ကျွန်တော်တို့နဲ့ ရှိနေစဉ်အတွင်း သင်မျှော်လင့်နိုင်သော အရာများ

 

Samitivej Sukhumvit Hospital

Samitivej အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးမှာ ကျွန်တော်တို့နဲ့အတူ ရှိနေစဉ်အတွင်း လူကြီးမင်းတို့အတွက် ပိုမိုသက်တောင့်သက်သာ ရှိစေဖို့ရာ ရွေးချယ်စရာ အခန်း အစုံအလင်ကို ဆောင်ရွက်ပေးထားပါတယ်။ ဒါမှမဟုတ် လူကြီးမင်းနဲ့ လူကြီးမင်းတို့ရဲ့ မိသားစုဟာ ဘန်ကောက်မြို့ရဲ့ မြောက်များစွာသော ဟိုတယ်များ အနက်က တစ်ခုခုမှာ တည်းခိုဖို့ ဆန္ဒရှိကောင်းလည်း ရှိနိုင်ပါတယ်။ ဘဏ္ဍာရေး အခြေအနေအမျိုးမျိုးနဲ့ အကြိုက်အမျိုးမျိုးတို့အတွက် များပြားလှတဲ့ ရွေးချယ်စရာတွေဟာ ဆေးရုံကြီးရဲ့ အနီးအနားတစ်ဝိုက်မှာတင်ပဲ အဆင်ပြေပြေနဲ့ ရှိနေပါတယ်။ တကယ်လို့များ လူကြီးမင်းဟာ ရက်ဝေးမြေခြားကနေ လာရောက်ရတယ်ဆိုရင်တော့ ထပ်ဆောင်း အချက်အလက်တွေ သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပြည်ပလူနာ ကဏ္ဍ ကို ကြည့်ဖြစ်အောင် ကြည့်စေချင်ပါတယ်။

 

ကျွန်တော်တို့ရဲ့ လူနာများအနေနဲ့ အိမ်မှာကျန်ရစ်ခဲ့တဲ့ ချစ်ခင်ရသူများနဲ့ အဆက်အသွယ်မပြတ်စေဖို့ရာ ကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ အခန်းတွေအားလုံးမှာ အင်တာနက် အခမဲ့ အသုံးပြုခွင့် နဲ့ ဖုန်းများ ထားရှိပေးထားပါတယ်။  လူနာများနဲ့ ဆရာဝန်များအကြား ဆက်ဆံပြောဆိုမှုတွေ ထိထိရောက်ရောက် ပြုလုပ်နိုင်ဖို့ရာ ဘာသာစကားပေါင်းများစွာအတွက်ကို စကားပြန် ဝန်ဆောင်မှုများ အခမဲ့ထားရှိပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ လူနာတွေဟာ သူတို့နေထိုင်ချိန်အတွင်းမှာ ဆေးရုံအတွင်းရှိ စားသောက်ဆိုင်များနှင့် အရောင်းဆိုင်များ မှာလည်း သွားရောက်ဝယ်ယူနိုင်ကြပါတယ်။