အကြွင်းမဲ့ ကျန်းမာမှုအား အားပေးခြင်း

 

Samitivejရဲ့ ပန်းတိုင်ဟာ ကျွန်တော်တို့ရဲ့ လူနာတွေကို ပြန်လည်ကျန်းမာအောင် ကူညီဆောင်ရွက်ပေးဖို့ တစ်ခုတည်းတင်မဟုတ်ပဲ ရောဂါမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ရန် အသိပညာပေးဖို့လည်း ပါ၀င်ပါတယ်။ ကျွန်တော်တို့အနေနဲ့အချိန်တိုင်းမှာ ကာကွယ်စောင့်ရှောက်မှုကို အလေးထားဆောင်ရွက်ပြီး ကျန်းမာရေး ပညာပေးမှုကို ကြိုးပမ်းဆောင်ရွက်ပါတယ်။ ရောဂါများစွာနဲ့ သာမန်ဖျားနာမှုတွေဟာ လူနေမှုပုံစံကို ပြောင်းလဲလိုက်တာနဲ့ ရှောင်ရှားနိုင်၊ သက်သာနိုင် ပါတယ်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် လူတိုင်းဟာ ယခုထက်ပိုမိုကျန်းမာနိုင်ပါတယ်- ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ နည်းလမ်းကို ကျွန်တော်တို့ ပြောပြပေးချင်ပါတယ်။

 

လူကြီးမင်း ဘက်ပေါင်းစုံက ကျန်းမာဖို့အရေးကို အကောင်အထည်ဖေါ်ဖို့အတွက် လွယ်ကူတဲ့ အဆင့်တွေနဲ့ အချက်အလက်များစွာကို ပြည့်ပြည့်စုံစုံပံ့ပိုးပေးပါတယ်။ ကျွန်တော်တို့ဘက်မှ လူကြီးမင်းရဲ့ နေ့စဉ်စားသောက်နေတဲ့ အစာအဟာရ (အပြင်လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်းတွေ) ကို ဘယ်လို ပြုပြင်ပြောင်းလဲမယ်ဆိုတာကို လက်တွေ့ကျကျ စဉ်းစားအဖြေရှာပေးမှာပဲ ဖြစ်ပါတယ်။

 

ပိုပြီးတော့ကျန်းမာရေးနဲ့ ညီညွတ်အောင် စားဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုက ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘယ်လိုချက်ကြမလဲဆိုတာကို လေ့လာတာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ လူနာတွေကို အရသာရှိပြီး ကျန်းမာရေးနဲ့ညီတဲ့ ဟင်းချက်နည်းတွေကိုပါ လမ်းညွှန်ပေးနေရတာ ဖြစ်ပါတယ်။ စတင်လေ့လာသင့်တဲ့ နေရာကတော့ ပြည့်ဝအစေ့အဆန်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အဆီနည်းပြီး အသားဓါတ် ရရှိနိုင်တဲ့ အစားအသောက်တွေ များများပါဝင်တဲ့ ဟင်းချက်နည်းတွေကို အဓိကဖော်ပြတဲ့ 101coobooks.com လိုဝက်ဘ်ဆိုဒ်မျိုး ဒါမှမဟုတ် ကျန်းမာရေးကောင်းမွန်စေတဲ့ လူနေမှုပုံစံတွေကို အဓိကထားဖေါ်ပြပေးတဲ့ Healthy Green Kitchen လိုဝက်ဘ်ဆိုဒ်မျိုးတွေကနေ စတင်သင့်ပါတယ်။

 

ကျွန်တော်တို့ကျန်းမာရေးစင်တာရဲ့ ဝန်ထမ်းတွေဟာ လူပုဂ္ဂိုလ်တစ်ဦးစီကို ကျန်းမာရေး ဆွေးနွေးအကြံပေးမှုများဖြင့် ကူညီပံ့ပိုးပေးနိုင်ရန် ပြင်ဆင်ထားပါတယ်။ အထွေထွေရောဂါရှာဖွေဖို့အတွက် ကျွန်တော်တို့ဆီမှာ အချိန်မရွေး ဆောင်ရွက်နိုင်ပါတယ်။

 

 

 

Healthy