ပွင့်လင်းမြင်သာပြီး နားလည်ရလွယ်ကူသော ဆေးမှတ်တမ်းများ

 

Samitivej မှ လူနာရဲ့ ဆေးမှတ်တမ်းအပြည့်အစုံ တစ်စုံကို ဝမ်းမြောက်စွာဖြင့် ပေးအပ်လိုက်မှာပဲ ဖြစ်ပါတယ်။ အချက်အလက်အားလုံးကို ပါဝင်ပြည့်စုံအောင် ဆောင်ရွက်နိုင်ဖို့အတွက်လူကြီးမင်းရဲ့ ဆေးမှတ်တမ်းကို အလုပ်ဖွင့်ရက်အတွင်း ခုနှစ်ရက်မှ ဆယ်ရက်အထိ ကြိုတင်တောင်းခံဖို့ကိုတော့ မေတ္တာရပ်ခံအပ်ပါတယ်။ လူကြီးမင်းရဲ့ ဆေးကုသမှုဆိုင်ရာ အချက်အလက်တွေကို ထုတ်ပြန်ဖို့ရာ လူကြီးမင်းအနေနဲ့ သဘောတူညီချက်ကို စာဖြင့်ပေးရမှာဖြစ်ပြီး၊ ဓါတ်ပုံပါတဲ့ အထောက်အထားကဒ် တစ်ခုလည်း ပူးတွဲပါရမှာ ဖြစ်ပါတယ်။

 

ဓါတ်မှန် ဒါမှမဟုတ် ရိုက်ထားခဲ့တဲ့ အခြား ပုံရိပ်ဖေါ်စစ်ဆေးမှုတွေကို ကွန်ပျူတာဖိုင်အနေနဲ့လည်း ကျွန်တော်တို့ ပေးနိုင်ပါတယ်။ နောက်နောင်များမှာ အသုံးပြုဖို့ရာအတွက် ကျွန်တော်တို့ရဲ့ ဓါတ်မှန်စတာတွေကို မိတ္တူတစ်စုံ လိုချင်တယ်ဆိုရင်တော့ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြောစေလိုပါတယ်။

 

ဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အတွင်းလူနာတွေအတွက်တော့ လူကြီးမင်းရဲ့ဆေးကုသမှုနဲ့ ဆက်စပ်တဲ့ မှတ်တမ်းတွေအားလုံးကို ဆေးရုံဆင်းချိန်မှာ ရရှိနိုင်အောင် သေချာစွာ ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အချက်အလက်အားလုံးကို စုစည်းနိုင်ဖို့ရာ ကျွန်တော်တို့ကို အချိန်ပေးတဲ့အနေနဲ့ လူကြီးမင်းတို့က ဒီမှတ်တမ်းတွေကို ကြိုတင်တောင်းခံထားဖို့ကိုတော့ တကယ့်ကိုပဲ မေတ္တာရပ်ခံအပ်ပါတယ်။

medreport