တည်းခိုရန်နေရာ

Samitivej အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးမှာ လူနာများအတွက် အခန်းအမျိုးမျိုး ထားရှိပြီး အခန်းအားလုံးမှာလည်း ခေတ်ပေါ် အသုံးအဆောင်များနဲ့ ပရိဘောဂများ ပါရှိပါတယ်။ ရွေးချယ်စရာတွေကတော့ သက်တောင့်သက်သာရှိလှတဲ့ Superior အခန်းတွေကနေ ခမ်းနာထည်ဝါလှတဲ့ Presidential Suite တွေအထိ စုံလင်လှပါတယ်။ ကျွန်တော်တို့ဆီမှာ ရှိတဲ့ရွေးချယ်စရာတွေအနက်က တစ်ချို့ကတော့ –

 

Samitivej-Hospital-Ward

 

Presidential Suite

ကျွန်တော်တို့ရဲ့ အခန်းတွေထဲက ဇိမ်ခံပစ္စည်းတွေနဲ့ အပြည့်စုံဆုံးအခန်းဖြစ်တဲ့ စတုရန်းမီတာ ၈၀ ကျယ်၀န်းတဲ့ ဒီအခန်းဟာ ပြန်လည်ကျန်းမာလာဖို့အတွက် ပြိုင်ဘက်ကင်းလောက်အောင်ကို ဇိမ်ကျတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပါတယ်။ တစ်ဆက်တည်းရှိတဲ့ အခန်းတွေနဲ့ အိပ်ယာအပိုတွေကြောင့် နေရာတွေ အများကြီးရှိပြီး ဧည့်သည်တွေအတွက်လည်း သက်တောင့်သက်သာရှိစေမှာပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဖန်သားပြင်နဲ့ ရုပ်မြင်သံကြားစက်နှစ်လုံး၊ ရေချိုးခန်း နှစ်ခု၊ တယ်လီဖုန်း နှစ်လုံးနဲ့ တစ်ခြား အသုံးအဆောင်တွေဟာ လူနာအတွက်တော့ တက်ရောက်ကုသနေစဉ်အတွင်း ကျေနပ်စရာ အကောင်းဆုံးဖြစ်မှာပါ။

 

President

ကျယ်ပြန့်လှတဲ့ စတုရန်းမီတာ ၇၀ အရွယ်အစားရှိတဲ့ President အခန်းကိုတော့ အေးချမ်းပြီး ခန့်ညားတဲ့ အငွေ့အသက်ရရှိစေဖို့အတွက် ဂန္တဝင်ဆန်တဲ့ သစ်သားပရိဘောဂတွေနဲ့ အားဖြည့်ပေးပါတယ်။ တက်ရောက်ကုသနေချိန်အတွင်း ချစ်ခင်ရတဲ့သူတွေနဲ့ နီးနီကပ်ကပ်နေချင်တဲ့ မိသားစုဝင်တွေအတွက်တော့ ဆက်သွယ်ထားတဲ့ အခန်းတွေပါ၀င်တဲ့ ယခုအခန်းဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ ဖန်သားပြင်နဲ့ ရုပ်မြင်သံကြားစက်နှစ်လုံး၊ မေတ္တာလက်ဆောင် ရေပန်းတွေနဲ့ ရေချိုးခန်း နှစ်ခန်း၊ ဟင်းလင်းပြင်ထား ပရိဘောဂတွေနဲ့ ကျယ်ဝန်းလှတဲ့ လသာဆောင်၊ အိပ်ယာအပိုတစ်လုံးအပါအဝင် အပိုမွမ်းမံမှုတွေနဲ့ အားလုံးသော အခြေအခံအသုံးအဆောင်တွေဟာ ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်ပါလိမ့်မယ်။

 

VIP

VIP အခန်းတွေရဲ့ အကျယ်အဝန်းဟာ နေရာအပေါ်လိုက်ပြီး ၇၄ စတုရန်းမီတာကနေ ဧရာမအရွယ် ၈၄ စတုရန်းမီတာအထိ အမျိုးမျိုး ရှိနိုင်ပြီး ကျေနပ်ဖွယ်၊ နှစ်လိုဖွယ် ပြန်လည်ကျန်းမာလာဖို့ နေရာတစ်ခုကို ဖန်တီးပေးပါတယ်။ သီးသန့်အခန်းတွေဟာ အလည်လာတဲ့ မိသားစုနဲ့ ဆွေမျိုးတွေအတွက်တော့ အိမ်အလားခံစားရစေဖို့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နွေးထွေးလှတဲ့ ပတ်ဝန်းကျင်လေးမှာ ဧည့်သည်ရေချိုးခန်းနဲ့ ဖန်သားပြင်ကြီးမားတဲ့ ရုပ်မြင်သံကြားစက်နှစ်လုံး ထည့်ပေးထားတဲ့အပြင် ဧည့်သည်များ သက်တောင့်သက်သာ အိပ်စက်အနားယူဖို့အတွက် အိပ်ယာအပိုတစ်လုံးကိုပါ တစ်ပါတည်း ထပ်ဆောင်းထည့်ပေးထားပါတယ်။

 

Deluxe

Deluxe အခန်းမှာတော့ Superior အခန်းမှာပါ၀င်တဲ့ ပုံမှန်အသုံးအဆောင်တွေ အားလုံးပါဝင်ပြီး နေရာပိုမိုကျယ်ဝန်းကာ သေခြာစဉ်းစားပြီး ထည့်ထားပေးတဲ့ အပိုလေးဆောင်းလေးတွေလည်း ထပ်ပြီးတော့ ရှိနေပါသေးတယ်။ ဟင်းလင်းပြင်ထား ပရိဘောဂတွေနဲ့ လသာဆောင်ကတော့ အနားယူဖို့အတွက် သက်တောင့်သက်သာရှိလှတဲ့ နေရာတစ်ခုကို ဖန်တီးပေးပြီး လူနာများ ပိုမိုအဆင်ပြေပြေ နေထိုင်နိုင်ဖို့အတွက် ရုပ်မြင်သံကြားစက်၊ အခမဲ့ အဖျော်ယမကာနဲ့ နိုင်ငံတကာ သတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းတို့ကိုပါ ထည့်ပေးထားပါတယ်။ Deluxe အခန်းတွေရဲ့ အကျယ်အဝန်းကတော့ နေရာအပေါ်မူတည်လို့ ၄၅ စတုရန်းမီတာ ကနေ ၅၄ စတုရန်းမီတာအထိ ရှိပါတယ်။

 

Superior

ကျွန်တော်တို့ရဲ့ Superior အခန်းတွေမှာတော့ မရှိမဖြစ် လိုအပ်တဲ့ အသုံးအဆောင်တွေ အားလုံးပါဝင်ပြီး အနည်းငယ်တောင် ပိုနေပါသေးတယ်။ ဒီအခန်းတွေရဲ့ အကျယ်အဝန်းကတော့ နေရာအပေါ်မူတည်ပြီး ၃၇ စတုရန်းမီတာကနေ ၄၂ စတုရန်းမီတာအထိ ရှိပြီး ရုပ်မြင်သံကြားစက်၊ သက်တောင့်သက်သာရှိတဲ့ ပရိဘောဂတွေအပြင် အပိုဆောင်းအနေနဲ့ နေ့စဉ်အဖျော်ယမကာနဲ့ နိုင်ငံတကာသတင်းစာ ဒါမှမဟုတ် မဂ္ဂဇင်းတစ်စောင် စတာတွေကို ထားရှိပေးထားပါတယ်။

 

I.C.U.

ဒီအထူးကြပ်မတ်ကုသခန်းတွေဟာ ရောဂါပြင်းထန်တဲ့လူနာတွေ ဒါမှမဟုတ် အရေးပေါ်အခြေအနေဖြစ်နေတဲ့ လူနာတွေအတွက် သီးသန့်ထားရှိပေးထားတဲ့ သီးသန့်ခန်းများပဲ ဖြစ်ပါတယ်။ ဒီအခန်းတွေဟာ အပိုဆောင်း ပြုစုစောင့်ရှောက်ကုသမှု လိုအပ်နေတဲ့ လူနာတွေကို ထားရှိဖို့ နောက်ဆုံးပေါ် ဆေးပညာဆိုင်ရာ နည်းပညာပစ္စည်းတွေနဲ့ အထူးတလည် တပ်ဆင်ထားပါတယ်။

အစားအသောက်နဲ့ သူနာပြုဆိုင်ရာ ရွေးချယ်စရာများ အပါအဝင် အခန်းတွေရဲ့ ဈေးနှုန်းစာရင်း အပြည့်အစုံကို သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုဌာန (Customer Service) ကို ကျေးဇူးပြုပြီး ဆက်သွယ်စေလိုပါတယ်။

* ဈေးနှုန်းများသည် အခန်းခကိုသာ ဖေါ်ပြထားခြင်းဖြစ်ပြီး ဆေးဝါးကုသမှုနှင့် အခြားကုန်ကျစရိတ်များ မပါဝင်ပါ။