လိုအပ်သော ဆေးဝါးများ စီစဉ်ပေးခြင်း

 

လူကြီးမင်းအနေဖြင် သင့်လျော်တဲ့ သမားတော်နဲ့ ပြသပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဆေးဝါးတွေကို လွယ်ကူစွာ ထုတ်ယူနိုင်ဖို့ရာ Samitivej မှ စီစဉ်ပေးထားပါတယ်။ လူကြီးမင်းရဲ့ ဆရာဝန်နဲ့ တွေ့ပြီးတာနဲ့ တစ်ပြိုင်နက် လူကြီးမင်းရဲ့ဆေးစာကို ဆေးရုံရဲ့ ကွန်ပျူတာစနစ်ထဲသို့ ထည့်သွင်းပေးမှာပဲ ဖြစ်ပါတယ်။ ပြင်ပလူနာတွေကတော့ ငွေသွင်းကောင်တာမှာ ငွေပေးချေပြီး လူကြီးမင်းတို့ရဲ့ ဆေးစာပါဆေးဝါးတွေကို ထုတ်ယူဖို့ မနက် ၇ နာရီကနေ ည ၈ နာရီအတွင်း အဆောင် (၁) ရဲ့ပထမထပ်မှာရှိတဲ့ ဆေးကောင်တာသို့သွားရောက်ပြီး လိုအပ်တဲ့ဆေး၀ါးများကို ထုတ်ယူရမှာပဲဖြစ်ပါတယ်။ အတွင်းလူနာတွေအတွက်တော့ သက်တောင့်သက်သာရှိစေဖို့ရာ ငွေပေးချေမှုအပြင် ဆေးဝါးများ လာရောက်ပို့ဆောင်ခြင်းကိုပါ လူကြီးမင်းရဲ့ အခန်းထဲမှာပဲ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

Pharmacy