အိမ်ပြန်တော့မယ်

 

အောက်မှာဖေါ်ပြထားတာကတော့ အာမခံထားရှိတဲ့ လူနာဖြစ်စေ၊ မထားရှိတဲ့လူနာဖြစ်စေ အိမ်အပြန်(ဆေးရုံအဆင်း) မှာ ဆောင်ရွက်ရမယ့် အချက်အလက်များပဲ ဖြစ်ပါတယ်။ အောက်ပါတို့ကို လူကြီးမင်းတို့ ဆေးရုံစတက်တဲ့နေ့ ဒါမှမဟုတ် ဆေးရုံတက်နေစဉ် အတွင်းမှာ ဆွေးနွေးဖို့ လိုအပ်ပါတယ် – ဆေးကုသမှုဆိုင်ရာ အစီရင်ခံစာ၊ လေကြောင်းခရီးသွားရန် သင့်လျှော်ကြောင်း အထောက်အထား (လူကြီးမင်းအနေနဲ့ Suvarnabhumi အပြည်ပြည်ဆိုင်ရာ လေဆိပ်က စီးနင်းမယ်ဆိုရင် လိုအပ်ပါတယ်)၊ ရင်ခေါင်းဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ဒါမှမဟုတ် ကွန်ပျူတာဓါတ်မှန် (CT Scan) ရိုက်ထားတဲ့ စီဒီအခွေနဲ့ အိမ်တွင်ဆက်လက်သုံးစွဲရမည့် ဆေးများ (ရောင်စုံပုံနှိပ်ထားသော ညွှန်ကြားချက်ပုံစံနှင့်တကွ) တို့ပဲ ဖြစ်ပါတယ်။

 

အထက်မှာဖေါ်ပြထားတဲ့ စာရွက်စာတမ်းတွေ အပြင် အောက်ပါတို့ကိုလည်း ရောဂါအပေါ်မူတည်ပြီး ပြသရပါတယ်-ကျောရိုးခွဲစိတ်မှုမှတ်တမ်း (ကျောရိုးမကြီး ခွဲစိတ်ကုခံထားသော လူနာအတွက်)၊ ရက်ချိန်းစလစ်၊ ပြေစာ ဒါမှမဟုတ် ဘောက်ချာ (ကိုယ်တိုင်ပေးချေမှု ဒါမှမဟုတ် အာမခံဖြင့် ပေးချေမှုအတွက်)။

 

လေယာဉ်လက်မှတ်အတွက် လက်မှတ်ကြိုတင်ယူတာ၊ အတည်ပြုတာ ဒါမှမဟုတ် လက်မှတ်အသစ်ဝယ်တာတို့ကို ဆောင်ရွက်ဖို့အတွက် ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ ဖောက်သည်ဝန်ဆောင်မှုဌာနကို ဆက်သွယ်စေချင်ပါတယ်။

ပြန်လည်ပို့ဆောင်ပေးသော ဝန်ဆောင်မှု-ဒီဝန်ဆောင်မှုကတော့ ကုသပေးတဲ့ဆရာဝန်ရဲ့ အကြံပြုချက်အပေါ်မူတည်ပြီး လူနာရဲ့ အပြန်ခရီးစဉ်အတွက် လေယာဉ်ဆရာဝန် ဒါမှမဟုတ် လေယာဉ်သူနာပြု ပံ့ပိုးပေးတဲ့ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။