ဘာသာစကား အတားအဆီးများကို ကျော်ဖြတ်ကြပါစို့

 

ကျွန်တော်တို့ရဲ့ လူနာများအားလုံးဟာ သူတို့ရဲ့ ဆရာဝန်များနဲ့ ထိထိရောက်ရောက် ဆက်ဆံပြောဆိုနိုင်ဖို့ဆိုတာ ကျွန်တော်တို့အတွက် အလွန်ပင် အရေးကြီးပါတယ်။ ဒီကိစ္စကို အကောင်အထည်ဖေါ်ဖို့အတွက် ကျွန်တော်တို့မှာ ဘာသာစကားများစွာကို တတ်ကျွမ်းတဲ့ ဆေးရုံတွင်း စကားပြန်ဝန်ထမ်းအင်အား အမြောက်အများ ရှိနေပါတယ်။ အင်္ဂလိပ်ဘာသာစကား၊ ကိုရီးယားဘာသာစကား၊ မြန်မာဘာသာစကား၊ ဂျပန်ဘာသာစကားနဲ့ အာရဗီဘာသာစကားတို့ကို ပြောဆိုတဲ့ လူနာတွေအတွက် ပုံမှန်ရုံးချိန်(မနက် ၈ နာရီမှ ညနေ ၅ နာရီ) အတွင်း အခမဲ့စကားပြန်တွေနဲ့ ဝမ်းမြောက်ဝမ်းသာ ပံ့ပိုးကူညီပေးလျှက် ရှိပါတယ်။

 

ပုံမှန်ရုံးချိန်ပြင်ပအတွက် စကားပြန်ကိုလည်း ကျွန်တော်တို့မှ ဝမ်းပန်းတသာ စီစဉ်ပေးမှာဖြစ်ပေမယ့် ဒီအတွက်တော့ လူနာအပေါ် ထပ်ဆောင်းကုန်ကျစားရိတ်အနေနဲ့ ကျသင့်သွားမှာ ဖြစ်ပါတယ်။ ဆေးရုံမှ ရုရှားဘာသာ ဒါမှမဟုတ် တရုတ်ဘာသာ အစရှိတဲ့ အခြားဘာသာစကားတို့အတွက်လည်း စကားပြန်များ ပံ့ပိုးပေးနိုင်ပေမယ့် ဒီဘာသာစကားတွေအတွက်ကိုလည်း လူနာကပဲ ကျခံရမှာဖြစ်ပါတယ်။

 

LanguageInte