အာမခံနှင့် ပတ်သက်သမျှ
ကျန်းမာရေးအာမခံနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဆောင်ရွက်ရာမှာ ရှုပ်ထွေးနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းကြီး သိထားပါတယ်။ ဒါကြောင့်ပဲ လူကြီးမင်းတို့ လွယ်ကူအဆင်ပြေအောင် အသေးစိတ်ကိစ္စတွေကို စီစဉ်ဆောင်ရွက်ပြီးကူညီပေးဖို့အတွက် ကျွန်တော်တို့မှာ သီးသန့်အဖွဲ့တစ်ဖွဲ့ထားရှိပါတယ်။ လူကြီးမင်းရဲ့ အာမခံဟာ လူကြီးမင်းရဲ့ဆေးကုသမှုအတွက် လုံလောက်မှုရှိနိုင် မရှိနိုင်ကို သိရှိလိုတယ်ဆိုရင်တော့ လူကြီးမင်းရဲ့ အာမခံကဒ်ပြားနဲ့ ဓါတ်ပုံပါတဲ့ အထောက်အထားကဒ်တစ်ခုရဲ့ မိတ္တူကို ကျွန်တော်တို့ရဲ့ အာမခံဌာနထံသို့အီးမေးလ်ပို့ပေးလိုက်ရုံပါ။
ကျွန်တော်တို့ရဲ့ အာမခံဌာနဟာ အင်္ဂလိပ်ဘာသာနဲ့ဖြစ်စေ၊ ထိုင်းဘာသာနဲ့ဖြစ်စေ စုံစမ်းမေးမြန်းလာတဲ့ မေးခွန်းတွေကို ဝမ်းမြောက်ဝမ်းသာ ဖြေကြားပေးမှာ ဖြစ်ပါတယ်။
လက်ခံထားတဲ့အာမခံကုမ္ပဏီတွေရဲ့ စာရင်းအပြည့်အစုံ ဖေါ်ပြပေးထားပြီး အောက်မှာ ကြည့်ရှုနိုင်ပါတယ် –
အင်္ဂလိပ်ဘာသာနဲ့ မေးခွန်းတွေအတွက် ကျေးဇူးပြုပြီး အောက်ပါဖုန်းနံပါတ်နဲ့ လိပ်စာကို ဆက်သွယ်ပေးပါ –
ဖုန်း – +၆၆ (၀) ၂ ၇၁၁၈၈၀၆
အီးမေး -svhinterinsurance@samitivej.co.th
ထိုင်းဘာသာနဲ့ မေးခွန်းတွေအတွက် ကျေးဇူးပြုပြီး အောက်ပါဖုန်းနံပါတ်နဲ့ လိပ်စာကို ဆက်သွယ်ပေးပါ –
ဖုန်း – +၆၆ (၀) ၂၇၁၁၈၈၀၅
အီးမေး -svhtrd@samitivej.co.th
အခြား အသုံးဝင် လင့်များ –