲသို့ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။ အကယ်၍များ မိသားစုဝင်တစ်ဦးက ဒါမှမဟုတ် အခြားကြားခံအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးက လူကြီးမင်းရဲ့ အခန်းပြင်ပမှာပဲ ငွေပေးချေမှုကို ဆောင်ရွက်လိုပါတယ်ဆိုရင်တော့ Samitivej Sukhumvit ဆေးရုံကြီးရဲ့ ဒုတိယထပ်မှာရှိတဲ့ အတွင်းလူနာ ငွေသွင်းကောင်တာသို့ သွားရောက်နိုင်ပါတယ်။

 

Financial