အချိန်မရွေး အသုံးပြုနိုင်ပါတယ်

 

လူနာခန်းတိုင်းမှာ ဖုန်းများ ထားရှိပေးပြီး မိတ်ဆွေများနဲ့ မိသားစုကို လွယ်လွယ်ကူကူ ဆက်သွယ်လို့ရအောင် Samitivej မှ စီစဉ်ပေးထားပါတယ်။ လူနာနဲ့ ဆက်သွယ်နိုင်ဖို့အတွက်ကတော့ လူနာတက်ရောက်ဆေးကုသနေတဲ့ ဆေးရုံရဲ့ ပင်မနံပါတ်ကိုသာ ရိုးရှင်းလွယ်ကူစွာနဲ့ ခေါ်ဆိုလိုက်ရုံပါပဲ။ လူကြီးမင်းတို့အနေနဲ့ ကျွန်တော်တို့ ဝန်ထမ်းတစ်ဦးနဲ့ ဆက်သွယ်မိပြီဆိုရင် လူနာရဲ့အခန်းနဲ့ ချိတ်ဆက်ပေးဖို့အတွက် ကျေးဇူးပြုပြီး လူနာရဲ့ အမည်အပြည့်အစုံကို ပြောပေးစေလိုပါတယ်။ ကျွန်တော်တို့ရဲ့ ဆေးရုံတွေကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် –

 

  • Samitivej Sukhumvit ဆေးရုံကြီး – +၆၆ (၀) ၂၇၁၁-၈၁၈၁
  • Samitivej Srinakarin ဆေးရုံကြီး – +၆၆ (၀) ၂၃၇၈-၉၀၀၀
  • Samitivej Thonburi ဆေးရုံကြီး – +၆၆ (၀) ၂၄၃၈-၉၀၀၀
  • Samitivej ကလေး ဆေးရုံကြီး – +၆၆ (၀) ၂၃၇၈-၉၀၀၀
  • Samitivej Sriracha ဆေးရုံကြီး – +၆၆ (၀) ၃၈၃၂-၀၃၀၀

 

ဆေးရုံအတွင်းမှာရှိတဲ့ ဖုန်းတွေအားလုံးဟာ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်ပါတယ်။ ပြည်တွင်း ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ခေါ်ဆိုမှုတွေ ပြုလုပ်ဖို့ လူနာတွေဟာ အော်ပရေတာနံပါတ် (၀) ကို ခေါ်ဆိုပြီးတော့ အကူအညီရယူရပါမယ်။ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ ခေါ်ဆိုမှု နှစ်မျိုးလုံးအတွက် သက်ဆိုင်ရာ အဖိုးအခတွေ ရှိတယ်ဆိုတာကိုတော့ လူနာများအနေနဲ့ သတိမူသင့်ပါတယ်။

 

Telephone